41-42

50 2 0
                                    

ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း

အပိုင်း (41) နတ်ဆိုးတော်လှန်ရေးတပ်မတော်

       အဆင့် A မြေနတ်ဆိုးအားသတ်ဖြတ်ခြင်းအတွက်ဆုလာဒ် - 20000မှတ်
      
       နတ်ဆိုးများကိုသတ်ဖြတ်ခြင်းအတွက်ဆုလာဒ် - 10000မှတ်
      
       အဆင့်နှစ်ဆင့်ကျော်ဖြတ်သတ်ဖြတ်ခြင်းအတွက်ဆုလာဒ် - 1000%
      
       စုစုပေါင်းရမှတ် -330000 မှတ်
      
       ချူဖုန်း ကရွှေအဆင့်စာရင်း၏ အသံအားနားထောင်ရင်း နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။ ထိုနတ်ဆိုးကို သတ်ခြင်းက သွေးသရဖူသားရဲဘုရင် လောက်တောင် မရဘဲ အမှတ် 20000 သာရရှိခဲ့သည်။ကူပိုချီက A အဆင့်တစ်ကောင်ဖြစ်သည်။
      
       နတ်ဆိုးကသူ့ခွန်အားအကုန်ထုတ်မသုံးလိုက်လို့များလား၊ဘာပဲဖစ်ဖြစ်ပါ နတ်ဆိုးကိုသတ်ဖြတ်ခြင်းအတွက်ရွှေအဆင့်စာရင်းကပေးသောအပိုဆုကြေးနှင့်ဆိုလျှင် သားရဲဘုရင်နှင့်တူညီသွားပြီဖြစ်သည်။
      
       ရွှေအဆင့်စာရင်းက လူသားများကိုနတ်ဆိုးများအားရှာဖွေသတ်ဖြတ်ရန်တွန်းအားပေးနေပုံရသည်။နောက်ဆုံးမှာတော့လူသားမျိုးနွယ်ရဲ့အကြီးမားဆုံးရန်သူကနတ်ဆိုးများပင်ဖြစ်သည်။
      
       နှစ်ဆင့်မြင့်သော နတ်ဆိုးအားသတ်လိုက်ခြင်း ဆယ်ဆ ဆုလာဒ်ဖြင့် အမှတ် 330000 ကိုရရှိလိုက်ပြန်ပြီ။
      
       ရွှေစာရင်းမှဆုလာဒ်အားချူဖုန်းနားထောင်နေစဥ် အတွင်းမြို့ထဲမှ အလွန်စွမ်းအားကြီးသော အရှိန်အဝါတစ်ခုအားအာရုံခံမိလိုက်သည်။
      
       နတ်ဆိုးမျိုးနွယ်ရဲ့အဆင့်မြင့်လူများကဒီနေရာမှဖြစ်ပျက်နေပုံကိုသိသွားဟန်ရသည်။
      
       ချူဖုန်းက ကူကယ်ရာမဲ့စွာပုခုံးတွန့်လိုက်မိသည်။သူက အဆင့် A နတ်ဆိုးကိုသတ်လိုက်နိုင်သော်လည်းထိုလူများကိုသတ်နိုင်မည်ဟုမဆိုလို။
      
       သူထွက်ပြေးရန်သာကျန်တော့သည်။ချူဖုန်း ကသူ ထွက်မသွားခင် သူ့ဘေးမှ ဘရော့နှင့် ခြင်္သေ့ဦးခေါင်းသားရဲအားလှည့်ကြည့်လိုက်သည်။ A အဆင့် နှင့် B အဆင့်တစ်ယောက်။
      
       ထိုသူနှစ်ဦးကလည်းချူဖုန်း၏အကြည့်ကြောင့်တုန်လှုပ်သွားကြသည်။ ဘရော့က
      
      " သခင်"
     
       ချူဖုန်းကလက်ခါပြလိုက်သည်။သူ့တွင်နားထောင်ရန်အချိန်မရှိပေ။အနည်းငယ်စဥ်းစားပြီးနောက်တွင် ဝိညာဥ်စွမ်းအင်ဖြင့်ဘရော့၏နားထဲသို့အသံပို့လွှတ်လိုက်သည်။
      
       "အခွင့်အရေးရ ရင်မင်းကိုငါလာရှာမယ်၊ငါ့ကိုစောင့်နေ"
      
       ထို့နောက်ချူဖုန်းကလျှင်မြန်စွာထွက်ခွာသွားသည်။သူပြန်ထွက်မလာခင်မြို့တွင်း၌နာရီဝက်မျှသာနေခဲ့ရသည်။
      
       ဒီကိစ္စနှင့်ပတ်သတ်၍ချူဖုန်းလည်းဘာမှမတက်နိုင်ပေ။သူထွက်ခွာမလာခင် ဘရော့ဆီကနေ ရင်းနှီးနေတဲ့အငွေ့အသက်တစ်ခုကိုရလိုက်မိတာကြောင့် ထိုစကားအားပြောလိုက်ခြင်းဖြစ်သည်။
      
      သူမှတ်မိတာ သာမှန်ရင် အရင်ဘဝက သိခဲ့ဖူးသော နတ်ဆိုးတော်လှန်ရေးတပ်မတော် ဖြစ်ရမည်။
     
       နတ်ဆိုးတော်လှန်ရေး တပ်မတော်က နတ်ဆိုးများကိုပုန်ကန်သောသူပုန်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း(1 to ongoing)Where stories live. Discover now