163-164

39 2 0
                                    

ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း

အပိုင်း (163)

       ချူဖုန်းက အချိန်ဆွဲခြင်းမရှိပဲ ကမ်းခြေသို့ပျံသန်းလိုက်သည်။
      
       သူ့ကို ကာကွယ်ပေးပါမည်ဟု ကျိန်ဆိုခဲ့သော လူသန်ကြီးသုံးယောက်ကတော့ ဘယ်သောင်ဘယ်ကမ်းရောက်နေမှန်းမသိတော့ပေ။
      
       ကံကောင်းထောက်မစွာပင် ချူဖုန်းက သူ့၏ မျှော်လင့်ချက်များကို ထိုလူများပေါ်တွင် ပုံအောကာ မထားခဲ့ပေ။
      
       ချူဖုန်းက ကမ်းခြေသို့ပြန်အရောက်တွင် ထိုင်ချလိုက်ကာ သွေးမျိုးဆက်နှစ်ခု၏ မွေးရာပါစွမ်းရည်များကို စတင်လေ့လာလိုက်တော့သည်။
      
       သွေးမျိုးဆက်နှစ်ခု၏ ဥပဒေသများက ချူဖုန်း အတွက် တိုက်ရိုက်ဖန်တီးထားသလိုပင် ၊ သူအသုံးပြုလိုပါက ချက်ချင်းအသုံးပြု၍ ရနိုင်သည့် ခံစားချက်ကို ရနေသည်။
      
       ထိုစွမ်းအားများက သူ့၏ စိတ်ဝိညာဥ် အတွင်းနက်ထဲထိ ရိုက်နှိပ်ပေးထားသလိုပင် ၊ မွေးရာပါစွမ်းရည်ဆိုသည့် စကားလုံးနှင့် အမှန်တကယ်ထိုက်လွန်လွန်းလှသည်။
      
       နောက်လိုက်ပျိုးထောင်ခြင်း နှင့် ကိုယ်ပွားသန့်စင်ခြင်းက စတင်အသုံးပြုမိလျှင်ရပ်တန့်မရသော အရာများဖြစ်သောကြောင့် ချူဖုန်းက အသုံးမချရသေးခင် အလုံးစုံနားလည် သဘောပေါက်ရန် ကြိုးစားလိုက်သည်။
      
         ပျက်စီးခြင်းသွေးမျိုးဆက်၏ ပထမဆုံးမွေးရာပါစွမ်းရည် - နောက်လိုက်ပျိုးထောင်ခြင်း
        
         ချူဖုန်းက သူ့၏ ကိုယ်ရေးအကျဥ်းမှ စွမ်းရည် အသေးစိတ်ကိုကြည့်ရှုလိုက်သည်။

         နောက်လိုက်ပျိုးထောင်ရန် ကျန်ရှိသောအရေအတွက် - 3 ( သွေးမျိုးဆက်စွမ်းအင် အား ကျွမ်းကျင်မှုအလိုက် တိုးတက်လာနိုင်သည်။
        
         နောက်လိုက်ပျိုးထောင်ခြင်း ထူးခြားချက် - ဝါးမျိုခြင်း ( သခင် ထံမှ စွမ်းအင်ကို မျှဝေနိုင်ပြီး သခင် ထက်အနည်းငယ်အားနည်းသည်။)     
        
      နောက်လိုက်ပျိုးထောင်ခြင်း ထူးခြားချက် 2 - ထိန်းချုပ်ခြင်း ( နောက်လိုက်၏ ခန္တာကိုယ်အထဲတွင် သခင်ဖြစ်သူက လွတ်လပ်သော ဝိညာဥ်တစ်ခုကို ထည့်သွင်းထားနိုင်ကာ ထိုသူ၏ သေခြင်းရှင်ခြင်းကိုထိန်းချုပ်နိုင်သည်။ )
     
      လက်ရှိချိန်တွင်တော့ ထူးခြားချက်နှစ်ခုတည်းသာရှိသေးသည်။
     
      ဝါးမျိုခြင်းနှင့် ထိန်းချုပ်ခြင်း
     
      မိတ်ဆက်များက အလွန်ရိုးရှင်းပြီး သာမန်ဆန်သော်လည်း ထိုအခိုက်အတန့်တွင် ချူဖုန်းက နေရာ၌ပင် လုံးဝကို ကြောင်အနေသည်။   
     
      ချူဖုန်းက ကူကယ်ရာမဲ့စွာ အသက်ကိုပြင်းပြင်းရှုလိုက်မိသည်။
     
      ပထမထူးခြားချက်ဖြစ်သော ဝါးမျိုခြင်းကို ချူဖုန်းက သူ့အရင်ဘဝ ကမြင်ဖူးသည်။
     
      ဝါးမျိုခြင်းစွမ်းအင်ကို ပိုင်ဆိုင်ထားသော ကောင်းကင်ဝါးမျိုမဟာပညာရှိက သူ့၏ အထွဋ်အထိပ်အချိန်တွင် နာမည်တစ်လုံးကိုရေးထိုးနိုင်ခဲ့သည်။
     
      ကောင်းကင်ဝါးမျိုမဟာပညာရှိ ပိုင်ဆိုင်ထားသည့် ဝါးမျိုခြင်းသွေးမျိုးဆက်မှာ ပျက်စီးခြင်းသွေးမျိုးဆက်၏ လက်အောက်ခံ သွေးမျိုးဆက်ခွဲတစ်ခုဖြစ်သည်။
     
      ထိုအကြောင်းအရာကို ချူဖုန်းက သိနေခဲ့သောကြောင့် မအံသြမိသော်လည်း ဒုတိယ ထူးခြားချက်ကတော့ မမျှော်လင့်ထားသည့်အရာတစ်ခုပင် ။
     
      ထိန်းချုပ်ခြင်းစွမ်းရည်။
     
      ထိုစွမ်းရည်က ကျွန်စာချုပ်နှင့် မတူညီပဲ ထိန်းချုပ်ခံထားရသောသူ ၏ ဝိညာဥ်စွမ်းအင်မှာ လွတ်လပ်နေလိမ့်မည်။ထိန်းချုပ်ခံထားရသူ၏ အလားအလာကို အမြင့်ဆုံးပြသနိုင်လိမ့်မည်။
     
      ဂျီးနီးယပ်တစ်ယောက်အတွက် စိတ်ရောကိုယ်ပါ လွတ်လပ်နေမှုက သူ့အတွက် အကောင်းဆုံးအရာဖြစ်သည်။
     
      ဂျီးနီးယပ်တစ်ယောက်ကို အတင်းအကျပ်ထိန်းချုပ်ထားပါက သူ့၏ ကြီးထွားနိုင်စွမ်းက ရှိနေမည်ဖြစ်သော်လည်း သူ့၏ ကြီးထွားမှု ကန့်သတ်ချက် ၊ အမြန်နှုန်းနှင့် အလားအလာတို့က ပျက်စီးသွားလိမ့်မည်။
     
      သူ့၏ နဂိုမူရင်းရှိနေသော အလားအလာများကို မပြနိုင်ကာ သူ့ကြီးထွားနှုန်း ရပ်တန့်သွားသည်လည်း ဖြစ်နိုင်သည်။
     
      အတိုချုပ်ပြောရလျှင် သူက လွတ်လပ်သော လူတစ်ယောက်မဟုတ်တော့ပဲ သူ့၏ အရာရာတိုင်းက သူ့သခင်၏ လက်အောက် သို့ရောက်နေလိမ့်မည်။
     
      သို့သော်လည်း နောက်လိုက်သွေးမျိုးဆက်ကတော့ ထိုအရာများနှင့် မတူကွဲပြားလှသည်။စာချုပ်ချုပ်ဆိုခြင်းနှင့် မတူညီပဲ သခင်နှင့် ကျွန် ဆက်ဆံရေးမဟုတ်ပေ။
     
      ထိန်းချုပ်ခံထားရသည့်လူ ၏ ဝိညာဥ်မှာ လွတ်လွတ်လပ်လပ်ဖြစ်နေမည်ဖြစ်သော်လည်း ကန့်သတ်ချက်အချို့တော့ရှိနေလိမ့်မည်။
     
      ထိန်းချုပ်နိုင်စွမ်းတစ်ခုတည်းက ပင်တန်ဖိုးမဖြတ်နိုင်အောင်ဖြစ်နေသော် လည်း ကံမကောင်းစွာပင် လူသုံးယောက်စာသာ ရှိနေခဲ့သည်။
     
      သို့သော်လည်း သူ့၏ သွေးမျိုးဆက် စွမ်းအားတိုးလာသည်နှင့်အမျှ ပိုမို၍ ရရှိလာမည်ဖြစ်ရာ ဒါက သူ့ကိုယ်ပိုင်တပ်ဖွဲ့ထူထောင်ချင်သော ချူဖုန်းအတွက်တော့ ကောင်းကင်မှပေးသည့် လက်ဆောင်တစ်ခုဖြစ်သည်။
     
      သို့သော်လည်း ချူဖုန်းက ဒါကို အသုံးမပြုခင် သူထိန်းချုပ်မည့် လူများကို အားသာချက်နှင့် အားနည်းချက်များကို သေချာရှင်းပြမည် ဖြစ်ပြီး အတင်းအကျပ်အင်အားသုံးကာ မလုပ်ခိုင်းပေ။
     
      သူ့ လက်အောက်မှ လူများက စွမ်းအားတိုးရန် ဖြတ်လမ်းနည်းကို လိုချင်ရင် တစ်စုံတစ်ခုတော့ပေးဆပ်ရလိမ့်မည်။ အလကားပေးရအောင် သူက ပရဟိတလုပ်နေခြင်းမဟုတ်ပေ။
     
      သူက အနာဂတ်တွင် အဖွဲ့တစ်ခုထူထောင်သည့်အချိန်တွင် အရင်းအမြစ်ခွဲဝေမှုက သေချာပေါက်ကွာခြားလိမ့်မည်။ သဘာဝအတိုင်းပင် သူယုံကြည်ရသော လူများ၏ အရင်းအမြစ်က ပိုရမည်ဆိုသည်မှာ ဗေဒင် မေးစရာပင်မလို အပ်ပေ။
     
      ဘာကန့်သတ်ချက်မှ ရှိမနေပဲ အရင်းအမြစ် အများအပြားကို ရယူရန်က မဖြစ်နိုင်ပေ။ မဟုတ်လို့ သူတို့က တစ်ခြားသို့ထွက်သွားလျှင် ဒါမှမဟုတ် တခြားလူတစ်ယောက်နှင့် ချိတ်ဆက်မိသွားလျှင် ချူဖုန်းက တိုင်ပတ်နေလိမ့်မည်။
     
      လူ့ သဘောသဘာဝကိုစမ်းသပ်ရန် စိတ်မဝင်စားသလို လူ့ သဘောသဘာဝက စူးစမ်းရန်လည်း မဖြစ်နိုင်ပေ။
     
      အစပိုင်းတွင် ဗီလိန်တစ်ယောက်အဖြစ်ခံပြီး ပွင့်ပွင့်လင်းလင်းပြောပြီးမှသာ နောက်ပိုင်း၍ လူကြီးလူကောင်းဆန်ဆန်နေရလိမ့်မည်။
     
      ချူဖုန်းက သူ့စိတ်လှုပ်ရှားမှုများကို မျိုသိပ်ထားလိုက်သည်။
     
      ချူဖုန်းက လက်အောက်ခံမွေးမြူခြင်းစွမ်းရည်ကို လောလောဆယ်အသုံးပြုရန်မစဥ်းစားထားပေ။
     
      သုံးပြီးလို့မှ အချိန်ကန့်သတ်ချက်နဲ့ ဆိုဘယ်လို လုပ်မလဲ ?
     
      ထိုအတွက် သူ့တွင် လတ်တလော စမ်းသပ်စရာလူရှိမနေပေ။
     
      ထို့ကြောင့် ချူဖုန်းက တစ်ခြားသော မွေးရာပါစွမ်းရည်တစ်ခုအားကြည့်လိုက်မိသည်။
     
      ရှေးခေတ်မသေမျိုးသွေးမျိုးဆက် ပထမဆုံး မွေးရာပါစွမ်းရည် - ကိုယ်ပွားသန့်စင်ခြင်း
     
      ထူးခြားချက် - ရိုးရိုးကိုယ်ပွား ( မူလခန္တာကိုယ်၏ အင်အား 50% ကိုရရှိမည်ဖြစ်ကာ သွေးမျိုးဆက်စွမ်းအင် တိုးပွားလာသည်နှင့်အမျှ တိုးတက်လာနိုင်သည်။
     
      ထူးခြားချက် 2 - မသေမျိုးကိုယ်ပွား ( ဖျက်စီးခံလိုက်ရပါက သတ်မှတ်ထားသော အချိန်ပြည့်ပါက ပြန်လည်မွေးဖွားလာနိုင်သည်။
     
      ထူးခြားချက် 3 - မျှဝေခြင်း ( ကိုယ်ပွားသည် ကိုယ်တိုင်ကျင့်ကြံနိုင်သည့် အပြင် ကိုယ်ပွား ထိတွေ့ခံစားရသမျှ ကို ပင်မခန္တာကိုယ်နှင့် မျှဝေခံစားနိုင်သည်။
     
      လခွမ်း
     
      ရှေးခေတ်မသေမျိုးသွေးမျိုးဆက်၏ ထူးခြားချက်များကို ဖတ်ရှုပြီးသည်နှင့် ချူထုန်းက သူ့ နှလုံးသား တစိခုလုံး ဒရမ်တီးနေသလို ခုန်ပေါက်နေကြောင်း ခံစားလိုက်ရသည်။
     
      ချူဖုန်းက ပျက်စီးခြင်းသွေးမျိုးဆက်ကြောင့် တစ်ခါထိတ်လန့်ပြီးပြန် အဆင်ပြေသွားသော်လည်း ရှေးခေတ်မသေမျိုးသွေးမျိုးဆက်ကို ၏ ထူးခြားချက်များကို ဖတ်ရှုပြီးသည်နှင့် သူ့စိတ်ခံစားချက်များကို ဖိနှိပ်နိုင်ခြင်းမရှိတော့ပေ။
     
      တကယ့်ကို bug* အကြီးစားကြီးဖြစ်သည်။
     
      မသေမျိုးသွေးမျိုးဆက်က ပျက်စီးခြင်းသွေးမျိုးဆက် ထက် ထူးခြားချက်တစ်ခုသာပိုများသော်လည်း စွမ်းရည်တစ်ခုစီတိုင်းက လုံးဝပုံမှန်ဟုတ်မနေပေ။
     
      ပထမဆုံးအနေဖြင့် ကိုယ်ပွားတွင် ပိုင်ရှင် ၏ စွမ်းအား 50% ကိုပိုင်ဆိုင်လိမ့်မည်။သာမန် A+ အဆင့်များ ဖန်တီးထားသည့် ကိုယ်ပွားများက ထိုလူ၏ 10% ကိုရလျှင်ပင် ကောင်းကင်မှကောင်းချီးပေးခြင်းဖြစ်သည်။
     
      ဒုတိယစွမ်းအား မသေမျိုးကိုယ်ပွား- ထိုစွမ်းအားကို ချူဖုန်းက အရင်ဘဝတုန်းက မြင်ဖူးခဲ့သည်။ မသေမျိုးဧကရာဇ် နှင့် သူ့၏ ကိုယ်ပွားက ချောက်နက်ထဲမှ နတ်ဆိုးအရှင်များထက် ပိုသာသော တည်ရှိမှုကိုပင် တွန်းလှန်နိုင်ခဲ့သည်။
     
      မသေနိုင်သောကိုယ်ပွားကြောင့် ကြီးမြတ်သောတည်ရှိမှုပင် ကူကယ်ရာမဲ့ခဲ့ရသည်။ထို့ကြောင့်လည်း မသေမျိုးဧကရာဇ်က လူသားများလွတ်မြောက်စေနိုင်ရန် အချိန်ဆွဲပေးနိုင်ခဲ့ခြင်းဖြစ်သည်။
     
      တတိယထူးခြားချက် မျှဝေခြင်း
     
      ချူဖုန်းက ကူကယ်ရာမဲ့စွာ ကျိန်ဆဲမိချင်သည်။
     
      ဒါကို ဘယ်လို လူက တီထွင်ခဲ့တာလဲကွ။
     
      အဓိက ခန္တာကိုယ်အနေဖြင့် ချူဖုန်းက သူ့ကိုယ်ပွား၏ လှုပ်ရှားမှုများအားလုံးကို မြင်တွေ့နေမည်ဖြစ်သည်။စစ်ပွဲအတွင်းဖြစ်ခဲ့လျှင် သူ့ထံတွင် နောက်ထပ် မျက်လုံးတစ်လုံးအပိုရှိနေသည်နှင့် ညီမျှသည်။
     
      အန္တရာယ်ရှိနေသောနေရာများကို စူးစမ်းရာတွင် သူ့ကိုယ်ပွားအား စေလွှတ်ကာ လမ်းကြောင်းရှာဖွေနိုင်သည်။အန္တရာယ်ရှိသည် ဆိုလျှင် ချူဖုန်းက ကြိုတင်၍ သိနိုင်သည်။ ကိုယ်ပွားက သေသွားရင်ပင် ပြန်လည်မွေးဖွားလာနိုင်သည်။
     
          ငြိမ်းချမ်းနေသော ကာလများတွင် ကိုယ်ပွားက အမှန်တကယ် ကျင့်ကြံနိုငိသည်။သာမန်အမြန်နှုန်းဖြင့် ကျင့်ကြံနိုင်ယုံသာမက ထိုကိုယ်ပွားက ဆေဘာနည်းစနစ်များနှင့် ဥပဒေသများ ကိုပင် လေ့လာနိုင်သည်။ချူဖုန်းထံမှ အရာရာကို မျှဝေခံစားနိုင်သည်။
         
          ချူဖုန်းက အချိန်အတော်ကြာ နှုတ်ဆိတ်သွားခဲ့ရပြီး သူက ဘာပြောရမယ်မှန်း မသိတော့ပေ။
         
          သွေးမျိုးဆက်နှစ်ခု၏ စွမ်းအားများက အားကောင်းလှမည်ဟု သူမျှော်လင့် ထားပြီးဖြစ်သော်လည်း ဒီလောက်ထိအားကောင်းနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ပြောရလျှင် သူ့ထံ၍ ကိုယ်ပွားသုံးခု ပုလဲရှိနေသေးသည်။
         
          သာမန် A+ ပညာရှင် တစ်ယောက် ပုံရိပ်တစ်ခုပြုလုပ်ရန်အကောင်းဆုံး ပါဝင်ပစ္စည်းတစ်ခုဖြစ်သည်။သူတို့၏ ပုံရိပ်များကို ပိုမိုအားကောင်းစေအောင်လုပ်ဆောင်ပေးနိုင်သည် ထိုယုံလောက်ပင်။
         
          သို့သော်လည်း ချူဖုန်း၏ လက်ထဲတွင် ရှိနေသော ကြောက်မက်ဖွယ်ကောင်းသည့် ကိုယ်ပွားနှင့် ကိုယ်ပွားသုံးခု ပုလဲကိုသာ ပေါင်းစပ်လိုက်ပါက ကောင်းကင်ဘုံကိုပင် အန်တုနိုင်သော ကိုယ်ပွားသုံးခု အဖြစ်သို့ပြောင်းလဲသွားလိမ့်မည်။
         
          ဥပဒေသများက ကန့်သတ်ထားသော်လည်း မမျှော် လင့် ထားစွာပင် ချူဖုန်းက စည်းမျဥ်း များအားချိုးဖောက်နိုင်ခဲ့သည်။
         
          ချူဖုန်း က ထိုအခြေအနေဘယ်လိုကြောက်ဖို့ကောင်းသလဲဆိုတာ မှန်းဆနေမိသည်။
         
          သူ့၏ လက်ရှိအင်အားနှင့် ကိုယ်ပွားကို ဖန်တီးခဲ့လိုက်ပါက ရန်သူနှင့် ရင်ဆိုင်ရာတွင် လေးယောက်တစ်ယောက်ရိုက်နှက်၍ရသည်။ထိုသို့ဆိုလျှင် သူက အဆင့် A+ အောက်တွင် ပြိုင်ဘက်ကင်းဖြစ်လိမ့်မည်။
         
          ထို့အပြင် သာမန် A+ အဆင့်များနှင့်ပါ တိုက်ခိုက်နိုင်မည်လားဆိုတာကို တွေးတောနေမိသည်။ ထိုအချိန်တွင် ချူဖုန်းက အကြံတစ်ခုကို ရရှိသွားခဲ့သည်။
         
          အခုလက်ရှိတွင် သွေးအရိပ်စစ်သည်ဆယ်ယောက် က သူ့အနားတွင် ရှိမနေသောကြောင့် သူတို့က သူ့ကိုယ်ပွားများအကြောင်းကို မသိထားကြပေ။
         
          ပြောရလျှင် အကြီးအကဲလောတစ်ယောက်တည်းသာ ဒီနေရာတစ်ခုလုံးအား စောင့်ကြည့်နေခြင်းကြောင့် သူ့အကြောင်းများကို သိနိုင်သော်လည်း အကြီးအကဲလောက ဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။
         
          ထို့ကြောင့် ချူဖုန်းက ဒီကိစ္စကို သွေးအရိပ်စစ်သည်ဆယ်ယောက် ကိုစိန်မခေါ်ခင်ထိ ဖုံးကွယ်ထားရန် ဆုံးဖြတ်လိုက်သည်။ထိုသို့သာမဟုတ်လျှင် သူက သွေးအရိပ်စစ်သည်ဆယ်ယောက် ကို အနိုင်မယူနိုင်မည်ကို ကြောက်ရွံမိနေသည်။
         
          ဘယ်သူက သိမှာလဲ ရှေးခေတ်ဟောင်းထဲက အသက်ရှင်လာတဲ့ နတ်ဆိုးအိုကြီးတွေမှာ ဝှက်ဖဲဘယ်လောက်များများ ရှိနေမလဲဆိုတာကို။
         
          သူက အနိုင်မယူနိုင်ခဲ့လျှင် ကမ္ဘာမြေသို့ပြန်ရန် မဖြစ်နိုင်တော့ပေ။ထို့ကြောင့်ချူဖုန်းက အကြံအစီစဥ်များ ကြိုတင်ချထားသင့်ကြောင်း ခံစားမိနေသည်။
         
          ထိုအချိန်အရောက်တွင် သူက အနည်းဆုံး အဆင့်မြင့် A+ အဆင့်နှင့် နှိုင်းယှဥ် နိုင်နေမှ ရလိမ့်မည်။
         
          ထို့နောက်တွင် သူက ထိုလူများ၏ အစောင့်အကြပ်လျှော့နည်းနေချိန်တွင် အလစ်အငိုက်ဖမ်းကာ တိုက်ခိုက်ခဲ့လျှင် မနိုင်ပဲ မရှိပေ။ ကိုယ်ပွားများက ခန္တာကိုယ်အစစ်ထက် တိုက်ခိုက်စွမ်းရည်နိမ့်ကျသည်ဆိုသော်လည်း စိတ်ချင်းဆက်သွယ်နေဆဲဖြစ်သည်။
         
          ဘာလို့ ငါက ဒီလူအိုကြီးဆယ်ယောက်ရဲ့ပုံရိပ် ကို အနိုင်မယူနိုင်ရမှာလဲ ?
         
          ဟာသပဲ ။



ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း(1 to ongoing)Where stories live. Discover now