119-120

42 2 0
                                    

ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း

အပိုင်း (119) ငွေရပေါက်

    အမြန်နှုန်း ၊ ချူဖုန်းက သူပြန်လည်မွေးဖွားလာထဲကအမြန်နှုန်းကိုအထူးဂရုစိုက်ခဲ့သည်။အကြောင်းပြချက်ကရိုးရှင်းပါတယ်။
   
    မင်းချလို့မနိုင်ရင် ဘာလုပ်မှာလဲ ၊ ထွက်ပြေးမှာပေါ့ ၊ အသက်ကတစ်သက်တည်းရယ်၊ မသေမချင်းမျှော်လင့်ချက်ရှိတယ်။
   
    ဒါကြောင့်မို့လို့ ချူဖုန်းက သူ့အရှိန်ကိုအများကြီးကိုကြိုးစားအားထုတ်ခဲ့တယ်။ချူဖုန်းက ကောင်းကင်အလင်းတောင်ပံကို လေ့လာရာမှာလည်း တကယ်တမ်း အမြန်နှုန်းအကြောင်းကိုသိရန်အတွက်ဖြစ်သည်။
   
    ပျံသန်းနှုန်းကိုလျှော့ချရာတွင်ဘာတွေကြုံရနိုင်လဲ၊ ဘယ်လိုပုံစံမျိုးနဲ့အမြန်ဆုံးပျံနိုင်မလဲ၊ ဘယ်လိုအခြေအနေမျိုးမှာအမြန်ဆုံးပျံသန်းရင် ဘယ်လိုလေတိုက်နှုန်းကိုရင်ဆိုင်ရနိုင်လဲစသဖြင့်လေ့လာခဲ့သည်။
   
    ဒါ့အပြင် ရေဒြပ်စင်ဒိုမိန်းကလည်း ချုပ်နှောင်နိုင်စွမ်းရှိနေသည်။ ထိုကဲ့သို့သောအကြောင်းအရာများကြောင့်ချူဖုန်းက စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်သည်။
   
    တတိယအဆင့်
   
       ချူဖုန်း၏အရှေ့တွင်ကြီးမားသောမှန်ကြီးတစ်ချပ်ရှိနေသည်။ ထိုမှန်အထဲတွင် ချူဖုန်းက သူ့ကိုယ်သူပြန်မြင်နေရသည်။
      
       ငါတော်တော်ချောတာပဲဟ   
      
       ချူဖုန်းက ဝိညာဥ်ဘုရားကျောင်းထံမှ အကြောင်းကြားစာကိုရလိုက်ချိန်တွင် စိတ်ဝင်စားမိသွားသည်။
      
       တတိယအဆင့်စမ်းသပ်ခြင်း - နေရာလွတ်ဖျက်စီးခြင်း
      
       ဘာအဓိပ္ပါယ်လဲဟ၊ မင်းက ငါ့ကို ဒီစစ်ဆေးပွဲ နေရာလွတ်ကိုဖျက်စီးခိုင်းတာလား ၊ ဟာသပဲ ၊ငါ့အရင်ဘဝက S အဆင့် ကျွမ်းကျင်သူတွေတောင်မလုပ်နိုင်ဘူးလေ။
      
       ချူဖုန်းက ထိုအရာကို မဖြစ်နိုင်ကြောင်း သိသောကြောင့် သူ့အတွက်ရယ်စရာကောင်းလွန်းလှသည်။ တစ်ကမ္ဘာလုံးက ဘယ်သူမှ ဒီအဆင့်ကိုအောင်မြင်နိုင်မည်မဟုတ်ပေ။
      
       ခဏကြာတော့ ချူဖုန်းက မှန်ထဲမှာရှိနေတဲ့ သူ့ပုံရိပ်ကိုကြည့်လိုက်မိသည်။အံသြဖို့ကောင်းစွာပင် ချူဖုန်းက သူ့၏ပုံရိပ်သူ့ကိုပြုံးပြနေကြောင်းတွေ့လိုက်ရသည်။
      
       တကယ့်ပြဿနာက သူကိုယ်တိုင်ပြုံးနေခြင်းမရှိခြင်းပင်။ထိတ်လန့်မှုကြောင့် ချူဖုန်း နှလုံးသားတစ်ခုလုံးက အခုန်မြန်လာခဲ့သည်။သူမသိစိတ်ကြောင့် ထိုမှန်အားလက်သီးဖြင့် ထိုးချလိုက်မိသည်။
      
       ဘုန်းးးး
      
       ရေကဲ့သို့လှိုင်းလုံးများက မှန်၏မျက်နှာပြင်ထက်တွင်ဖြစ်ပေါ်လာခဲ့သည်။ချူဖုန်းက ထူးဆန်းသောခံစားချက်ကိုရမိလိုက်သည်။
      
       သူကတစ်စုံတစ်ယောက်နှင့်လက်သီးခြင်းယှဥ်ထိုးလိုက်မိသလိုခံစားမိလိုက်သည်။ဒါကမှန်ကိုထိုးလို့ဖြစ်ပေါ်လာတဲ့ ခံစားချက်လုံးဝမဟုတ်ပေ။
      
       ဒီလိုရှာဖွေတွေ့ရှိမှုက ချူဖုန်းနှလုံးသားလေးကိုအခုန်မြန်စေခဲ့သည်။
      
       အဲ့လိုများဖြစ်နိုင်မလား။
      
       ချူဖုန်းကမှန်ထဲမှသူ့ပုံရိပ်ကိုပြန်ကြည့်လိုက်မိသည်။
      
       သေစမ်း ၊အဲ့ကောင်ငါ့ကို ထပ် ရီပြနေပြန်ပြီ။
      
       ချူဖုန်းက ထိုအချိန်တွင် ဝိညာဥ်ဘုရားကျောင်း၏ဆိုလိုရင်းကိုနားလည်သွားခဲ့သည်။
      
       သူ့ကိုစမ်းသပ်နေရာလွတ်ကို ဖျက်စီးခိုင်းချင်းမဟုတ်ပဲ၊ မှန်ထဲမှ သူ့ပုံရိပ်ကိုဖျက်ဆီးခိုင်းချင်းသာဖြစ်သည်။
      
       သူ့ပုံရိပ်၏ ခိုင်ခံလှသောခုခံနိုင်စွမ်း ကိုဖြိုခွဲခိုင်းချင်းသာဖြစ်သည်။
      
       ဖြစ်နိုင်တာက ဒီစမ်းသပ်မှုက ပေါက်ကွဲနိုင်စွမ်းကိုစမ်းသပ်ခြင်းဖြစ်လိမ့်မည်။သူ့ခွန်အားက ချက်ချင်းသူ့ပြိုင်ဘက်ကိုကျော်လွန်နိုင်သော ခွန်အားကို ထုတ်လွှတ်ခိုင်းခြင်းဖြစ်သည်။ ဒါမှသာ မှန်ထဲက ပုံရိပ်ကိုဖြိုခွဲပစ်နိုင်မည်ဖြစ်သည်။
      
       ဒီလိုမှမဟုတ်ရင်တော့ ဘယ်လိုနည်းလမ်းပဲသုံးသုံး မှန်ကို ခွဲနိုင်မည်မဟုတ်ပေ။ချူဖုန်းနောက်ဆုံးတွင်နားလည်သွားခဲ့သည်။
      
       ပေါက်ကွဲစွမ်းအားနဲ့ပတ်သတ်လို့နည်းမျိုးစုံရှိသည်။ တချို့ကျင့်ကြံခြင်းနည်းလမ်းတွေ၊ သဘာဝလွန်စွမ်းအားတွေက စွမ်းအားတွေကို တစ်ခဏအတွင်း အဆပေါင်းများစွာတိုးတက်စေနိုင်သည်။
      
       ဒါပေမယ့် ချူဖုန်းက ဝိညာဥ်ဘုရားကျောင်းကအဲ့လောက်ရိုးရှင်းလိမ့်မယ်လို့မထင်ပေ။ သူက ရွှေအဆင့်စာရင်းမှ သဘာဝလွန်စွမ်းအားများကိုအသုံးပြုခွင့်မပေးလောက်ပေ။
      
       ချူဖုန်းသေချာနေသည့်တစ်ချက်က သဘာဝလွန်စွမ်းအားပိုင်ဆိုင်ထားသည့်လူများသာစစ်ဆေးပွဲကိုပါဝင်ခဲ့လျှင်သူတို့၏စွမ်းအားများက လျှော့ကျသွားမည်ဖြစ်သည်။
      
       တစ်ခြားလူတွေဘယ်လိုဖြတ်ကျော် သွားလဲသူမသိပေ။ နောက်ထပ်လျှို့ဝှက်ချက်တစ်ခုဒီ အဆင့်တွင်ရှိနေရမည်။ချူဖုန်းအတွက်ကတော့ အဲ့လောက်အလုပ်ရှုပ်နေစရာမလိုပေ။
      
       ပေါက်ကွဲခြင်းစွမ်းရည်၏ အဓိက အရေးကြီးဆုံးလိုအပ်ချက်မှာ မျိုးဆက်သွေးဖြစ်သည်။
      
       သွေးမျိုးဆက်ပေါက်ကွဲခြင်းနည်းစနစ် ကမယုံကြည်နိုင်စရာကောင်းသော ကျွမ်းကျင်မှုတစ်ခုဖြစ်သည်။ ထိုအရာကြောင့်ပင် ချူဖုန်းက အဆင့်များကျော်ဖြတ်၍တိုက်ခိုက်နိုင်ခြင်းဖြစ်သည်။
      
       ပြီးတော့ ချူဖုန်းဆီတွင် နတ်ဘုရားသွေးမျိုးဆက်က နှစ်ခုတောင်ရှိနေသည်။ဝိညာဥ်ဘုရားကျောင်းက ရူးသွပ်စွာဖြင့် နတ်ဘုရားသွေးမျိုးဆက်ကိုပုံတူပွားနိုင်မည်ဟုသူမယုံပေ။
      
       ထိုကဲ့သို့သာပုံတူပွားနိုင်ပါက ကမ္ဘာပေါ်တွင်ရှိသောလူတိုင်းက နတ်ဘုရားအဆင့်သွေးမျိုးဆက်တစ်ခုစီရနေလိမ့်မည်။ ဒါဆိုရင် နတ်ဆိုးတွေကိုလည်း ကြောက်နေစရာမလိုအပ်တော့ပေ။
      
       အချိန်ဖြုန်းမနေတော့ပဲချူဖုန်းကစမ်းသပ်ရန်ကြံလိုက်သည်။ သူကဘာမှပြင်ဆင်နေစရာမလိုပေ။ သွေးမျိုးဆက်နှစ်ခုအားနှိုးဆွလိုက်ကာ ရှေ့ရှိမှန်အားလက်သီးဖြင့်ထိုးချလိုက်သည်။
      
       မှန်ထဲမှပုံရိပ်ကလည်း ချူဖုန်းနည်းတူပြန်လည်၍ ထိုးလိုက်သည်။ သို့သော်လည်း သူ့လက်သီးချက်က အားနည်းနေသည့်ပုံပင်။
      
       ထင်ထားသည့်အတိုင်းပင် ဝိညာဥ်ဘုရားကြောင်းက အတုမဲ့အစွမ်းထက်နေတာမဟုတ်ပေ။ချူဖုန်း၏ လက်သီးနှင့်ထိလိုက်ချိန်တွင်ကွဲအက်သံကိုကြားလိုက်ရသည်။
      
       ထို့နောက်တွင်မှန်က အစိတ် စိတ်အမွှာမွှာ ကွဲထွက်သွားသည်။တစ်ချိန်တည်းမှာပင် ချူဖုန်းက စက်ရုပ်အသံအားကြားလိုက်ရသည်။သူကတတိယအဆင့်ကိုအောင်မြင်သွားခဲ့သည်။
      
       "ဒါကနည်းနည်းတော့မ လွယ် လွန်းဘူးလား"
      
       ချူဖုန်းအတွက်အခက်အခဲနည်းနည်းမျှမရှိလိုက်ပေ။ သူကနာရီအားကြည့်လိုက်မိသည်။
      
       နှစ်မိနစ်နဲ့သုံးဆယ်စက္ကန့်
      
       ဒါတောင်အချိန်အများစုက သူတွေးနေသည့်အချိန်ဖြစ်သည်။ တကယ်လိုအပ်သည့်အချိန်က လက်သီးတစ်ချက်စာသာဖြစ်သည်။
      
       စုစုပေါင်း 8 မိနစ်နဲ့ 30 စက္ကန့်
      
       သူလုပ်နိုင်ခဲ့ပြီ၊ သူ့အရင်ဘဝက ဂျီးနီးယပ်ဆိုသည့်လူထက်သာလွန်သောမှတ်တမ်းကိုရေးထိုးနိုင်ခဲ့ပြီ။
      
       ထိုလူကိုအရိပ်နတ်ဘုရား ၊ လုပ်ကြံသတ်ဖြတ်ခြင်းနတ်ဘုရားနှင့် သေမင်းဟူ၍လူသိများသည်။ ထိုလူတွင် နာမည်ပေါင်းများစွာရှိသည်။
      
       ထိုလူက သာမန်လူတန်းစားမှလာခြင်းဖြစ်သော်လည်း နောက်ဆုံးတွင် အမှောင်ထုရဲ့ အင်ပါယာတစ်ပါးဖြစ်လာခဲ့သည်။လူတိုင်းက သူ့ကို အရိပ်နတ်ဘုရားဟု အများဆုံးခေါ်ကြသည်။
      
       သူက ထိပ်တန်းဆယ်ယောက်ထဲမှတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုညွှန်းပြရလျှင် လျှို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားကောင်းလွန်းတယ်၊ ဘယ်သူကမှ သူ့ရုပ်ရည်အစစ်အမှန်ကိုမမြင်ဖူးကြပေ။
      
       သူ့ညာဘက် လက်ကောက်ဝတ်တွင် ဇီးသီးပုံသဏ္ဍာန်မွေးရာပါ အမှတ်အသားရှိနေတာကိုသာသိကြရသည်။
      
       ချူဖုန်းကတွေးနေရင်းနှင့်သတိရမိသွားသည်။အဲ့ကောင်ကလည်း သူ့လို ဟွာရှသိုင်းပညာတက္ကသိုလ်မှ ထွက်လာခြင်းဖြစ်သည်။
      
       သူတစ်ခါတုန်းကပြောခဲ့ဖူးတာကသူစကျင့်ကြံတုန်းက သူ့နောက်ခံကဆင်းရဲပြီး သူ့စွမ်းရည်က အလွန်ဆိုးသောကြောင့် ဟွာရှသိုင်းပညာတက္ကသိုလ်က သူ့ကိုလက်မခံခဲ့ဟုဆိုသည်။
      
       သူကတဖြည်း ဖြည်းချင်းလေ့လာပြီးတော့ နတ်ဆိုးပထမလှိုင်းမှာ ထူးထူးခြားခြားစွမ်းဆောင်ပြနိုင်တော့မှ ဟွာရှသိုင်းပညာတက္ကသိုလ်က သူ့ကို လက်သင့်ခံခဲ့ခြင်းဖြစ်သည်။
      
       တက္ကသိုလ် ?
      
       ချူဖုန်းက တွေးနေရင်းနှင့်သူ့မျက်လုံးများကတောက်ပလာသည်။ ထိုကောင်လေးက အခုဆိုလျှင် လူအုပ်ကြားထဲတွင်ရှိနေလောက်သည်။
      
       အကယ်၍သူကသာ ထိုကောင်လေးကိုရှာပြီး သူ့လက်အောက်ကိုခေါ်ထားနိုင်ခဲ့လျှင်ကမ္ဘာပေါ်ရှိ ထိပ်တန်းဘုရင်သုံးပါးထဲမှ တစ်ပါးဖြစ်လာပေလိမ့်မည်။
      
       ချူဖုန်းတွေးနေတုန်း စက်ရုပ်လိုအသံကိုကြားလိုက်ရပြန်သည်။
      
       "စမ်းသပ်ပွဲအတွက်ငှားယမ်း ထားသူက ပထမဆုံးသုံးထပ်ကိုသာငှားယမ်းထားသောကြောင့် ချူဖုန်း၏ စစ်ဆေးခြင်းက ပြီးဆုံးသွားပါပြီ"
      
       ချူဖုန်းကမထူးခြားဟန်ဖြင့်ခေါင်းညိတ်လိုက်သည်။သူက စည်းမျဥ်းများကိုသိနေသည်။လူသားများကဆင်းရဲသောကြောင့် သုံးဆင့်ကိုသာငှားယမ်း နိုင်ခဲ့ကြသည်။နောက်ထပ် စစ်ဆေးစရာမရှိတော့ပေ။
      
       ချူဖုန်းက ပြီးဆုံးသွားပြီဖြစ်ကြောင်းတွေးနေချိန်တွင် စက်ရုပ်အသံကိုကြားလိုက်ရသည်။
      
       "ပထမအဆင့် သုံးဆင့်ကို 8 မိနစ် နဲ့ 30 စက္ကန့်အတွင်းရှင်းလင်းနိုင်ခဲ့သောကြောင့် စံချိန်များနှင့်ပြည့်မှီသည်။
      
       "ဒင်  လူသားချူဖုန်းက ပထမသုံးဆင့်ကို အစောဆုံးကျော်ဖြတ်နိုင်သူဖြစ်သောကြောင့် ဂုဏ်ယူပါတယ်
      
       ရရှိသောဆုလာဒ် - မိနစ်တိုင်း အမှတ် 30 ကိုရရှိပါသည်။ (မင်းက အဆင့် စာရင်းတွင် ဆက်၍ ရှိနေသ၍ ဒီဆုလာဒ်က အမြဲတမ်း ရနေမည်ဖြစ်သည်)"
      
       "ဘယ်လို ငရဲလဲ"
      
       ချူဖုန်းက မျက်လုံးပြူးကာတုံ့ပြန်လိုက်မိသည်။
      
       "လခွမ်း ၊ လက်ကုန်ပဲဟေ့"
      
       ဒါဆိုရင် ဝိညာဥ်ဘုရားကျောင်းကို စိန်ခေါ်တဲ့အတွက် ဆုလာဒ်ရှိတာပေါ့ ၊ ပြီးတော့အမြဲတမ်း အမှတ် တွေ ရနေမှာ ၊ တစ်မိနစ်ကို အမှတ် 30 ၊ တစ်ရက်ကို 50000 နီးပါးလောက်ရနေမှာပေါ့
      
       အဲ့တာဆိုရင် ဘာမှမလုပ်ပဲ တစ်လကို 1.5 သန်းလောက်ရမှာပေါ့ ၊အဲ့တာက ဘာမှမလုပ်လည်း နှစ်စဥ် လစာ 18 သန်းရမယ်ဆိုတဲ့သဘောပဲလေ၊သူ မတောင်းဆိုပဲရောက်လာတဲ့ အံအားသင့်စရာပဲ။
      
       ချူဖုန်းက ရုတ်တရက် တစ်ယောက်ယောက်ကိုသတိရမိသွားသည်။
      
       သူ့အရင်ဘဝတွင် ရင် တစ်ယောက် တည်း ကသာ ကိုးဆင့်လုံးတွင် မှတ်တမ်းချန်ထားခဲ့နိုင်သူဖြစ်သည်။   
      
       ပထမသုံးဆင့်အတွက် တစ်မိနစ်ကို အမှတ် 30 ဆိုလျှင် ကိုးထပ်လုံးဆိုရင်ကော တစ်မိနစ်ကို အမှတ် 90 လား?
      
       အဲ့ဒါဆိုလျှင် တစ်ရက်ကိုသိန်းနှင့်ချီပြီးရနေလိမ့်မည်။ထိုလူက သူ့စံချိန်ကို တစ်နှစ်ကျော်ထိန်းထားနိုင်ခဲ့သည်။
      
       ဒါဆိုရင်သူက တစ်နှစ် အတွင်းမှာပဲသန်း 50 လောက်ရသွားတယ်ဆိုတဲ့သဘောပေါ့။
      
       ဒါ့အပြင်ချူဖုန်းကထိုမျှလောက်သာ မဖြစ်သင့်ကြောင်းခံစားမိနေသည်။ ဘာလို့လဲဆိုတော့ အထပ်မြင့်လေ တန်ဖိုးပိုကြီးလာလေဖြစ်သောကြောင့် တစ်မိနစ်ကို ဆယ်မှတ်သာတိုးသည်ကမဖြစ်နိုင်ပေ။
      
       တစ်မိနစ်ကို အမှတ် 200 လား ဒါမှမဟုတ်အဲ့ထက်များတာလား။
      
       ဘာပဲဖစ်ဖြစ်ထိုလူက ဘာမှမလုပ်ပဲ တစ်နှစ်ကို သန်း 100 ကျော်လောက်အသားတင်ရနေသည့်သဘောပင်ဖြစ်သည်။
      
       သန်းရာချီတောင်ဖြစ်နေနိုင်သည်။ ချူဖုန်းက တကယ့်ကို မနာလိုဖြစ်မိသည်။ထိုလူက ကြီးမားသော ချမ်းသာခြင်းလမ်းကြောင်းကိုလက်ဝါးကြီးအုပ်ထားခဲ့သည်။
      
       သူ့အရင်ဘဝက ရင် က ဝိညာဥ်ဘုရားကျောင်း အကြောင်းကိုမပြောပြချင်သည်မှာအံသြစရာမဟုတ်တော့ပေ။ ဒီလိုအကြောင်းပြချက်တွေရှိနေတာကြောင့်ဖြစ်လိမ့်မည်။
      
       ဒီဘဝမှာငါအရင်ဆုံးတွေ့တာဆိုတော့ ငဲ့ညာစိတ်မရှိဘူးလို့ ငါ့ကိုမပြောနဲ့ပေါ့ကွာ။
      
       ငါမင်းစိတ်ပျက်အားငယ်သွားစေမယ့်မှတ်တမ်းတစ်ခုရေးပြီးတော့ အိမ်မှာအိပ်ရင်း ပိုက်ဆံရေနေမယ်   ဟီးးးးးးးး။      
      
      
      
      နောက်တစ်ပိုင်းက ခဏနေတင်ပေးမယ်နော် ချိဖတို့😊



ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း(1 to ongoing)Where stories live. Discover now