ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း
အပိုင်း (65) အံအားသင့်ခြင်း
ချူဖုန်းက အိမ်မက်မြူခိုးသားရဲအသွင်ပြောင်းခြင်းကိုတွေ့မြင်နေရသည်။သူ့အတွေ့အကြုံအရတောင်ဘာတွေဖြစ်နေမှန်းမသိရပေ။
( ဘာဖြစ်တာလဲ၊ဒါက ငါ့ရဲ့သွေးမျိုးဆက်နှစ်ခုကြောင့်လား)
ဝိညာဥ်တစ်ထောင်ကြာပန်းက စွမ်းအားကြီးသောရတနာတစ်ခုဖြစ်သလို ချူဖုန်း၏ သွေးမျိုးဆက်များကလည်းထူးခြားလှသည်။
ထိုသို့သောပေါင်းစပ်မှုများကြောင့်အိမ်မက်မြူခိုးသားရဲဘုရင် ကိုမမျော်လင့်ထားသော အသွင်ပြောင်းခြင်းကိုပေးစွမ်းခဲ့သည်။
ချူဖုန်းစိတ်သက်သာရာ ရသွားခဲ့သည်။ထိုအရာက အိမ်မက်မြူခိုးသားရဲဘုရင်အတွက် အခွင့်အလမ်းကောင်းဖြစ်နိုင်သည်။
ချူဖုန်းက သွေးများပို့လွှတ်ခြင်းကိုရပ်တန့်ရန်စဥ်းစားလိုက်သည်။သူ့ခန္တာကိုယ်ကသန်မာတယ်ဆိုရင်တောင် အကန့်အသတ်မရှိမပေးနိုင်ပေ။
ချူဖုန်းရပ်ရန်ကြံရွယ်လိုက်စဥ်သူ့နားထဲမှအိမ်မက်မြူခိုးသားရဲ၏အားနည်းနေသောအသံအားကြားလိုက်ရသည်။
"သွေး....မရပ်ပါနဲ့..."
ထိုစကားကြောင့်ချူဖုန်း၏မျက်နှာက ပြာတက်သွားသည်။
( ငါ့သွေးကဘယ်လောက်တန်ဖိုးကြီးလဲမင်းသိလို့လားကွ၊မင်းကသွေးများစွဲလန်းနေတာလားကွာ)
ထိုစကားကြောင့်ချူဖုန်းကနားလည်သွားသည်။အိမ်မက်မြူခိုးသားရဲကအရေးကြီးသောအခြေအနေကိုရောက်နေပြီးသူ့သွေးက အဓိက ဖြစ်ပုံပင်။
" F*k ဘယ်လောက်တောင်ကြီးမားတဲ့ဆုံးရှုံးမှုလဲကွာ၊ငါ့ခန္တာကိုယ်ထဲကသွေးတွေတောင်ကုန်တော့မယ်ကွ"
ချူဖုန်းကကျိန်ဆဲလိုက်သော်လည်းသွေးကို့ပေးခြင်းကိုမရပ်တန့်လိုက်ပေ။ဆန်ကျင်ဘက်အားဖြင့် သူကပို၍ပင်ပို့ပေးနေသည်။
"ခွေးကောင်၊ ငါတို့ပြန်သွားလို့မင်းက ငါ့အိမ်မွေးသားရဲဖသ်မလာရင်ငါဆုံးရှုံးမှုအရမ်းကြီးတယ်နော်၊ မင်းကိုကယ်ဖို့အတွက်နဲ့ ငါ့ပစ္စည်းလေးတွေတော်တော်များများကုန်သွားပြီ၊ပြီးတော့ မင်းက ငါ့သွေးကိုတောင်စုပ်နေသေးတယ်"
"ဟားးး ကောင်းပြီ..... ငါ့ကိုစောင့်"
အိမ်မက်မြူခိုးသားရဲ ကရယ်မောကာပြောလိုက်သော်လည်းစကားမဆုံးခဲ့ပေ။သို့သော်လည်းသူက ချူဖုန်းနားလည်ကြောင်းသိနေသည်။
သူတို့နှစ်ယောက်က ဘေးခြင်းယှဥ်တိုက်ခဲ့သောကြောင့် အိမ်မက်မြူခိုးသားရဲက ချူဖုန်းအားအသိအမှတ်ပြုပြီးဖြစ်သည်။
ချူဖုန်းကြောင့်သာမဟုတ်လျှင်သူသေသွားပြီဖြစ်သည်။ချူဖုန်းကသူ့အသက်ကိုအကြိမ်ကြိမ်ကယ်တင်ပေးခဲ့သည်။
အခုလည်း ချူဖုန်း၏ အံ့ဖွယ်သွေးများက သူဆင့်ကဲပြောင်းလဲရန်ကူညီပေးနေသည်။
အိမ်မက်မြူခိုးသားရဲမျိုးနွယ်ရဲ့ ဒဏ္ဍာရီလာ ဆင့်ကဲဖြစ်စဥ်
ဘဝနှောင်ကြိုးများကိုဖြတ်တောက်ခြင်း
သာမန် မီးခိုးရောင်အဆင့် များက A အဆင့်ထိသာရောက်နိုင်သည်။
အနက်ရောင်အဆင့် များက A+ အဆင့်ထိသာရောက်နိုင်သည်။
နောက်ဆုံးဆင့်ကဲပြောင်းလဲခြင်းကိုပြီးသွားတဲ့အိမ်မက်မြူခိုးသားရဲများကတော့.....
မျိုးရိုးဗီဇဆိုင်ရာကန့်သတ်ချက်များကိုချိုးဖြတ်လိုက်သလိုပင်
အဆင့်များက ကန့်သတ်ချက်မရှိတော့ပေ။
ထိုအိမ်မက်မြူခိုးသားရဲ၏ အနာဂတ်အောင်မြင်မှုက အကန့်အသတ်မရှိတော့ပေ။
လက်ကျန်အချိန်များက ချူဖုန်းအတွက် ငရဲကိုရောက်နေသလိုပင်။
ချူဖုန်းက အိမ်မက်မြူခိုးသားရဲ ကိုသွေးစုပ်မျော့တစ်ကောင်လိုမြင်လာမိသည်။အကန့်အသတ်မရှိသလိုပင်။သူသေတော့မလိုပင်ခံစားနေရသည်။
ချူဖုန်းမေ့လဲလုအချိန်တွင်တော့ အိမ်မက်မြူခိုးသားရဲ ဘုရင်၏ ဆင့်ကဲပြောင်းလဲမှုက ပြီးဆုံးသွားခဲ့သည်။
တောက်ပလှသောအလင်းတန်းများဖြာထွက်လာ ကာ ပတ်ဝန်းကျင်ရှိလူအားလုံးမျက်လုံးများမှိတ်လိုက်ကြရသည်။
ချူဖုန်းမျက်လုံးကိုပြန်ဖွင့်ချိန်တွင် အိမ်မက်မြူခိုးသားရဲကပျောက်ကွယ်သွားခဲ့သည်။လေထဲတွင်ပျောက်ကွယ်သွားသလိုပင်။
ချူဖုန်းဘယ်လောက်ပင်လိုက်ရှာရှာ ရှာလို့မတွေ့တော့ပေ။
"အာ စိတ်ဝင်စားစရာပဲ"
ချူဖုန်း၏ စူးစမ်းချင်စိတ်ကတုန်လှုပ်မှုအဖြစ်ပြောင်းလဲသွားသည်။
" နတ္တိဖြစ်တည်မှု"
အိမ်မက်မြူခိုးသားရဲဘုရင်၏အသံက ထွက်ပေါ်လာသည်။
"ဟုတ်ပါတယ် သခင် ၊ဒါကငါ့ရဲ့ပုံစံအသစ်ပဲ၊နတ္တိဖြစ်တည်မှု၊ ငါက လေဟာနယ်ထဲမှာနေနိုင်ပြီးတော့ ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုအားလုံးကိုလျစ်လျှူရှုနိုင်တယ်၊ ဝိညာဥ်တိုက်ခိုက်မှုဆိုရင်တောင်မှ လေဟာနယ်ထဲကိုရောက်လာရင် အားနည်းသွားလိမ့်မယ်"
ချူဖုန်းမျက်ခုံးပင့်လိုက်မိသည်။
"အရမ်းမနာလိုစရာကောင်းတာပဲ ၊ ခုဆိုရင် မင်းကို A+ အဆင့်တွေတောင်မထိနိုင်တော့ဘူးပေါ့"
မမြင်နိုင်ဘဲနဲ့၊သဲလွန်စမရှိလာပြီးသဲလွန်စမရှိဘဲလူသတ်ပြီးပျောက်ကွယ်သွားနိုင်သည်။
တုန်လှုပ်အံသြနေရာမှ ချူဖုန်းက ရုတ်တရက် အံ့အားသင့်စွာအော်ပြောလိုက်သည်။
"မင်း စောနက ငါ့ကိုသခင်လို့ခေါ်လိုက်တာလား"
အိမ်မက်မြူခိုးသားရဲဘုရင်က
"ဟုတ်ပါတယ် သခင်၊အိမ်မက်မြူခိုးသားရဲတွေက အမြဲတမ်း သူတစ်ပါးရဲ့ကျေးဇူးကိုပြန်ဆပ်တက်တယ်၊သခင်ရဲ့သွေးကြောင့်ပဲ ငါက ဆင့်ကဲပြောင်းလဲနိုင်ခဲ့တာ၊ပြီးတော့သခင့်ရဲ့အလားအလာတွေကိုငါတွေ့နိုင်တယ်၊ဒါကြောင့် သခင်နောက်ကိုလိုက်ဖို့ဆုံးဖြတ်လိုက်တာပဲ"
ထိုအရာ သားရဲများ၏ကောင်းကွက်တစ်ခုပင်။ကျေးဇူးတရားနှင့် ရန်ငြိုးကိုခွဲခြားသိကြသည်။
"အရမ်းကောင်းတယ်"
ချူဖုန်းက ငြင်းဆန်ရန်အကြောင်းမရှိပေ။သူ့ ချောက်နက်ဒုတိယအဆင့်ကိုလာခြင်းကလည်း အိမ်မက်မြူခိုးသားရဲဘုရင်ကြောင့်ဖြစ်သည်။
လောကတွင်အလကားရသော နေ့လည်စာမရှိပေ။ချူဖုန်းက အိမ်မက်မြူခိုးသားရဲဘုရင်၏ သဘောတူချက်ကိုရရန်အတွက် ကြီးမားသောပေးဆပ်မှုများပြုလုပ်ခဲ့ရသည်။
စိတ်မပူနဲ့၊မင်းငါ့နောက်ကိုလိုက်ရင် မနစ်နာစေရဘူး၊မင်းဆက်ပြီးတိုးတက်ဖို့အတွက်အရင်းအမြစ်တွေ ငါပေးနိုင်တယ်"
အမှတ်များဖြင့်သားရဲမွေးမြူ ခြင်းက လွယ်ကူလှသည်။သခင်တစ်ယောက်အနေနှင့် ချူဖုန်းကသူ့အိမ်မွေးသားရဲများကိုတိုးတက်ရန်ကူညီဖို့တာဝန်ရှိသည်။ ဒါမှလည်းသူတို့က သူ့ကိုပို၍အကူအညီပေးနိုင်ကြမည်ဖြစ်သည်။
"မင်း သားရဲဖမ်းဘောလုံးထဲမှာ ရက်နည်းနည်းလောက်နေလိုက်ဦး၊ငါ ကမ္ဘာပေါ်ပြန်ရောက်မှ စူပါဘောလုံးနဲ့လဲပေးမယ်"
"ကျေးဇူးတင်ပါတယ်သခင်၊ငါ့မှာတောင်းဆိုစရာရှိသေးတယ်၊သခင် ကငါ့မျိုးနွယ်တွေကိုပါ ကမ္ဘာပေါ်ခေါ်သွားပေးနိုင်မလား ၊ငါစိုးရိမ်တာ ငါမရှိရင် သူတို့က........"
"သခင်စိတ်မပူပါနဲ့သူတို့ကိုလူ့လောက ကိုဒုက္ခမပေးနိုင်အောင်ငါကြည့်ပေးပါ့မယ်"
ချူဖုန်းက ခေါင်းညိတ်လိုက်သည်။
"ပြဿနာမရှိဘူး၊အရေးကြီးတဲ့အချိန်ကျရင်သူတို့က၊ မင်းရဲ့စွမ်းရည်တွေကိုတိုးတက်အောင်လုပ်ပေးနိုင်တာပဲ၊စိတ်မပူနဲ့သူတို့ကိုလည်းငါပျိုးထောင်ပေးမယ်"
" ကျေးဇူးတင်ပါတယ်သခင်"
အိမ်မက်မြူခိုးသားရဲက ချူဖုန်းအားအလွန်ကျေးဇူးတင်နေသည်။
ချူဖုန်းက အိမ်မက်မြူခိုးသားရဲဘုရင်အားလိုက်ရှာသော်လည်းမတွေ့ပေ။
သူကအိမ်မက်မြူခိုးသားရဲထွက်ပြေးသွားမည်မဟုတ်ကြောင်းသိသော်လည်း ၊ သခင် တစ်ယောက်အနေနှင့်သူ့အိမ်မွေးသားရဲကိုမတွေ့နိုင်ခြင်းမှာတကယ်ရှက်စရာကောင်းလှသည်။
အိမ်မက်မြူခိုးသားရဲ ကချူဖုန်း၏ အတွေးများကိုရိပ်စားမိသည်။သူက သူ့ကိုယ်သူဖော်ပြလိုက်သည်။အနက်ရောင်၏မူလအစလိုပင် ပွင့်လင်းလှသည်။သေချာမကြည့်လျှင်ဘယ်နည်းနဲ့မှတွေ့နိုင်မည်မဟုတ်ပေ။
ဒါကဘယ်ချိန်ဘယ်နေရာမှာဖြစ်ဖြစ် ဖုံးကွယ်ထားနိုင်စွမ်းရှိခြင်းပင်။
"ကောင်းလိုက်တာကွာ"
ချူဖုန်း ၏အပြုံးများက သူ့နားရွက်အားတက်ချိတ်နေလေပြီ။
(ဟီးး ဒီချောင်နက်ခရီးစဥ် ကတကယ်တန်လွန်းတယ်ကွာ၊ငါက အမှတ် 4 သန်းလောက်ရယုံတင်မဟုတ်ဘူး နည်းနည်းလောက်ပျိုးထောင်ပေးလိုက်ရင် A+ အဆင့်ရောက်နိုင်တဲ့သားရဲကိုပါရခဲ့ပြီ၊အဲ့ A+ အဆင့်တွေရဲ့အိမ်မက်ဆိုးလို့ပြောရင်ပိုမှန်လိမ့်မယ်
အဲ့ ဟုတ်သားပဲ ငါ့မှာလုပ်စရာနည်းနည်းကျန်သေးတာပဲ)
ချူဖုန်းက သူ့ရည်ရွယ်ချက်ဖြစ်သော သားရဲအုပ်ကြီးကိုမမေ့ပေ။B အဆင့်သားရဲအုပ် ကိုသူမျက်စိကျနေတာ တစ်ရက်နှစ်ရက်မကပေ။
အခု သူ့အလုပ်တွေပြီးပြီဆိုတော့ကာ အပိုအမှတ်လေးတွေရှာချိန်ရောက်ပြီပေါ့။
ထိုအတွေးကြောင့် ချူဖုန်းက မားရ် ကိုထောင်ခြောက်ဆင်ရန်ထားသော မီးနဂါးမုန်တိုင်း အဆောင်စာရွက်များအားပြန်လည်တူးဖော်လိုက်သည်။
ကံကောင်းစွာပင် အဆောင်စာရွက်များက ဘာမှမဖြစ်ပေ။ထို့ကြောင့်ချူဖုန်းက စိတ်သက်သာရာရသွားသည်။
ချူဖုန်းကထွက်သွားမည်ကြံစဥ် အန်ဒါဆန် ကသူ့အား လင်ပစ်သွားလို့ကြေကွဲနေသောမိန်းမတစ်ယောက်၏ အကြည့်ဖြင့်ကြည့်နေလေသည်။
ထိုအကြည့်ကြောင့်ချူဖုန်းက သူ့ကျောရိုးများထဲကပင်စိမ်တက်သွားသည်။
"မင်းဘာကြည့်နေတာလဲကွ"
ချူဖုန်းက အန်ဒါဆန်အား လက်သီးဖြင့်ထိုးချလိုက်သည်။
( ငါ့ကိုအဲ့လိုမကြည့်ပါနဲ့ကွာကြက်သီးထလို့)
အန်ဒါဆန် ကတုန်လှုပ်ခြင်းမရှိပေ။သူကချူဖုန်းအား
"မင်းဒီအတိုင်းထွက်သွားတော့မှာလား"
"အမ် တခြားဘာလုပ်စရာရှိသေးလို့လဲ"
ချူဖုန်းက အံ့သြသွားသည်။
(ငါကထွက်မသွားလို့မင်းနဲ့အတူလိုက်ခဲ့ရမှာလားဟ)
"မင်းမေ့သွားပြီလို့တော့ငါ့ကိုမပြောနဲ့နော် ၊မင်းက ကောင်စီအမတ်တစ်ယောက်ရဲ့သမီးကိုသတ်လိုက်တာ၊သူတို့လက်တုံ့ပြန်မှာကိုမကြောက်ဘူးလား၊ မကြောက်ရင်တောင် မင်းအနည်းဆုံးတော့ငါ့ကို ကောင်စီအမတ်နဲ့သူ့အဖွဲ့ဝင်တွေအကြောင်းမေးသင့်တယ်မဟုတ်ဘူးလား"
" ပြီးတော့ ငါတို့တော်လှန်ရေးတပ်မတော်နဲ့ မင်းတို့ လူသားမျိုးနွယ် ကရည်ရွယ်ချက် အတူတူပဲလေ၊ငါမင်းနဲ့စကားပြောချင်တယ်၊ငါတို့နှစ်ဖွဲ့ပူးပေါင်းဆောင်ရွက်ဖို့ကို၊မင်းကတကယ်ပဲတော်လှန်ရေးတပ်မတော်ကို ဂရုမစိုက်ဘူးလား"
အန်ဒါဆန် က စော်ကားခံ ရသလို ခံစားနေရသည်။
YOU ARE READING
ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း(1 to ongoing)
Adventureအဟမ်း အားလုံးပဲမဂ်လာပါဗျစာစဥ်လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ၊စနစ်ပုံစံလေးပေါ့ဗျာ၊နိုင်ငံAမှာမိုင်းတွင်းတူးဖော်တဲ့အလုပ်သမားတွေကနတ်ဆိုးတွင်းနက်ကြီးတစ်ခုကိုတူးဖော်မိသွားတယ်၊ကမ္ဘာကြီးမှာဝိညာဥ်စွမ်းအင်တွေထွက်ပေါ်လာတယ်၊အဲ့လိုပဲနတ်ဆိုးတွေလည်းပေါ်ပေါက်လာခဲ့တယ်။ရ...