145-146

38 2 0
                                    

ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း

အပိုင်း (145) ဓားနယ်မြေ

      ချူဖုန်းက မောဟိုက်နေသောကြောင့်အသက်ပြင်းပြင်းရှုနေရသည်။ သူ့မျက်လုံးများက စိတ်လှုပ်ရှားမှုများနှင့်ပြည့်နှက်နေသည်။
     
      သူလုပ်နိုင်ခဲ့ပြီ။
     
      ထိုအရာက လှည့်စားမှုတစ်ခုဖြစ်သော်လည်း တကယ့် သေခြင်းရှင်ခြင်းတိုက်ပွဲတွင် ဘယ်သူကများလှည့်ကွက်ဟုတ်မဟုတ်ကို ဂရုစိုက်နေမှာလဲ။ နောက်ဆုံးအောင်နိုင်သူသာ စကားပြော ပိုင်ခွင့်ရှိသည်။
     
      ချူဖုန်း၏ တခြားတစ်ဖက် ဆံပင်ရွှေရောင်နှင့် နံပါတ်တစ်ဆယ်က ကြက်သေသေနေသည်။သူ့ခံစားချက်များက ရောထွေးနေပြီး သူကတီးတိုးရေရွတ်မိလိုက်သည်။
     
      "ငါရှုံးသွားပြီ"
     
      သူက ဒဏ်ရာလုံးဝမရပေ။ချူဖုန်း၏တိုက်ခိုက်မှုကသူ့ကို ကလိထိုးနေသလိုဖြစ်နေသည်။ဒါပေမယ့် သူက အောင်မြင်မှုက သူ့လက်ထဲမှာသာရှိနေသည်ဟုထင်ခဲ့မိသည်။ အရှက်မရှိစွာပင် ချူဖုန်းက သူ့ကို ထိနိုင်သည်နှင့်အနိုင်ရပြီဟုတောင်ပြောခဲ့မိသည်။
     
      သူသတိလက်လွတ်ဖြစ်သွားခြင်းဖြစ်သော်လည်း ဘယ်သူကမှ ဂရုစိုက်မှာမဟုတ်ပေ။ နှစ်ပေါင်းမရေတွက်နိုင်အောင် နေထိုင်ခဲ့ရသော်လည်း သူက ဂျူနီယာတစ်ယောက်၏ ချုံခို တိုက်ခိုက်ခြင်းကို အမှန်တကယ်ခံခဲ့ရသည်။
     
      သူမှ မရှက်ရင် ဘယ်သူကများရှက်နိုင်ဦးမှာလဲ။
     
      ချူဖုန်းက နံပါတ်တစ်ဆယ်၏ အမူအရာက ထိုင်းမှိုင်းနေကြောင်းတွေ့လိုက်ရချိန်တွင် သူက နှစ်သိမ့်လိုက်သည်။
     
      "စီနီယာ နံပါတ်တစ်ဆယ် မင်းကအရမ်းမြန်လွန်းတယ်၊ငါတကယ် မင်းကိုမဖမ်းနိုင်ဘူး၊အဲ့ဒါကြောင့်မို့လို့ လှည့်စားဖို့ပဲကြံလိုက်ရတာပါ၊ ငါ့ကို ခွင့်လွှတ်ပေးပါ"
     
      နံပါတ်တစ်ဆယ်က သူ့၏တောက်ပနေသောဆံပင်များကို သပ်လိုက်ကာ သက်ပြင်းချလိုက်မိသည်။
     
      "မင်းငါ့ကို မြှောက်ပြောနေစရာမလိုဘူး၊ ငါအရှုံးကိုလက်ခံနိုင်တယ် ၊ တခြားလူတွေ ငါ့ကို နှစ်ဘယ်လောက်များများလှောင်ပြောင်နေမလဲဆိုတာတွေးရင်း နဲ့ငါစိတ်ဓာတ်ကျနေတာကွ ၊ အိုးးမြတ်စွာဘုရားကယ်တော်မူပါ"
     
      "နံပါတ်တစ်ဆယ် မင်းကအဲ့တာနဲ့ပဲ ထိုက်တန်တယ်"
     
      နံပါတ်တစ်ဆယ်၏ နောက်တွင်ရှိနေသော ပေသုံးဆယ်မြင့်သည့် သွေးစစ်သည်တော်က နံပါတ်တစ်ဆယ်အား လှောင်ပြောင်လိုက်သည်။
     
      ချူဖုန်းက ထိုလူအားမှတ်မိနေသည်။ နံပါတ်ခြောက် ခန္တာကိုယ်ကြံခိုင်ခြင်းနည်းပြဆရာ ၊
     
      သံမဏိတုံးများလိုဖြစ်နေသော ထိုလူ့၏ ကြွက်သားများကိုကြည့်ကာ ချူဖုန်းက တံတွေးမျိုချမိလိုက်သည်။
     
      ထို့နောက်တွင် ထွားကြိုင်းသောသွေးစစ်သည်တော်က နံပါတ်တစ်ဆယ်ကိုလှောင်ပြောင်ရန်စိတ်မဝင်စားတော့ပဲ သူက ချူဖုန်းကိုကြည့်လိုက်ကာ
     
      "ကောင်လေး မင်းရဲ့ ခန္တာကိုယ်ကို ငါနဲ့အရင်လေ့ကျင့်မယ်ဆိုဘယ်လို သဘောရလဲ၊ မင်းရဲ့ ခန္တာကိုယ်ကြံ့ခိုင်မှုက မလုံလောက်ပေမယ့် မင်းရဲ့ ခန္တာကိုယ်က သန်မာပြီးတော့ ပြီးပြည့်စုံနေတာကို ငါစိတ်ဝင်စားမိတယ်"
     
      ချူဖုန်းက ပြုံးလိုက်မိသည်။
     
      သူ့ခန္တာကိုယ်က ပျက်စီးခြင်းသွေးမျိုးဆက်၏ သန့်စင်သောစွမ်းအားများနှင့်ပံ့ပိုးထားသောကြောင့် ပြီးပြည့်စုံနေခြင်းဖြစ်သည်။ ထို့အပြင် သန့်စင်သောစွမ်းအားများက ပြန့်ကျဲနေသောကြောင့် သူဘယ်လောက်သန်မာသလဲဆိုတာကိုမတွေ့နိုင်ပေ။
     
      ချူဖုန်းပြန်လည်၍မတုံ့ပြန်နိုင်ခင် လှောင်ပြောင်သောအသံတစ်ခုကထွက်ပေါ်လာသည်။
     
      "အကိုခြောက် ၊မင်းကတကယ့်ကိုအရှက်မရှိတာပဲ၊မင်းက သူ့ကိုခိုးယူချင်နေတာလား၊ အဲ့ ကောင်လေး ရဲ့ ခန္တာကိုယ် ကြံခိုင်မှုက မဆိုးပေမယ့် မင်းဆုံးဖြတ်ရမှာမဟုတ်ဘူး၊ မင်းရဲ့စွမ်းအားဘယ်လောက်သန်မာသလဲကို ဘာလို့ ငါကိုအရင်မပြရတာလဲ"
     
     " ခန္တာကိုယ်သန်မာတဲ့ လူတွေက သူတို့ ဦးနှောက်ထဲမှာကြွက်သားတွေ ပြည့်နေတဲ့အရူးတွေချည်းပဲ၊ အဲ့ကောင်လေးက မြင့်မြတ်ဆန္ဒသန္ဓေတည်ပုံစံကိုတောင်ရောက်နေပြီးတော့ မြင့်မြတ်ဆန္ဒ ကိုလေ့ကျင့်ရာမှာထက်မြက်တယ်၊ အဲ့တာကြောင့်မို့လို့ မင်း မြင့်မြတ်ဆန္ဒကို ငါနဲ့အတူအရင်ဆုံးလေ့ကျင့်သင့်တယ်"
    
      "တတိယအကို ၊ ဒါက တရားမျှတစွာယှဥ်ပြိုင်ရမှာလေ၊ မင်းဘာလို့ ယုံကြည်မှုကိုအလွဲသုံးစားလုပ်နေရတာလဲ"
     
      နံပါတ်ငါး က နံပါတ်သုံးအား မပျော်မရွှင်နှင့်ကြည့်လိုက်ပြီး ချူဖုန်းကို တိုက်ခိုက်၍လုယူရန်ပင် ပြင်ဆင်ထားလိုက်သည်။
     
      ထိုအချိန်တွင် နံပါတ်ရှစ်က ဝင်၍ပြောလိုက်သည်။
     
      "လှုပ်ရှားမှုနည်းစနစ်ကိုအရင်ဆုံးသင်သင့်တယ်၊ ဒီကောင်လေးရဲ့ လှုပ်ရှားမှုနည်းစနစ်က အသုံးမကျပေ မယ့်လို့ ငါသင်ပေးနိုင်တယ်"
     
      နံပါတ်တစ်ဆယ်ကဒေါသထွက်စွာကြည့်လိုက်မိသည်။ သူက တကယ်ကိုအပြင်ဘက်သို့တွန်းထုတ်ခြင်းခံခဲ့ရသော်လည်း သူက စကားတစ်ခွန်းမှမပြောရဲပေ။
     
      သူကအလုပ်ကိုကြိုးကြိုးစားစားလုပ်ခဲ့သော်လည်း မွက်မွန်သီးကောက်ချိန်တွင် သူ့အတွက် ဝေစုရှိမနေပေ။
     
      မင်းကိုဘယ်သူကရှုံးခိုင်းလို့လဲ၊
     
      အငြင်းပွားမှုက ဆက်လက်၍ဖြစ်ပွားနေသည်။
     
      ထိုအချိန်တွင်ရုတ်တရက် အားကောင်းလှသော ဆေဘာအော်ရာတစ်ခုက သတိပေးခြင်းမရှိပဲ ကောင်းကင်ကိုစုတ်ဖြဲလိုက်ကာ တခြားသွေးအရိပ်စစ်သည်တော်များ၏ ခေါင်းပေါ်သို့ တိုက်ရိုက်ဆင်းသက်လာသည်။
     
      တခြားလူများက ပြင်းထန်လှသော အန္တရာယ်အာရုံကိုခံစားမိလိုက်ကြသည်။သူတို့က ကြောက်လန့်သွားကြကာ ပါးစပ်ပိတ်သွားပြီးသူတို့စွမ်းအားများကိုသုံးကာ ထွက်ပြေးလိုက်ကြတော့သည်။
     
      "ချူဖုန်းက ဓားနည်းစနစ်ကို ငါနဲ့ပထမဆုံးလေ့ကျင့်ရမယ် ၊ ကန့်ကွက်မယ့်လူရှိလား"
     
      အရပ်ရှည်ကာ သာမန်လူတစ်ယောက်အသွင်ရှိသောလူတစ်ယောက်က သူ့၏ ဓား ကို ကိုင်ဆောင်ကာ လူအုပ်ရှေ့သို့လျှောက်လှမ်းလာခဲ့သည်။သူ့ပတ်လည်ရှိဓားအော်ရာမှ သတ်ဖြတ်လိုသောဆန္ဒများ ထုတ်လွှတ်လျှက်ရှိသည်။
     
      သူက တစ်ချိန်လုံး အသံတိတ်နေခဲ့တဲ့ နံပါတ်နှစ်ပါ။သူက အငြင်းပွားရန်စိတ်မဝင်စားသောကြောင့် တခြားလူများအားကြည့်လိုက်ကာ
     
      "သဘောမတူတဲ့လူရှိလား"    
     
      "မရှိ ၊ မရှိပါဘူး ဓားနည်းစနစ်ကိုသင်တာတကယ်ကောင်းတယ်၊ဆေဘာ ကတကယ့်ကိုဖျက်စီးနိုင်စွမ်းအားမြင့်တယ်"
     
      ဆံပင် တစ်ဝက်ပြတ်တောက်သွားသော နံပါတ်တစ်ဆယ်က သူ့ဒုတိယအကို ကိုအရမ်းကြောက်လန့်သွားသောကြောင့် ကမန်းကတန်းပင်ပြောလိုက်သည်။တခြားသူများကလဲ အလျှင်အမြန်ပင်ပြောလိုက်ကြသည်။
     
      "ဒုတိယအကို မင်းအရင်သင်ပေးလိုက်ပါ ၊ ငါတို့က အလျင်မလိုပါဘူး"
     
      "အကိုခြောက်ပြောတာမှန်တယ်၊ ငါတို့က ကြီးသူကိုရိုသေပြီး ငယ်သူကိုလေးစားတက်ပါတယ်"
     
      ချူဖုန်းက စကားမပြောနိုင်အောင် ဆွံ့အနေမိသည်။
     
      ဒီလူတွေက ဒီလိုပဲ ပြုမူဆက်ဆံကြတာလား ၊ နံပါတ်တစ်ဆယ်က သေလုနီးပါးဖြစ်သွားတာ သူတို့မမြင်ကြဘူးလား၊ အပြေးမြန်လို့သာလွတ်သွားတာလေ။
     
      နံပါတ်နှစ်က အေးစက်စွာပင်ခေါင်းညိတ်လိုက်သည်။ သူက အကြီးအကဲမိုအား လက်သီးဆုပ်၍ ဂါရဝပြုလိုက်သည်။ ဘာစကားမှတော့မပြောပေ။ ထို့နောက်ချူဖုန်းကိုကြည့်လိုက်ကာ
     
      "ငါ့နောက်လိုက်ခဲ့"
     
      ချူဖုန်း၏ ကစိတ်ရှုပ်ထွေးစွာဖြင့်နောက်မှလိုက်သွားလိုက်ပြီး
     
      "ကျွန်တော်တို့ဘယ်သွားကြမှာလဲ"
     
     " ဓားနယ်မြေ မှာဓားနည်းစနစ်မသင်လို့ မင်းကဘယ်နေရာမှာသင်ချင်လို့လဲ"
     
      အကြောင်းပြချက်တချို့ဖြင့် ရွှေရောင်ဆံပင်နှင့် လူငယ်က သူတို့နောက်သို့လိုက်လာခဲ့သည်။သူက အပျော်အနေဖြင့်လိုက်လာခြင်းဖြစ်နိုင်သည်။ကြောက်စရာကောင်းသော နံပါတ်နှစ်က သူ့ကိုမောင်းမထုတ်ခဲ့ပေ။
     
      အဲ့ဒီအချိန်မှာတော့ ရွှေရောင်ဆံပင်နှင့် လူငယ်၏ ပျင်းရိမှုများကပြန်ပေါ်လာပုံရသည်။ သူက ခိုးကြောင်ခိုးဝှက်နှင့် ပတ်ဝန်းကျင်အားကြည့်လိုက်သည်။မနီးမဝေးမှ အကြီးအကဲလော ကိုကြည့်လိုက်ကာ ဂရုတစိုက်ဖြင့်
     
      "အဲ့လူအိုကြီးမင်းကို ဘာပြောလိုက်သေးလဲ၊ ဟင်းးး ၊ အဲ့အဘိုးကြီးက အသက်ကြီးလာတော့မှတ်ဥာဏ်တွေချို့ယွင်းလာပြီနဲ့တူတယ်၊သူကအကုန်လုံးကို မမှတ်မိတော့တာနားလည်ပေးလို့ရပါတယ်၊ ငါမင်းကိုပြောပြမယ်၊ အဲ့ ဓားနယ်မြေက........."
     
      ဆံပင်ရွှေရောင်နှင့်လူ၏ စကားမဆုံးသေးခင် နောက်တစ်ခဏတွင် အကြောင်းပြချက်တစ်ချို့ကြောင့် ထိုလူကသူ့မျက်စိရှေ့မှပျောက်ဆုံးသွားကြောင်း ချူဖုန်းသိလိုက်ရသည်။
     
      ထို့နောက်တွင် သွေးပင်လယ်၏ အလယ် မိုင်တစ်ရာအကွာအဝေးတွင် ရှိနေသောနေရာ ပင်လယ်မျက်နှာပြင်က ဆူပွက်လာခဲ့သည်။ ပင်လယ်ထဲတွင်လူတစ်ယောက်ကဖိချခံထားရ၍ အော်ဟစ် ၍အကူအညီတောင်းနေသည်။သို့သော် လည်း သူက ပိုရုန်းကန်လေလေ ၊ သွေးရေများကို ပို၍သောက်သုံးနေရလေဖြစ်သည် အဆုံးသတ်တွင်တော့ ဘာသံမှထွက်မလာတော့ပေ။
     
      ချူဖုန်း၏ နှလုံးခုန်သံများမြန်ဆန်လာသည်။ သူကနောက်ဆုံးတော့ဒီနေရာက အရမ်းကို အန္တရာယ်များမှန်းသိလိုက်ရသည်။
     
      လူတစ်ယောက်က ဘာအကြောင်းပြချက်မှ မရှိပဲ အလွယ်တကူသေနိုင်တယ်ဟ။
     
      သူ့ရှေ့ရှိ နံပါတ်နှစ်က တော့ တုန်လှုပ်ခြင်းမရှိပဲ အသံတိတ်စွာပင် ဆက်၍ လမ်းလျှောက်နေသည်။ထိုလူက ဆက်သွားနေလျှင် ပင်လယ်ထဲသို့ရောက်တော့မည်မှန်းကိုချူဖုန်းသိလိုက်သည်။
     
      နံပါတ်နှစ်က ချူဖုန်းစိတ်ရှုပ်ထွေးနေမှန်းသိသောကြောင့်သူက
     
      "ဒီကျွန်းတွေက တစ်ခုနဲ့တစ်ခုဆက်စပ်နေကြ တယ်၊ တစ်ချို့က ကောင်းကင်နဲ့မြေကြီးက မွေးဖွားလာတာ၊ တစ်ချို့ကိုတော့ ငါတို့ရဲ့ သခင်က ဖန်တီးထားတာ ၊ တစ်ချို့ကိုတော့ ငါတို့ရဲ့ စီနီယာတွေက ဖန်တီးထားတာ။အဲ့တာကို ငါတို့သခင်က ဒီနေရာမှာ စုစည်းထားခဲ့တာ၊ နယ်မြေအများစုမှာ အသိဥာဏ်ရှိတဲ့သတ္တဝါတွေ မရှိသေးဘူး၊ အဲ့ကျွန်းတွေက မင်းရဲ့ကျင့်ကြံခြင်း နယ်မြေတွေပဲ
     
      ငါတို့အခုသွားမဲ့နေရာကို ဓားနယ်မြေလို့ခေါ်တယ်၊ ဓားကျင့်ကြံသူတွေအတွက် သုခဘုံတစ်ခုပဲ"
     
      နံပါတ်နှစ်က ချူဖုန်းကိုအတိုချုံးရှင်းပြလိုက်ပြီး သူ့လက်နှစ်ဖက်အားညင်သာစွာမြှောက်လိုက်သည်။ထိုအချိန်တွင် နံပါတ်နှစ်ရှေ့ရှိ သွေးပင်လယ်က နှစ်ခြမ်းကွဲသွားကာ ဥမင်လှိုဏ်ခေါင်း တစ်ခုပေါ်လာခဲ့သည်။
     
      ချူဖုန်းက ဥမင်လှိုဏ်ခေါင်းအဆုံးတွင် မရေတွက်နိုင်အောင် ကြီးမားသောအလင်းကွင်းများအားတွေ့လိုက်ရသည်။
     
        "အလင်းကွင်းတွေတိုင်းကနယ်မြေတစ်ခု ဒါမှမဟုတ် နေရာလွတ်တစ်ခုကိုကိုယ်စားပြုတယ် ၊သွားကြရအောင်"
       
        နံပါတ်နှစ်က ရှည်လျားသောဆေဘာတစ်ချောင်းပုံစံသို့ပြောင်းလဲသွားကာ အလင်းကွင်းတစ်ခုထဲသို့ဝင်သွားလိုက်သည်။     
       
      ချူဖုန်းက ကမန်းကတန်းဖမ်းကိုင်လိုက်ပြီး အလင်းကွင်းထဲသို့လိုက်ပါသွားတော့သည်။ထို့နောက်တွင် အဖြူရောင်အလင်းတစ်ခုကို သူ့မျက်လုံးများဖြင့်မြင်လိုက်ရသည်။
     
      သူခြေထောက်က မြေကြီးကိုထိမိသွားသည့်အချိန်တွင် ချူဖုန်းက အဝေးကိုလှမ်းကြည့်လိုက်မိသည်။
     
      အပြာရောင်ကောင်းကင်ကြီး၊ စိမ်းလန်းသောသစ်ပင်များ၊ စီးဆင်းနေသောစမ်းချောင်း ၊ အထူးသဖြင့်လေထုက လတ်ဆတ် လွန်းလှသည်။ ဒီနေရာက တကယ့်ကို သုခဘုံတစ်ခုဖြစ်သည်။
     
      ချူဖုန်းက တစ်ခြားတစ်ဖက်သို့လှည့်ကြည့်လိုက်ချိန်တွင် သူ့နှလုံးသားက ခုန်သွားခဲ့သည်။ မရပ်မနားကိုခုန်နေခြင်းဖြစ်သည်။
     
      အဝေးတစ်နေရာရှိကောင်းကင်တွင် မရေတွက်နိုင်အောင်မြင့်မားသော တောင်များအားတွေ့လိုက်ရသည်။သူတို့က နယ်မြေတစ်ခုလုံးကိုဖုံးအုပ်ထားပြီးကြောက်စရာကောင်းလှသည်။
     
      တောင်၏ထိပ်ပိုင်းက တိမ်များထဲတွင် ဝင်နေပြီး ရှည်လျားသောဓားတစ်ချောင်းလိုပင်။ ဓား၏ ထိပ်ဖျားပိုင်းက အပေါ်သို့ထောင်တက်နေပြီး နောက်တစ်ခဏတွင် ကောင်းကင်ဘုံအား ထိုးဖောက်သွားတော့မည့်ပုံပင်။
     
      မိုင်ပေါင်း ထောင်ချီဝေးသော်လည်း မြေကြီးကိုပင် ကွဲအက်သွားစေနိုင်မည့် ဆေဘာအော်ရာများအား ခံစားလိုက်ရသည်။
     
      သူ့နှလုံးသားထဲမှ တုန်လှုပ်ချောက်ချားမှုကပြောမပြနိုင်လောက်ပင်ဖြစ်နေသည်။
     
      ဒါကိုတကယ်ပဲ လူသားတွေဖန်တီးထားတာလား။
     
      အဲ့ဒီအချိန်မှာ ချူဖုန်း ဘေးနားမှာ ရှိနေတဲ့ နံပါတ်နှစ်၏ မျက်လုံးများရှိ လေးစားမှုများကိုဖုံးကွယ်ထား၍မရပေ။ သူကလေသံတိုးတိုးဖြင့်
     
      "ဒီနေရာမှာ ရှိနေတဲ့ တောင်တစ်ခုတိုင်းဆီမှာ ဓားအနုပညာတွေကို ရေးထွင်းထားတယ်၊အခြေခံအဆင့်ကနေ ရှုပ်ထွေးနက်နဲအဆင့်အထိ ၊ အသေးအဖွဲလေးကနေ အားကောင်းတဲ့အထိ၊ ပယ် ၊ခုတ် ၊မ ၊ ထိုး ဆိုတဲ့အခြေခံအချက်တွေကနေ ဓားအနုပညာ အထိ ဝိညာဥ်တွေနဲ့ချိတ်ဆက်ထားတဲ့နယ်မြေတစ်ခုပဲ
     
      အထီးကျန်ပြီး အင်အားကြီးတဲ့ဆေဘာသမားတစ်ယောက်လို ၊ လက်နက်အားလုံးရဲ့ ဘုရင်က သူ့ကိုယ်သူ ကမ္ဘာပေါ်မှာ တဖြည်းဖြည်း ပြသလာသလိုပဲ
     
      မင်းလုပ်ရမှာက တောင်ပေါင်းတစ်ထောင် ကိုဖြတ်ကျော်ပြီး နည်းစနစ်အားလုံးကို လေ့လာဖို့ပဲ
     
      အဲ့ဒါပြီးရင်တော့ မင်းငါ့ကို တိုက်ခိုက်လို့ရပြီ"




ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း(1 to ongoing)Where stories live. Discover now