153-154

43 2 0
                                    

ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း

အပိုင်း (153) အလင်း၏အရိပ်

        ရွှေရောင်ဆံပင်နှင့်လူငယ် ၏စကားအဆုံးတွင် ချူဖုန်းက သူ့မျက်လုံးများ ဝေဝါးသွားသလိုခံစားလိုက်ရသည်။
       
        နောက်တစ်ခဏတွင် သူက အမှောင်ထဲသို့ရောက်သွားပြီး သူ့၏ မျက်စိနှင့်နားများက မမြင်နိုင်မကြားနိုင်တော့ပေ။ချူဖုန်းက လှုပ်ရှားရန်အတွက် မြင့်မြတ်ဆန္ဒတစ်ခုတည်းကိုသာ အသုံးပြုနိုင်သည်။
       
        ချူဖုန်းသိနိုင်သည့်တစ်ခုတည်းသောအရာမှာ အလွန်မြန်သည်ဆိုတာကိုပင်။သူ ကောင်းကင်အလင်းတောင်ပံကို သုံးတာထက်အများကြီးပိုမြန်လှသည်။
       
        ထိုကောင်က နတ်ဆိုးများနှင့် ကစားနေပုံရပြီး စက်ဝိုင်းပုံစံလှည့်ပတ်၍ပြေးနေသော်လည်း တစ္ဆေနတ်ဆိုးဘုရင်ပင်လျှင် သူ့ကိုဖမ်းမိနိုင်ခြင်းမရှိပေ။ရွှေရောင်ဆံပင်နှင့် လူအတွက်တော့ ဒါကတကယ့်ကစားပွဲတစ်ခုလိုပင်။
       
       သိထားရမည်မှာ ထိုကောင်ကစီစဥ်ထားသောပုံရိပ်တစ်ခုဖြစ်ပြီး A+ အဆင့်ကို မကျော်လွန်ပေ။
      
       ဒါကပဲ ချူဖုန်းကို ရှော့ ရစေခြင်းဖြစ်သည်။ သူက A+ အဆင့် နှင့် S အဆင့်ကြား ကွာဟချက်ကိုကောင်းကောင်းသိနေသည်။
      
       ထို့အပြင် ချူဖုန်းက ရွှေရောင်ဆံပင်နှင့်လူငယ် ၏ အခြေအနေက ထူးဆန်းနေကြောင်းကိုပါသိလိုက်ရသည်။ သူကတစ်စုံတစ်ခုကိုလိုက်၍ဖမ်းဆီးနေသလိုပင်။
      
       ဒါကလည်းချူဖုန်းမမြင်နိုင်မကြားနိုင်ဖြစ်ရခြင်းအကြောင်းအရင်း ဖြစ်နိုင်သလို ရွှေရောင်ဆံပင်နှင့်လူငယ် ၏ အမြန်နှုန်းသော့ချက်လည်း ဖြစ်နိုင်သည်။
      
       ချူဖုန်း ပဟေဌိဖြစ်နေစဥ် ရုတ်တရက် သူ့မျက်လုံးများနှင့် နားများကပြန်လည်၍ မြင်လာရသည်။
      
       သူ့ပတ်ဝန်းကျင်အားကြည့်လိုက်ချိန်တွင် စွန့်ပစ်ထားသောမြေနေရာတစ်ခုဖြစ်ကြောင်းတွေ့လိုက်ရသည်။
      
       "ဒါက.... ချောက်နက် လား ၊ ငါတို့လွတ်လာပြီလား"
      
       ရွှေရောင်ဆံပင်နှင့်လူငယ် ကပျင်းရိစွာအကြောဆန့်လိုက်ပြီး
      
       "ဟုတ်တယ် ၊ ငါကအစတုန်းက မင်းကိုပျော်စရာဖန်တီးပေးမလို့ပဲ ၊ ဒါပေမယ့် တစ္ဆေနတ်ဆိုးဘုရင်က အရမ်းနှေးနေတော့ပျင်းဖို့ကောင်းတယ်၊ အဲ့ဒါကြောင့်မို့လို့ငါဒီတိုင်းထွက်လာလိုက်တာ"
      
       ချူဖုန်းက ထိုအကြောင်းကို ဂရုမစိုက်ပဲမေးလိုက်သည်။
      
       "ကျွန်တော် ဘာလို့ ဘာမှ မခံစားနိုင်တော့တာလဲ ၊ အမှောင်ထုထဲလုံးဝရောက်သွားသလိုပဲ ၊ ရှေ့မှာ အလင်းရှိတာကိုခံစားနိုင်ပေမယ့် မဖမ်းဆုတ်နိုင်ဘူး"
      
       ရွှေရောင်ဆံပင်နှင့်လူငယ် ကမျက်ခုံးပင့်လိုက်ကာ ပြုံးလိုက်ပြီး
      
       "ငါ့အရှိန်နဲ့တောင်မှ မင်းကတချို့အရာတွေကို ခံစားနိုင်နေသေးတာပဲ ၊ မဆိုးဘူး"
      
       ချူဖုန်းဆက်၍မမေးရသေးခင် ရွှေရောင်ဆံပင်နှင့်လူ ကချူဖုန်းအားစမ်းသပ်သလိုနှင့်
      
       "ကောင်လေး ၊ ဘယ်အမျိုးအစားကျွမ်းကျင်သူတွေက အမြန်ဆုံးလို့ ထင်လဲ"
      
       ချူဖုန်းက အချိန်ခဏတာကြာ စဥ်းစားလိုက်ကာ
      
       "လေနဲ့ လျှပ်စစ် နိယာမတွေကိုနားလည်ထားတဲ့ ပညာရှင်တွေက အမြန်ဆုံးပဲ ၊ တချို့ထိပ်တန်းရတနာတွေလည်းရှိသေးတယ်"
      
       "မှန်တယ် ၊ အဲ့ပညာရှင်တွေက သာမန်လူထက်မြန်တယ်ဆိုပေမယ့် ၊ သူတို့ရဲ့အမြန်နှုန်းက မလုံလောက်သေးဘူး
      
       စစ်သည်တော်တွေရဲ့ အမြန်နှုန်းက ပျမ်းမျှအားဖြင့်တော့အတူတူပဲ ၊ အဲ့ဒါကို မင်းလည်းသိသလို ငါလည်း သိတယ်၊ ဒါပေမယ့် အရှိန်တစ်ခုတည်းက အားသာချက်ကြီးကြီးမားမား မဖြစ်နိုင်တာ ဘာလို့ လဲသိလားး"
      
       ချူဖုန်းပြန်မဖြေနိုင်ခင် ရွှေရောင်ဆံပင်နှင့်လူ ကလေးနက်သောအမူအရာဖြင့်
      
       ဘာဖြစ်လို့လဲဆိုရင် သူတို့က အတုခိုးထားတာမို့လို့ပဲ ၊ငါတို့က အသွေးအသားနဲ့ ဖန်တီးထားတာမို့လို့ ဘယ်လောက်ပဲအတုခိုးနေပါစေ အသွင်ပြောင်းပြီးတော့လေနဲ့ လျှပ်စစ်ရဲ့ တကယ့်စွမ်းအားအစစ်မဖြစ်လာနိုင်ဘူး၊ သူတို့က အဲ့စွမ်းအားကိုအသုံးပြုနိုင်ယုံပဲရှိလိမ့်မယ်
      
       စစ်သည်တော် အများစုက အဲ့နည်းလမ်းအတိုင်းလုပ်ကြတာပဲ ၊ ငါ့ရဲ့ အကိုကြီးနဲ့ ဒုတိယအကိုကလည်း သူတို့ရဲ့အမြန်နှုန်းတိုးဖို့အတွက် အရှိန်ရဲ့နိယာမတစ်ချို့ကိုလေ့ကျင့်ခဲ့ကြတယ်
      
       ငါ့အမြင်မှာတော့၊ အရှိန်ကို လိုက်အတုခိုးတဲ့လူတွေကအမှိုက်တွေပဲ ၊ သူတို့ရဲ့အရည်အချင်းက ချို့တဲ့နေရင်တောင်အကောင်းဆုံးဖြစ်အောင်လုပ်သင့်တယ်
      
       လောကကြီးထဲမှာ အမြန်ဆုံးက အလင်းပဲ ၊ မင်းအလင်းနောက်ကိုလိုက်နိုင်အောင်လုပ်ရမယ်၊ အလင်းရဲ့စွမ်းအားကို အတုမခိုးရဘူး၊ ငှားသုံးလို့ မရဘူး
      
       ငါစောနကလုပ်ခဲ့တာက အလင်းနောက်ကိုလိုက်တာပဲ၊ အလင်းမှာလည်းအရိပ်ရှိတယ်၊ အလင်းရဲ့ အရိပ်နဲ့ပေါင်းစည်းနိုင်ဖို့ နည်းလမ်းရှာနိုင်ပြီးအလင်းနောက်ကို လိုက်နိုင်ခဲ့ရင် မင်းရဲ့ အမြန်နှုန်းက အလင်းတစ်ခုလို ဖြစ်လာလိမ့်မယ်
      
       အဲ့တာက မင်းအခုအမှောင်ထုကို ဘာလို့ခံစားရသလဲဆိုတာပဲ ၊ဘာလို့လဲဆိုရင် အလင်းက ငါတို့ရဲ့ရှေ့မှာရှိနေလို့ပဲ ၊
      
       ဒါက အရမ်းကို ရှည်ကြာလွန်းတဲ့ လေ့ကျင့်မှုတစ်ခုပဲ ၊ ငါနှစ်ပေါင်းများစွာ ကျင့်ကြံခဲ့တာတောင်မှ အလင်းအရိပ်ရဲ့ အစွန်းကိုပဲ ထိနိုင်သေးတယ်၊
      
       စစ်မှန်တဲ့အမြန်နှုန်းဖြစ်တဲ့အလင်းက စကြာဝဋာကြီးတစ်ခုလုံးမှာတောင်ပြိုင်ဘက်ကင်းတဲ့ အမြန်နှုန်းတစ်ခုပဲ ၊အဲ့တာက အထွဋ်အထိပ်နိယာမတစ်ခုကို ကိုစားပြုတာဖြစ်လို့ ရောက်နိုင်ဖို့က မလွယ်ကူလှဘူး"
      
       ရွှေရောင်ဆံပင်နှင့်လူငယ်၏ အမူအရာက အမြန်နှုန်းအကြောင်းပြောနေချိန်တွင် တည်ကြည်လေးနက်နေသည်။
      
       ထိုအရာက ချူဖုန်း၏ အရင်တုန်းက ခံယူချက်အားပြောင်းပြန်လှန်ပစ်ခဲ့သည်။ထိုကဲ့သို့အလင်းနောက်ကိုလိုက်ချင်းက ချူဖုန်းပထမဆုံးကြားသိဖူးခြင်းဖြစ်သည်။
      
       ထိုကဲ့သို့အလင်းနောက်လိုက်ခြင်းကမဖြစ်နိုင်ဟုသူထင်ထားသော်လည်း သူ့ရှေ့မှလူက ဖြစ်နိုင်ကြောင်းကို သက်သေပြခဲ့သည်။
     
       ထိုလမ်းကြောင်းက တကယ့်ကို စစ်မှန်တဲ့အောင်မြင်မှုလမ်းကြောင်းဖြစ်ပြီးထိုလူက အောင်မြင်အောင်လုပ်နိုင်ခဲ့သည်။
      
       အလင်းရဲ့ အရိပ်ကိုထိတွေ့နိုင်တယ်ဆိုတာက ဘယ်လို အဓိပ္ပါယ်လဲ၊ ချူဖုန်းက တွေးရဲခြင်းမရှိပေ။
      
       အလင်း၏ အမြန်နှုန်းက တစ်စက္ကန်တွင် မီတာ သန်းသုံးရာ ရှိပြီး အသံ၏အရှိန်အမြန်နှုန်းထက် အဆ 880000 ပို၍မြန်သည်။အလင်း၏ အရိပ်ကိုသူက ထိနိုင်ခဲ့သည်ဆိုလျှင်သူ့အမြန်နှုန်းက....
      
       တကယ့်ကို ကြောက်စရာဖြစ်သည်။
      
       တကယ့်လို့ သာ ထိုကောင်ရဲ့ တကယ့် ခန္တာကိုယ်အစစ်နှင့်အသုံးပြုခဲ့လျှင် ......ချူဖုန်းမတွေးတက်တော့ပေ။ထိုလူ၏ ကြောက်စရာကောင်းသောအရှိန်ကြောင့် လေဟာနယ်ပင် အပိုင်းပိုင်း ကွဲထွက်သွားလောက်သည်။
      
       ချူဖုန်း တုန်လှုပ်နေစဥ် ရွှေရောင်ဆံပင်နှင့် လူငယ်က
      
       "ဟုတ်တယ် ၊ ငါမင်းကို အတက်နိုင်ဆုံးအသေးစိတ် ဖြစ်အောင်ဖော်ပြပေးလိုက်တာပဲ ၊ ဖြစ်ပျက်သမျှအကုန်လုံးကိုတော့စကားနဲ့ပြောပြဖို့မလွယ်ကူဘူး၊ ငါမင်းကို အကြိမ်နည်းနည်းလောက်ထပ်ပြပေးမယ်၊ မင်းဘယ်လောက်ထိနားလည်နိုင်မလဲ ဆိုတာကတော့ မင်းအရည်အချင်းပေါ်မှာပဲ မူတည်နေတယ်"
      
       ရွှေရောင်ဆံပင်နှင့် လူငယ်လေးက ကူကယ်ရာမဲ့နေသည်။ ဒီလမ်းကိုသူလျှောက်လှမ်းခဲ့သော်လည်း တခြားလူလျှောက်လှမ်း နိုင်မည်ဟု မဆိုလိုပေ။ လိုအပ်သည့် အရည်အချင်းက မြင့်မားလှသည်။
      
       "ထားလိုက်တော့ ဖြည်းဖြည်းချင်းလုပ်ကြတာပေါ့ ၊ ခုပထမဆုံးခြေလှမ်းက တစ္ဆေနတ်ဆိုးမျိုးနွယ်ရဲ့ ရှေးဟောင်း ပစ္စည်း ကို ဘယ်လို ယူရမလဲ စဥ်းစားရမယ်
      
       စိတ်မကောင်းစရာက ငါတို့အခုလုပ်လိုက်မိတာက တစ္ဆေနတ်ဆိုးမျိုးနွယ်ကို သတိပေးလိုက်သလိုဖြစ်သွားတယ်၊ သူတို့က ငါတို့ပန်းတိုင်ကို တော့မသိသေးဘူး"
      
       ချူဖုန်း ကသူ့မျက်လုံးများကို လှိမ့်လိုက်မိသည်။
      
       ခင်ဗျားသိလား ၊ အဲ့ပြဿနာဖြစ်ရတာ ခင်ဗျားကြောင့်ဆိုတာကို။
      
       ရွှေရောင်ဆံပင်နှင့်လူငယ်က စိတ်ပျက်အားလျော့ခြင်းမရှိပဲ တည်ငြိမ်စွာပင်
      
       "ကောင်းပြီ ၊ ငါတို့ပြန်သွားကြည့်ပြီး နည်းလမ်းတစ်ခုစဥ်းစားကြမယ်၊ ဒီသုံးရက်အတွင်း ငါတို့က သူတို့ကိုပြဿနာရှာကြမယ်၊ အဲ့နတ်ဆိုးတစ္ဆေမျိုးနွယ်က အားမနည်းရင် မင်းရဲ့ ကျင့်ကြံခြင်းအတွက်ပိုကောင်းလိမ့်မယ်"
      
       ထို့နောက်တွင် သူတို့နှစ်ယောက်က တောက်ပနေသောတောင်တန်းတစ်နေရာတွင် ပြန်လည်ပေါ်ထွက်လာကြသည်။
      
       ထိုအချိန်မှသာ ချူဖုန်းက ဒီနေရာကို တစ္ဆေနတ်ဆိုးမျိုးနွယ် အစဥ်အဆက်က စောင့်ရှောက်လာခဲ့ကြောင်းကိုသိလိုက်ရသည်။တောင်၏ အတွင်းနက်ထဲတွင် ချောက်နက်ကြီးနှင့် မသေမျိုးနယ်မြေ ကိုချိတ်ဆက်ပေးထားသည့်လမ်းကြောင်းတစ်ခုရှိသည်။
      
       သူတို့နှစ်ယောက်က တောင်၏ အတွင်းပိုင်းသို့တဖြေးဖြေးလျှောက်လှမ်းလာစဥ် ချူဖုန်းက ရှေ့တွင် တစ္ဆေနတ်ဆိုးမျိုးနွယ်ကင်းလှည့် တစ်ဖွဲ့ရှိကြောင်းကို ခံစားလိုက်မိသည်။
      
       ချူဖုန်း ကသူ့လက်နှစ်ဖက်ကိုပွတ်သပ်လိုက်မိသည်။ သူက ရွှေအဆင့်စာရင်းအားဆယ်သန်းအကြွေးတင်နေသေးကြောင်းကို မှတ်မိလိုက်သည်။
      
       ဒီအခွင့်အရေးကိုသာသူအရမယူနိုင်လျှင် သူပြန်သည့်အချိန်တွင် အကြွေးဆပ်နိုင်လိမ့်မည်မဟုတ်ပေ။
      
       ရွှေရောင်ဆံပင်နှင့်လူငယ် ဘာမှမပြောရသေးခင် ချူဖုန်းက အဆုံးသတ်ဆေဘာကိုထုတ်လိုက်ကာ တစ္ဆေနတ်ဆိုးမျိုးနွယ်၏ ဘေးသို့ အလင်းစီးကြောင်းတစ်ခုလိုရောက်ရှိသွားခဲ့သည်။
      
       ထို့နောက်တွင် ချူဖုန်းက တုံ့ဆိုင်းချင်းမရှိပဲ သူ့ဓားကွက်များတွင် အားအနည်းဆုံးဖြစ်သည့် လေဓားသွားကိုသုံးကာ ခုတ်ချလိုက်သည်။
      
       တစ္ဆေနတ်ဆိုးမျိုးနွယ်ထဲရှိစွမ်းအားမတူသော အကောင်ဆယ်ကောင်က ခန္တာကိုယ်အလယ်မှ တစ်ဝက်ပြတ်သွားခဲ့သည်။
      
       သူတို့ထဲတွင် အသန်မာဆုံးက ဝိညာဥ်အသွင်ပြောင်းလဲခြင်းပဥ္စမအဆင့်တွင်ရှိကြသည်။သို့သော်လည်း သူတို့က ချူဖုန်း၏ဓားချက်အောက်တွင်နည်းနည်းလေးမှ ခုခံနိုင်စွမ်းမရှိပဲ အကူအညီပင်မတောင်းနိုင်လိုက်ပေ။
      
       သွေးပင်လယ်နယ်မြေထဲတွင် ချူဖုန်း၏ စွမ်းအားက အဆင့်အနိမ့်ဆုံး ဖြစ်ပြီး ဘယ်သူပဲဖြစ်ဖြစ်သူ့ထက်ပို၍ သန်မာလှသည်။သူ့ခွန်အားကိုတောင်အသုံးပြုနိုင်ခြင်းမရှိပေ။သူ့ကိုယ်သူအလွန်အမင်းနိမ့်ကျလွန်းသည်ဟု ခံစားမိနေသည်။
      
       နောက်ဆုံးတော့သူက ရူးသွပ်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး ရင်းနီးနေသော ရွှေအဆင့်စာရင်း၏ အသံအားနားစွင့်နေမိလိုက်သည်။ရန်သူများကိုအဆင့်ကျော်သတ်ဖြတ်ခြင်းအတွက် ဆုကြေးများကရောက်ရှိလာခဲ့သည်။
      
       "ဒင်....ဝိညာဥ်အသွင်ပြောင်းခြင်းပဥ္စမအဆင့်တစ္ဆေနတ်ဆိုးအား ပုံမှန်သတ်ဖြတ်ခြင်းအတွက်ဆုလာဒ် - အမှတ် 100000
      
       နှစ်ဆင့်ကျော်ဖြတ်သတ်ဖြတ်ခြင်းအတွက်ဆုလာဒ် - 1000%
      
       စုစုပေါင်းရမှတ် - အမှတ် 1000000
      
       "ဒင်..... အဆင့် A တစ္ဆေနတ်ဆိုးအားပုံမှန်သတ်ဖြတ်ခြင်း - အမှတ် 15000
      
       အဆင့်နှစ်ဆင့်ကိုကျော်ဖြတ်သတ်ဖြတ်ခြင်း- 1000%
      
       စုစုပေါင်းရမှတ် - အမှတ် 150000
      
       အဆင့်ကျော်ဖြတ်သတ်ဖြတ်ခြင်းအတွက်ပေးအပ်သောဆုလာဒ်များကြောင့် ချူဖုန်းက ဒီအုပ်စုတစ်စု တည်းနှင့် အမှတ် 1.5 သန်းအားရရှိလိုက်သည်။
      
       ချူဖုန်း ရရှိလိုက်သောအမှတ်များက လူသားမျိုးနွယ်တစ်ခုလုံး၏ စုစုပေါင်းရမှတ်နှင့် ညီမျှနေသည်။
      
       အဆင့်ကျော်ဖြတ်သတ်ဖြတ်ချင်းကအမြဲတမ်းကောင်းလွန်းလှသည်။


ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း(1 to ongoing)Where stories live. Discover now