ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း
အပိုင်း (147) နားလည်နိုင်စွမ်း
ဒီအချိန်မှာတော့ ချူဖုန်းက ဓားသွားအော်ရာများကိုဆန့်ကျင်ကာလျှောက်လှမ်းနေခဲ့သည်။ခြေလှမ်း တလှမ်း ချင်းစီတိုင်းကို လေးလေးနက်နက်ဖြင့် လျှောက်လှမ်းနေရသည်။
လမ်းတစ်လျှောက်တွင် ချူဖုန်းက နံပါတ်နှစ်ပြောလိုက်သည့်စကားများကိုတွေးတောနေရင်းနှင့်သူ့စိတ်ထဲတွင် နံပါတ်နှစ်၏ ရင်သပ်ရှုမော ဖွယ်ကောင်းသောဓားချက်ကို မြင်ယောင်နေမိသည်။
နံပါတ်နှစ်၏ ဓားချက် က သူ့၏ ဓားချက်ထက်အဆပေါင်းများစွာ ပို၍အားကောင်းကြောင်းကို သူသိနေသည်။သို့သော်လည်း ချူဖုန်း ကစိတ်ဓာတ်မကျသည့်အပြင် ပို၍ပင် စိတ်လှုပ်ရှားနေမိသည်။
သူက ဆေဘာကိုးစင်းအားလှိုင်းလက်နက်အနုပညာပထမဓားချက်သုံးခု၏ အနှစ်သာရကို ဝေဝေဝါးဝါးခံစားမိနေသည်။
ထိုကဲ့သို့သောခံစားချက်မျိုးကိုသူ့အရင်ဘဝက တစ်ခါမှ ခံစားမိခဲ့ခြင်းမရှိပေ။သို့ပေမယ့် တွေးတောစရာအများအပြားရှိနေပြီး သူလုံးဝတော့နားမလည်နိုင်သေးပေ။
ထို့ကြောင့်သူက ဓားသွားတောင်များဆီသို့ သွားကာ နံပါတ်နှစ်ပြောသည့်အတိုင်း ကိုယ်တိုင်အဖြေရှာရန်ဆုံးဖြတ်လိုက်သည်။
အချိန်က တဖြည်းဖြည်း ချင်း ကုန်ဆုံးလာခဲ့သည်။တစ်နာရီခန့်အကြာတွင် ချူဖုန်းက ဓားသွားတောင်များဆီသို့ရောက်လာခဲ့သည်။
တောင်များဖြန့်ကျက် ထားပုံမှာ ကြီးမားသည့်နဂါးတစ်ကောင်နှင့်တူကြောင်းကိုတွေ့လိုက်ရသည်။
မရေတွက်နိုင်သော ဓားတောင်များ၏အောက်တွင်ရပ်နေရင်း ချူဖုန်းက သူ့ကိုယ်သူ အရမ်းသေးသိမ်လွန်းသည်ဟု ခံစားမိလိုက်သည်။
ချူဖုန်းက အသက်ကိုပြင်းပြင်းရှုလိုက်ရင်းသူ့ရှေ့မှ မီတာတစ်ရာမြင့်သော ကျောက်ပြားကြီးအားကြည့်လိုက်သည်။ထိုအပေါ်တွင်ရေးထားသည့်နံပါတ်က - 32
ထိုနံပါတ်၏အောက်တွင်သေးငယ် သော စာလုံးများရှိနေသည်။
အခြေခံ လျှင်မြန်သောဆေဘာ နည်းစနစ် 365 ခု ဒီတောင်တွင် ရှိနေသည်။
ချူဖုန်း၏ မျက်လုံးများက တလက်လက်နှင့်တောက်ပလာသည်။ကွေ့ကောက်သောတောင်တက်လမ်းတစ်လျှောက်ကိုသွားကာရှာချင်စိတ်ကိုထိန်းမရတော့ပေ။
ချူဖုန်းက တောင်တက်လမ်းကြောင်းကိုလျှောက်လှမ်းလိုက်စဥ်တွင် ပြင်းထန်လှသောလေများတိုက်နေသကဲ့သို့ခံစားလိုက်ရသည်။ဆေဘာအော်ရာများက နေရာအနှံတွင်ပြည့်နှက်နေသည်။ ချူဖုန်းက ပြန်လည်တုန့်ပြန်ရန်အချိန်ပင်မရလိုက်ပဲ အသက်ရှုများပင်ကြပ်လာခဲ့သည်။
ချုဖုန်း၏ မျော်လင့်ချက်များက ပိုမိုပြင်းထန်လာကာ သူကဘေးဘက်သို့ကြည့်လိုက်မိသည်။
လူတစ်ရပ်စာရှိ၍ကြီးမားသောကျောက်တုံးကြီးတွင် ရှေးခေတ်ဘာသာ ဖြင့် စကားလုံးများအားရေးသားထားသည်။ရှေးခေတ်က လူသုံးများသော ဘာသာစကားဖြစ်သည်။
ချူဖုန်းက အရင်ဘဝတုန်းက ရှေးခေတ်ဘာသာစကားကိုသင်ကြားခဲ့သောကြောင့်သူက ဖတ်တက်နေသည်။
အခြေခံဆေဘာနည်းစနစ် ၊ အလင်းလှုပ်ရှားမှု ၊ မှင်စာ မာ့ရ် မှတီထွင်ခဲ့သည်။ အခြေခံလှုပ်ရှားမှု.................
နောက်ပိုင်းများတွင် ဆေဘာနည်းစနစ်များကိုရှင်းပြထားပြီးချူဖုန်းက စိတ်လှုပ်ရှားမိနေသည်။ ( စာဖတ်သူများလိုက်လံကျင့်ကြံမည်စိုးသောကြောင့် ဘာသာမပြန်ပေးတော့ပါ(😂)
ဆေဘာနည်းစနစ်အားလေ့လာနေရင်းနှင့် တစ်ခါတစ်ရံတွင် ချူဖုန်းက အတွေးနက်နေပြီး တစ်ခါတစ်ရံတွင် စိတ်လှုပ်ရှားနေခဲ့သည်။
ကျောက်တုံးကြီးထက်တွင် တင်ပျဥ်ခွေထိုင်နေရင်းနှင့် ချူဖုန်းက သူ့လက်ထဲမှ အဆုံးသတ်ဆေဘာအား ဝှေ့ယမ်းလိုက်သည်။မရေတွက်နိုင်သောဆေဘာအလင်းတန်းများက လှိုင်းလုံးကြီးများလိုပင်ဖြစ်ပေါ်လာခဲ့သည်။
ချူဖုန်းက လုံးဝသတိမထားမိပေ။တစ်နာရီခန့်အကြာတွင် ချူဖုန်းက တွန့်ဆုတ်စွာဖြင့် မတ်တပ်ရပ်လိုက်သည်။ဆေဘာကိုးစင်းအားလှိုင်းအနုပညာနှင့် ပတ်သတ်၍ သူ့တွင် ပိုမို၍ အတွေးများလာခဲ့သည်။
အခြေခံဓားနည်းစနစ် ကိုလေ့လာပြီးသောကြောင့် ချူဖုန်းက တောင်ထဲတွင် ဖုံးကွယ်ထားသောတခြားသော ဆေဘာနည်းစနစ်များအားဆက်လက်ရှာဖွေလိုက်သည်။
ဒီနေရာက ချူဖုန်းအတွက်တော့ ရတနာသိုက်ကြီးတစ်ခုလိုဖြစ်နေပြီး ခုချိန်တွင် သူ့အား ဒီနေရာနှင့် ဒဏ္ဍာရီလာရတနာတစ်ခုလဲလှယ်မည်ဟုပြောလျှင်ပင်သူမလဲနိုင်ပေ။
ဒီနေ့တွင် သင်ယူခဲ့သောအရာများက ချူဖုန်း၏ ဘဝတစ်လျှောက်လုံးအတွက် အလွန်အသုံးဝင်နေမည့်အရာများဖြစ်သည်။
ထိုနည်းစနစ်များက အဆင့်သိပ်မမြင့်သော်လည်း ကံကောင်းထောက်မစွာပင် လက်ရှိ ချူဖုန်းအတွက်ကတော့ အသင့်တော်ဆုံးဖြစ်နေသည်။ ချူဖုန်းက လေးစားမှုနှင့်သက်ပြင်းချလိုက်မိသည်။ စီနီယာ နံပါတ်နှစ်က သူ့အကြောင်းကို တကယ့် ကောင်းစွာသိနေသည်။
ချူဖုန်းကတောင်ပေါ်သို့ ဆက်၍ တက်သွားလိုက်သည်။လမ်းတစ်လျှောက်တွင် ချူဖုန်းက တောင်စောင်းများ၊ ကျောက်တုံးများ ၊ သစ်ပင်များ ၊ နှင့်ပန်းပွင့် များထံတွင် ဆေဘာနည်းစနစ်များအား ရှာဖွေတွေ့ရှိခဲ့သည်။
လေဟုန်စီးဓားချက် ၊ မိုးကြိုးလျှပ်စီး ၊ မီးတောက်ဓားချက်
ဓားနည်းစနစ်များကတစ်ခုနှင့်တစ်ခုမတူညီကြပဲ မတူညီသောမျိုးနွယ်စုအများအပြားမှ လာခြင်းဖြစ်သည်။မျိုးနွယ်စုတိုင်း၏ ဂျီးနီးယပ်များတွင် သူတို့ကိုယ်ပိုင် စိတ်ကူးစိတ်သန်းများရှိကြသည်။
လျှင်မြန်သောဓားချက် တစ်ခုကိုမတူညီသောရှုထောင့်ပေါင်းစုံမှ ရှင်းပြနေသလိုပင်ဖြစ်သည်။ဒါက ချူဖုန်း၏ အမြင်ကို ကျယ်ပြန့်စေသည်။
ချူဖုန်းကို လျှင်မြန်သော ဓားချက်အသုံးပြုပုံတွင် သူဘယ်လောက်ထိအမြင်ကျဥ်းမြောင်းခဲ့ကြောင်းကို သိစေသည်။
အခြေခံဆေဘာနည်းစနစ်များကို လေ့လာပြီး ထိုနည်းစနစ်များမှ အနှစ်သာရများကိုယူကာ မလိုအပ်သောအရာများကိုဖယ်ထုတ်၍ အတူတကွပေါင်းစပ်နိုင်မှသာ နံပါတ်နှစ် သရုပ်ပြခဲ့သည့် ဆေဘာနည်းစနစ်နှင့် နှိုင်းယှဥ်နိုင်လိမ့်မည်ဖြစ်ကြောင်းကို ချူဖုန်းက နားလည်သွားသည်။
နောက်ဆုံးတွင် သူ့၏နားလည်သဘောပေါက်မှုများအား ဆေဘာကိုးစင်းအားလှိုင်းလက်နက်အနုပညာ တွင် ပေါင်းစပ်နိုင်ခဲ့သည်။
တဖြည်းဖြည်းနှင့် ချူဖုန်းက လျင်မြန်သောဓားချက်ပေါ်တွင် သူ့၏ စိတ်ရှုပ်ထွေးမှုများတဖြည်းဖြည်းနှင့်လျော့နည်းသွားသည်။များပြားလှသောအခြေခံဓားနည်းစနစ်များက ချူဖုန်း၏ စိတ်ရှုပ်ထွေးမှုများကိုလျော့နည်းသွားစေသည်။
ဆေဘာကိုးစင်းအားလှိုင်းလက်နက်အနုပညာ၏ပထမဓားချက်က တတိယဓားချက်ဖြစ်သောတိမ်လွှာလှိုင်းထက်ပို ၍ အားကောင်းလာကြောင်းကို ချူဖုန်းကခံစားလိုက်မိသည်။
ခုလက်ရှိအမြန်နှုန်းသည်က အရင်ချူဖုန်းအား ကူကယ်ရာမဲ့အောင်လုပ်နိုင်စွမ်းရှိသည်။
ဒါပေမယ့်လည်း ချူဖုန်းက ထိုဓားချက်အပေါ်တွင် စိတ်ကျေနပ်ခြင်းမရှိသေးပေ။ သူက တစ်စုံတစ်ခုလိုအပ်နေသလို ခံစားမိနေသည်။
ပထမဆုံးဓားချက်က ပြီးပြည့်စုံခြင်းမရှိသေးပေ။ ချူဖုန်းက ဓားတောင်နံပါတ် 32 တစ်ခုလုံးကို အချိန်တစ်ရက်ယူ၍ရှာဖွေခဲ့သည်။ နည်းစနစ်ပေါင်းသုံးရာကျော်ကို ကြည့်ရှုခဲ့သော်လည်း ချူဖုန်းက အဖြေရှာနိုင်ခြင်းမရှိခဲ့ပေ။
ချူဖုန်းက အဖြေကိုရှာတွေ့ခဲ့ခြင်းမရှိသောကြောင့် စိတ်ရှုပ်ထွေးနေသည်။သူက ဒီနေရာတွင် ထာဝရမနေနိုင်သောကြောင့် သူ့သံသယများကို ထိန်းချုပ်ထားလိုက်သည်။ သူက နံပါတ်နှစ် နှင့်တွေ့မှသာမေးမြန်းမည်ဟု စိတ်ထဲတွင် တေးထားလိုက်သည်။
ချူဖုန်းက တခြားတောင်တစ်ခုဖြစ်သော ဓားတောင်အမှတ် 79 ကိုဦးတည်လိုက်သည်။
ထိုတောင်၏ ကျောက်တုံးတွင်လည်း ရှေးခေတ်စာများနှင့်ရေးသားထားပြီး တောင်အတွင်းတွင် အခြေခံ လေးလံသောဆေဘာနည်းစနစ် 308 ခုကို ဖုံးကွယ်ထားသည်။
ချူဖုန်းကမျှော်လင့်ချက်အပြည့်နှင့် ဓားတောင်ရှိနည်းစနစ်အားလုံးအားရှာဖွေကာ လေ့လာလိုက်သည်။
တစ်ရက်ခန့်ကြာပြီးချိန်တွင် လျင်မြန်ဓားသွား ကဲ့သို့ပင် သံသယများစွာနှင့်ပြန်လည်ထွက်ခွာလိုက်သည်။ထို့နောက်သူက ဓားတောင်နံပါတ် 128 သို့ထွက်ခွာလိုက်သည်။
ထိုဓားတောင်သို့အရောက်တွင် ချူဖုန်းကကွဲပြား နေမှုကိုအာရုံခံမိလိုက်သည်။ ပထမဓားတောင်နှစ်ခု၏ စွမ်းအားများထက် ဒီတောင်၏ စွမ်းအားက ပိုမိုပြင်းထန်လှသည်။
သို့ပေမယ့်လည်း ဒီအတိုင်းအတာက ချူဖုန်းလက်ခံနိုင်သည့်အတိုင်းအတာအတွင်းသာရှိသည်။
တစ်ရက်ခန့်အကြာတွင် ပိန်ပိန် ပါးပါး ပုံရိပ်တစ်ခုက တောင်ထိပ်တွင်ပြန်လည်ထွက်ပေါ်လာခဲ့သည်။ ထိုပုံရိပ်က သူ့၏ ဓားကိုဝှေ့ယမ်းလိုက်ချိန်တွင် ဓားသွားက တိမ်များ၏လေထုထဲမှ ဖြတ်သန်းသွားသော်လည်း တိမ်တိုက်များကို ထိခိုက်စေနိုင်ခြင်းမရှိပေ။
ဓားချက်က တဖြည်းဖြည်း မြန်သထက်မြန်လာကာ လေးသထက်ပို၍လေးလာပြီး တောင်တစ်လုံးပြုတ်ကျလာသလို တစ်ခြားလူများအားတုန်လှုပ်ထိတ်လန့်စေနိုင်သည်။ထိုအချိန်တွင် ချူဖုန်းက ကျယ်လောင်စွာ ဟစ်ကျွေးလိုက်သည်။
"သတ်...."
နောက်အခိုက်အတန့်လေးတွင် တောက်ပလှသော ဓားအလင်းတန်းတစ်ခုက ထွက်ပေါ်လာကာ လေထုကိုပင်ပုံပျက်သွားစေသည်။ချူဖုန်းက သူ့ပတ်လည်တွင် ဖရိုဖရဲဖြစ်နေသည့်လေထုကိုကြည့်ကာ ထိတ်လန့်သွားခဲ့သည်။
မြေပြင်တွင်လည်း ပေပေါင်းတစ်ထောင်နီးပါးနက်သောလျှိုမြောင်တစ်ခုဖြစ်ပေါ်လျှက်ရှိသည်။
လွန်ခဲ့သည့်သုံးရက်ကနှင့်စာလျှင် သူ့၏ ဓားကိုးစင်းအားလှိုင်းလက်နက်အနုပညာ ပထမသုံးဆင့်က ပိုမိုအားကောင်းလာသည်။
လျင်မြန်ဓားချက် ၊ လေးလံဓားချက် ၊ ဖရိဖရဲဓားချက်
ချူဖုန်းက သူ့၏တိုက်ခိုက်ပုံစံက ပြောင်းလဲမသွားသော်လည်း သူ့ဓားချက်၏ စွမ်းအားက သိသိသာသာတိုးတက်သွားကြောင်းကိုသိသည်။
ပြောရလျှင် လွန်ခဲ့သည့် သုံးရက်က ချူုဖုန်းကို အခုသူက အလွယ်တကူအနိုင်ယူနိုင်သည်။ချူဖုန်းက ပျောရွှင်နေရာမှ မျက်မှောင်ကြုတ်မိသွားသည်။
သူ့၏ ဓားချက်များ၏ စွမ်းအားက ထပ်မံ၍မတိုးတက်နိုင်တော့ကြောင်းကို သူခံစားမိနေသည်။ တစ်ခုခုလိုအပ်နေသလိုပင်။
ထိုအတွေးများက ချူဖုန်း၏စိတ်ထဲတွင် ရစ်ဝဲနေပြီး သူ့၏ ပျော်ရွှင်မှုများအားလျော့နည်းသွားစေသည်။
ချူဖုန်း၏ သူ့ဓားချက်ချို့ယွင်းနေမှုက သူ့နည်းစနစ်၏ အနှစ်သာရဖြစ်နိုင်ကြောင်းပေါ့ပေါ့ပါးပါးပင်တွေးလိုက်သည်။
ဒါပေမယ့် ဘာလို့အဲ့လိုဖြစ်နေရတာလဲ။
ထိုအချိန်တွင် ချူဖုန်းက နံပါတ်နှစ် တစ်ခါက ပြောခဲဖူးသော စကားများကိုပြန်လည်ကြားယောင်မိလာသည်။
"မင်းမှာအချိန်ရရင် နံပါတ်ကိုး ဓားတောင်ကို သွားကြည့်လိုက်ပါ ၊ တစ်ခုတော့သတိရပါ အတင်းအကြပ်မလုပ်မိပါစေနဲ့"
နောက်တစ်ခဏတွင် ချူဖုန်း၏ အကြည့် က ဓားတောင်များထဲမှ တစ်ခုဆီသို့အကြည့်ရောက်သွားခဲ့သည်။ထိုတောင်က ပတ်ဝန်းကျင်မှ တောင်များနှင့်မတူကွဲပြားလှသည်။
ဘယ်လိုမျိုးကွဲပြားနေမှန်းသူမသိသော်လည်း ကွဲပြားမှန်းတော့သိနေသည်။
သူခံစားရသည်ကို စကားလုံးများနှင့်ဖော်ပြရလျှင် ရိုးရှင်းသည်ထင်ရသော်လည်း ရှုပ်ထွေးလှသည်။
YOU ARE READING
ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း(1 to ongoing)
Maceraအဟမ်း အားလုံးပဲမဂ်လာပါဗျစာစဥ်လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ၊စနစ်ပုံစံလေးပေါ့ဗျာ၊နိုင်ငံAမှာမိုင်းတွင်းတူးဖော်တဲ့အလုပ်သမားတွေကနတ်ဆိုးတွင်းနက်ကြီးတစ်ခုကိုတူးဖော်မိသွားတယ်၊ကမ္ဘာကြီးမှာဝိညာဥ်စွမ်းအင်တွေထွက်ပေါ်လာတယ်၊အဲ့လိုပဲနတ်ဆိုးတွေလည်းပေါ်ပေါက်လာခဲ့တယ်။ရ...