171-172

36 2 0
                                    

ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း

အပိုင်း (171) ပထမဆုံးအောင်ပွဲ

      ချူဖုန်းက တွေးလေ ပို၍ ပျော်ရွှင်လေဖြစ်လာပြီး သူ့ သွားရည်များပင် ယိုလာသလို ခံစားလိုက်ရသည်။ချူဖုန်းက ကူကယ်ရာမဲ့စွာ အသက်ပြင်းပြင်းရှုလိုက်သည်။
     
      မိုးမျှော်တိုက်များကို တည်ဆောက်ရာတွင် ပထမထပ်မှ တည်ဆောက်ရသလို တစ်ကြိမ်တွင် ခြေတစ်လှမ်းခြင်းသာ လျှောက်လှမ်းရသည်။
     
      သူက အနှေးနှင့် အမြန်လုပ်နိုင်လိမ့်မည်ဟု ချူဖုန်းက ယုံကြည်နေမိသည်။ထိုအတွေးနှင့် ချူဖုန်းက ဝိညာဥ်ဆင့်ခေါ်ခြင်းဖိနပ် မှ ရှင်သန်ခြင်းအမှတ်များကို ကြည့်လိုက်ရာ အမှတ် 20000 သာကျန်တော့သည်။
     
      ထိုအမှတ်များက နတ်ဆိုးမျိုးနွယ်ကို ဖျက်စီးခြင်းမှ စုဆောင်းရရှိ ထားမှုများဖြစ်သည်။
     
      နတ်ဆိုးများက သက်ရှိပုံစံများဖြစ်သောကြောင့်သူတို့၏ အသက်စွမ်းအင်ကနည်းပါးသော်လည်း မသေမျိုးများထက်ပို၍ အသက်စွမ်းအင်များ များပြားလှသည်။
     
      ဥပမာ အနေဖြင့် သူသတ်ခဲ့သော အရိုးစုခေါင်းဆောင်မှာ အမှတ် 600 သာရရှိခဲ့သည်။ထိုအရာက သက်ရှိ သာမန် ဝိညာဥ် အသွင်ပြောင်းလဲခြင်း အဆင့် ငါး သို့မဟုတ် အဆင့်ခြောက် ၏ ဆယ်ပုံတစ်ပုံသာရှိသည်။
     
      ထိုအရာက မသေမျိုးများ၏ အားနည်းချက်များထဲမှ တစ်ခုဖြစ်သည်။ သူတို့က သက်ရှိများဖြစ်သော်လည်း ပုံပျက်နေပြီဖြစ်သည်။
     
      ကံကောင်းစွာပင် မသေမျိုးများက မရေတွက် နိုင်အောင်များပြားလှသည်။အရည်အသွေးက မပြည့်သော်လည်း အရေအတွက်က ဖြည့်ဆည်းပေးနိုင်သည်။
     
      သူနောက်ထပ်လုပ်မည့် အစီအစဥ်ကို ချမှတ်ပြီးနောက်တွင် ချူဖုန်းက ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေသည်။
     
      ပထမဆုံးအနေဖြင့် သူက သာမန် အရိုးစုများအား ဖန်တီးလိုက်သည်။အရိုးစုတစ်ခုချင်းစီအတွက် ရှင်သန်ခြင်းအမှတ် 10 မှတ်ကျသင့်သောကြောင့် ချူဖုန်းက လက်ကျန် ရှင်သန်ခြင်းအမှတ်များဖြင့် အရိုးစု 2000 ကိုဖန်တီးနိုင်ခဲ့သည်။
     
      သို့သော်လည်း ထိုအကောင်များက အရိုးစုများထဲတွင် တိုက်ပွဲစွမ်းအင်အနည်းဆုံး ငပျော့များဖြစ်ပြီး ချူဖုန်းက သူတို့ကို ပထမဆုံး ပံ့ပိုးပေးရန် လိုအပ်သေးသည်။
     
      ဝိညာဥ်ဆင့်ခေါ်ခြင်းဖိနပ်က တကယ့်ကို အသုံးဝင်လှသည်။ လုံလောက်သော ရှင်သန်ခြင်းအမှတ်များရှိနေပါက တစ်ချိန်တည်း တွင် အများအပြားဖန်တီးနိုင်သည်။
     
      သိပ်မကြာခင် အချိန်လေးတွင် အရိုးစု 2000 မှာ သေသေသပ်သပ်စီတန်းပြီးသွားကြပြီး ချူဖုန်း ကျွန်ပြုထားသော အရိုးစုက ရှေ့ဆုံးမှ နေ၍ ဦးဆောင်နေသည်။ သူ့၏ အသက်မီးတောက်က တောက်ပနေကာ တခြားအရိုးစုများနှင့် ကွာခြားလှကြောင်းပြသနေသလိုပင်။
     
      "အရမ်းကောင်းတယ်"
     
      ချူဖုန်းက ကူကယ်ရာမဲ့နေသော်လည်း ကျေနပ်နေမိသည်။ ထိုကောင်များက အနာဂတ် သူ့၏ မသေမျိုးစစ်တပ်အတွက် အခြေခံအုတ်မြစ်များဖြစ်လာလိမ့်မည်။
     
      သူတို့က မသေမျိုးစစ်တပ်၏ စီနီယာအရိုးစုများဖြစ်လာနိုင်ပြီး နောက်လာမည့် စစ်ပွဲများအတွင် ဘယ်နှစ်ကောင်လောက်သေဆုံးသွားမည်ကို ချူဖုန်းက မသိနိုင်ပေ။
     
      သို့သော်လည်း ချူဖုန်းက သူတို့၏ သေဆုံးမှုက တန်ဖိုးရှိ နေသ၍ သူဂရုမစိုက်ပေ။
      ချူဖုန်းက အရိုးစု 2000 ကို ဦးဆောင်လိုက်ကာ အရိုးခေါင်းခွံတွင်း သို့ စတင်ထွက်ခွာလိုက်သည်။
     
      အရင်တစ်ခါလို မဟုတ်တော့ဘဲ ဒီတစ်ခါတော့ သူ့တွင် နောက်လိုက် လက်ပါးစေများပါလာပြီဖြစ်သည်။
     
      ချူဖုန်းက အရင်က ရောက်ခဲ့သော အရိုးခေါင်းတွင်းကို တွင်းတစ်ခုဟုခေါ်သော်လည်း အလွန်ကိုမှ ကျယ်ပြန့်လှသည်။အတွင်းပိုင်းနယ်မြေက ကြမ်းတမ်းကာ ရှုပ်ထွေးလှသည်။အရိုးများက စုပုံနေကာ တောင်ပုလေးများဖြစ်နေပြီး အရိုးစုများကို နယ်မြေ 12 ခုလောက် ခွဲခြားထားသည်။
     
      နယ်မြေသေးတစ်ခုတိုင်းတွင် အရိုးစုများ၏ လုံခြုံရေးကို တာဝန်ယူထားသော အရိုးစုခေါင်းဆောင်များစွာရှိနေသည်။
     
      ဟုတ်တာပေါ့ ၊ ရန်သူကသာ လာတိုက်ခိုက်ရင် တခြားနယ်မြေက အကူအညီများက ချက်ချင်းရောက်လာ လိမ့်မည်ဖြစ်သည်။
     
      သို့သော်လည်း သူတို့ကို ထိန်းချုပ်မည့်လူမရှိသောကြောင့် စစ်ကူများအတွက်စိုးရိမ်နေစရာမလို ပေ။ တချို့သောအကြောင်းကြောင်းကြောင့် အာရုံထွေပြားကာ စစ်ကူလာနေရင်းလမ်းတစ်ဝက်မှာပင် ပျောက်ကွယ်သွားနိုင်သည်။
     
      ထို့ကြောင့် တိုက်ပွဲက အချိန်တိုအတွင်းပြီးစီးသွားပါကစစ်ကူများအတွက် စိုးရိမ်နေစရာမလိုပေ။
     
      ချူဖုန်းက သူ့၏ အရိုးစုစစ်တပ်ကို ဦးဆောင်ကာ အရိုးခေါင်းခွံတွင်းသို့ ဦးဆောင်၍ သွားလိုက်သည်။
     
      သူ့နောက်လိုက် လူမိုက်အရိုးစုတွေနဲ့ လုံခြုံအောင် ဖုံးကွယ်သွားဖို့ ဆိုတာဘယ်လို မှမဖြစ်နိုင်ပေ။
     
      ထို့ကြောင့် ချူဖုန်းက အရိုးစုတပ်ဖွဲ့ကို ခပ်လှမ်းလှမ်းတွင် ထားလိုက်ကာ အရိုးစုတွင်းအား စုံစမ်းရန် သူတစ်ယောက်တည်း အရင်ဆုံးသွားလိုက်သည်။
     
      ထို့နောက်တွင် ချူဖုန်းက တောင်ငယ်လေးတစ်လုံးပေါ်သို့ တက်လိုက်ကာ အောက်သို့ ငုံ့ကြည့်လိုက်သည်။
     
      အရိုးစုများက နက်ရှိုင်းသော ချိုင့်ဝှမ်းတစ်ခုတွင် တစ်နေရာစီပြန့်ကျဲကာ ရှိနေကြသည်။
     
      "ဘယ်လောက်တောင် ဥာဏ်မရှိလိုက်တဲ့ကောင်တွေလဲကွာ"
     
      ချူဖုန်း က ကူကယ်ရာမဲ့ စွာ ညီးညူလိုက်မိသည်။
     
      ထိုကောင်များက မျက်တောင်တစ်မှိတ်အတွင်း သူတို့ကို နှောင့်ယှက်ခဲ့မှုအားမေ့သွားကြသည်။ သူတို့က ခေါင်းဆောင်မရှိသောကြောင့် ပြန့်ကျဲနေသော သဲများလိုပင်။
     
      သို့သော်လည်း သူတို့ကို ထိန်းချုပ်နိုင်မည့်သူရှိပါက သူတို့၏ စွမ်းအားက အဆတစ်ရာကျော်လောက်တက်လာလိမ့်မည်။ သို့သော်လည်း ထိုအရာက A+ အဆင့်ကို သတ်နိုင်ရန်တော့ မဖြစ်နိုင်ပေ။
     
      ချူဖုန်းက တမင်တကာပင် သူ့၏ အသက်စွမ်းအင်တချို့အား ထုတ်လွှတ်လိုက်သည်။
     
      အရိုးစုဦးခေါင်းတွင်း ထဲတွင် ရှိနေသော အရိုးစုများက အသက်အော်ရာနှင့် ပတ်သတ်၍ အလွန်ပင် အကဲဆတ်လွန်းလှသည်။ သူတို့က ငါးကြော်နံ့ရသောကြောသ်များလို လှုပ်လှုပ်ရှားရှားဖြစ်လာကြသည်။
     
      သူတို့က တောင်ကုန်းလေးပေါ်သို့ ခုန်တက်လိုက်ကာ ချူဖုန်းအားဖမ်းဆီးရန်ကြိုးစားလိုက်ကြသည်။ သူလိုအပ်သည့်အရေအတွက် ကိုရရှိသောကြောင့် ချူဖုန်းက အလျှင်အမြန်ပင် သူ့၏ အော်ရာကို ထိန်းချုပ်လိုက်ကာ ထွက်ပြေးလိုက်တော့သည်။
     
      အတော်အတန် အဝေးကို ရောက်မှ သာပြန်လည်၍ လှည့် ကြည့်လိုက်သည်။သူ့နောက်ကို လိုက်ဖမ်းနေသည့်အရိုးစု တစ်ထောင်ကျော်ခန့်ရှိကာ ထိုထဲတွင် လက်ရွေးစင်အရိုးစုများနှင့် အရိုးစုခေါင်းဆောင်တချို့ပါ ရောနှော ပါဝင်နေသည်။
     
      ငါးဖမ်းဆရာချူဖုန်း က အွန်လိုင်းသို့ ပြန်လည်ရောက်ရှိလာပြီလေ ၊ ဒီတစ်ကြိမ်သူဖမ်းယူမည့် ငါးများက အရိုးစုများ ဖြစ်သည်။
     
      "မဆိုးပါဘူးကွ ၊ ငါနတ်ဆိုးတွေကို ဖမ်းတုန်းက လုပ်ခဲ့တဲ့ စကေးတွေကို မမေ့သေးဘူးပဲဟ"
     
      ချူဖုန်းကကူကယ်ရာမဲ့နေသော်လည်း သူ့ကိုယ်သူ ချီးကျူးရန်တော့ မမေ့ပေ။အဝေးသို့ပြေးပြီးနောက်တွင် ချူဖုန်း ကခဏတာရပ်တန့်လိုက်သည်။
     
      သူက အရိုးစုများကို မြူဆွယ်ရန် ရံဖန်ရံခါသူ့၏ အသက်အော်ရာကို ထုတ်လွှတ်လိုက်သည်။ ပြန်လည်ထွက်ခွာရန်ပြင်ဆင်နေသော အရိုးစုများက တစ်ဖန် ချူဖုန်းအားပြန်လည် လိုက်ဖမ်းကြတော့ သည်။
     
      တဖြည်းဖြည်းနှင့် ချူဖုန်း၏ တပ်ဖွဲ့ ပုန်းခိုနေသောနေရာသို့ရောက်ရှိလာခဲ့သည်။ ဦးနှောက်မရှိသော အရိုးစုများကို သတ်ဖြတ်ရာတွင် ဘာအစီအစဥ်မှ လုပ်နေစရာမလိုပေ။ အားလုံးအတူတူ တိုက်ခိုက်လိုက်ယုံပင်။
     
      ချူဖုန်းက သူရွေးချယ်ထားသည့်နေရာအရောက်တွင် သူ မျှားခေါ်လာသော အရိုးစုများကို တိုက်ခိုက်ရန် သူ့၏ အရိုးစု တပ်ဖွဲ့အား အမိန့်ပေးလိုက်သည်။
     
      နှစ်ထောင်နှင့် တစ်ထောင် ။ ထို့အပြင် ချူဖုန်း ကိုယ်တိုင်က A+ အဆင့်နှင့် နှိုင်းယှဥ် နိုင်သော တည်ရှိမှုဖြစ်သည်။
     
      မြင်ကွင်းက ချက်ချင်းပင် ဖရိုဖရဲဖြစ်သွားတော့သည်။ချူဖုန်း၏ အရိုးစုတပ်ဖွဲ့များက ချူဖုန်း၏ အမိန့်အောက်တွင် ရှုပ်ထွေးနေသော်လည်း ဖရိုဖရဲတော့ ဖြစ်မနေပေ။ တစ်ခါတစ်လေတွင် အချင်းချင်းတောင်ပူးပေါင်းတိုက်ခိုက်နေသေးသည်။
     
      ထိုအရာများအားလုံးက ချူဖုန်း၏ ကိုယ်ပွားများကို ကျေးဇူးတင်ရပေမည်။ဒီနေရာတွင် ဘယ်သူမှ မရှိသောကြောင့် ချူဖုန်းက သူ့၏ ကိုယ်ပွားသုံးကောင်အား လွှတ်ပေးခဲ့သည်။
     
      သူတို့က တိုက်ပွဲထဲတွင် တိုက်ရိုက်မပါဝင်ပဲ အရိုးစု စစ်တပ်ကို ထိန်းကြောင်းရန်သာ လုပ်ဆောင်ကြသည်။
     
      ချူဖုန်း၏ အမိန့်အောက်တွင် အရိုးစုစစ်တပ်၏ စုပေါင်းအင်အားက တိုးတက်လာသည်။ သူတို့တစ်ကောင်ချင်းက ထိန်းချုပ်ထားခြင်းမရှိသော အရိုးများ၏ ပြိုင်ဘက်မဖြစ်နိုင်သော်လည်း အားလုံးပေါင်းသော အချိန်တွင်တော့ အေးဆေး သတ်ဖြတ်နိုင်ကြသည်။
     
      ချူဖုန်းက အရိုးစုခေါင်းဆောင်များကိုသာ ဦးစားပေးကာ သတ်ဖြတ်နေလေသည်။ အရိုင်းအရိုးစုများမှာ ပြန်လည် တိုက်ခိုက်ရန်ပင် မဖြစ်နိုင်ပဲ သိပ်မကြာခင် အားလုံးကျရှုံးသွားရသည်။
     
      ချူဖုန်းမျှားခေါ်လာသည့် အထဲတွင် အရိုးစု ခေါင်းဆောင် ခြောက်ယောက်လောက်ပါလာပြီး သူတို့ကတော့သေဆုံးခြင်းမရှိပေ။ သို့သော်လည်း ချူဖုန်း၏ ကျွန်ပြုခြင်းနည်းစနစ်က သိပ်အဆင့်မမြင့်သောကြောင့် သူက ကျွန်ပြုနိုင်ခြင်းမရှိပဲ သူ့အရိုးစုများကို သာဝါးမျိုခိုင်းလိုက်သည်။
     
      အရိုးစုခေါင်းဆောင်တစ်ယောက်၏ ဝိညာဥ်မီးတောက်က ချူဖုန်း၏ အရိုးစုဆယ်ယောက်ကို လက်ရွေးစင်အရိုးစုအဖြစ်သို့ပြောင်းလဲနိုင်ခဲ့သည်။
     
      တိုက်ပွဲက ပြီးဆုံးသွားခဲ့ပြီး ချူဖုန်း၏ အရိုးစုတပ်ဖွဲ့များက အောင်ပွဲ ၏အသီးအပွင့်များကို ခံစားခဲ့ကြသည်။
     
      သူတို့က မသေမျိုးများဖြစ်သော်လည်း သူတို့၏ အမျိုးအနွယ်ကို ဂရုမစိုက်ကြပေ။
     
      ချူဖုန်းက သူ့လက်ထဲရှိ အားအင်ချိနဲ့နေသောအရိုးစုခေါင်းဆောင်ကို တိုက်ပွဲအတွင်းကောင်းမွန်စွာစွမ်းဆောင်နိုင်ခဲ့သော အရိုးစုတစ်ဒါဇင်အား ခွဲဝေပေးလိုက်သည်။
     
      အရိုးစုများကို တစ်ချိန်တည်းတွင် ဖန်တီးထားသော်လည်း သူတို့၏ အလားအလာက မတူညီကြပေ။အလားအလာမြင့်မားသော အရိုးစုများကို မွေးထုတ်ခြင်းက ရှင်သန်ခြင်းစွမ်းအင်ကို ပိုမိုကုန်ကျစေသည်။ချူဖုန်းက ကိုယ်တိုင်ရှာဖွေရန်သာ လိုအပ်သည်။
     
      ကံကောင်းထောက်မစွာပင် ချူဖုန်း၏ ကိုယ်ပွားသုံးယောက်က တိုက်ပွဲထဲတွင် ပါဝင်ခဲ့ခြင်းမရှိသောကြောင့် ရှင်းလင်းစွာမြင်တွေ့ခဲ့ရသည်။
     
      ထို့ကြောင့်လည်း ချူဖုန်းက ထိုတစ်ဒါဇင်မှ ရှိသော အရိုးစုများကို ရွေးထုတ်ပြီး အရိုးစုခေါင်းဆောင်၏ ဝိညာဥ်မီးတောက်ကို စုပ်ယူကာ ဆင့်ကဲတိုးတက်စေခြင်းဖြစ်သည်။
     
      အံ့အားသင့်စရာအကောင်းဆုံးက သူကျွန်ပြုထားသော အရိုးစုငယ်လေးမှာ အလွန်ရဲရင့်ကြောင်းကို ချူဖုန်းက တွေ့ရှိလိုက်သည်။အထူးပျိုးထောင်ပေးခြင်းခံရသည့် အရိုးစုတစ်ဒါဇင်ထဲတွင် ထိုကောင်လေးလည်း ပါဝင်သည်။
     
      ထို့နောက်တွင် အရိုးစုစစ်တပ်က စစ်ပွဲ၏ ခြေရာလက်ရာများကို ဖျက်ပစ်ခဲ့သည်။
     
      ချူဖုန်းက သူ့စစ်တပ်က ဆုံးရှုံးမှုကိုရေတွက်ကြည့်ရာ သာမန်အရိုးစုတစ်ဒါဇင်ခန့်ဆုံးရှုံးသွားကြောင်းတွေ့လိုက်ရသည်။ သို့သော်လည်း စိုးရိမ်စရာတော့မရှိပေ။.သူ့တပ်ဖွဲ့၏ စွမ်းအားက ပိုမိုတိုးတက်လာခဲ့သည်။
     
      လက်ရွေးစင်အရိုးစု စုစုပေါင်း အကောင် 30 မျှရှိလာခဲ့သည်။ အရိုးစုများက သူတို့မျိုးနွယ်အချင်းချင်းဝါးမျိုပါက ပို၍ အကျိုးသက်ရောက်မှုများပြားလှသည်။
     
      ချူဖုန်းက နောက်တစ်ကြိမ်တွင် အရိုင်းကောင်အရိုးစုများကို ပိုမိုဆွဲဆောင်ရန် ဆုံးဖြတ်လိုက်သည်။ မဟုတ်လျှင် သူ့တပ်ဖွဲ့ အတွက် လုံလောက်မှုမရှိပေ။
     
      ချူဖုန်း ကစဥ်းစားရင်းနှင့် အရိုးစုများကို ဆွဲဆောင်မည့် လမ်းကြောင်းဆီသို့ဦးတည်၍သွားလိုက်သည်။
     
      အခုအချိန်တွင် 100000 မျှရှိသော အရိုးစုများက ချူဖုန်းအတွက် အစောင့်အကြပ်မရှိသော အသားတစ်ခုလိုပင်။
     
      အလုပ်ကို ပြင်းပြင်းထန်ထန်ကြိုးစားရင် ပိုက်ဆံပိုရလိမ့်မယ် ။ ထိုစကားပုံကဲ့သို့ပင် ချူဖုန်းက လေသံတိုးတိုးဖြင့် သီချင်းလေးငြီးလိုက်သည်။
     
      သန်းနှင့် ချီသော အရိုးစုစစ်တပ်ဖွဲ့စည်းရန်ဟူသော သူ့၏ အိမ်မက်ကြောင့် ချူဖုန်းက အလုပ်ကို ပြင်းပြင်းထန်ထန် ကြိုးစားလျှက်ရှိသည်။

ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း(1 to ongoing)Where stories live. Discover now