ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း
အပိုင်း (71) သွေးအနှစ်သာရ
ချူဖုန်းက တုံဆိုင်းမနေပဲ လှိုဏ်ဂူဆီ သိူ့လျှောက်သွားလိုက်သည်။သူကသေရမှာကြောက်သော်လည်း ဆုံးဖြတ်ချက်ချသည့်အချိန်တွင်တွေဝေနေခြင်းမရှိပေ။
ဂူထဲသို့ဝင်ပြီးနောက်တွင်မှောင်မဲနေသော လမ်းကြောင်းအားတွေ့လိုက်ရသည်။အပြင်ဘက်ကကြည့်လျှင် လှိုဏ်ဂူ က သေးငယ်သော်လည်းအတွင်းတွင် ကမ္ဘာငယ်တစ်ခုရှိပုံရသည်။
တစ်နာရီနီးပါးလမ်းလျှောက်သွားသော်လည်းအဆုံးကိုမရောက်နိုင်သေးပေ။ဘယ်နေရာကြည့်ကြည့် သဘာဝအတိုင်းမဟုတ်သော ချောမွတ်နေသောကြမ်းပြင်များကိုသာတွေ့ရသည်။
အနည်းငယ်အကြာတွင် ချူဖုန်း ကသူ့ဆဲလ်များအတွင်းမှအရင်တစ်ခါထက်ပင် သာလွန်သော ဆာလောင်မှုကိုခံစားလိုက်ရသည်။
ချူဖူန်းခေါင်းကိုမော့ကြည့်လိုက်စဥ်တွင်ရှေ့၌ အလင်းရောင်အနည်းငယ်အားတွေ့လိုက်ရသည်။
(အဲ့ဒါဆိုရင်ရှေ့မှာ ငါ့ကိုဆွဲဆောင်နေတဲ့ဟာ ကိုတွေ့ရတော့မယ် အန္တရာယ်ပဲဖြစ်ဖြစ်အခွင့်အလမ်းပဲဖြစ်ဖြစ်ရင်ဆိုင်ရမှာပဲ)
ချူဖုန်း ကသူ့ခန္တာကိုယ်ကို အသင့်အနေအထားပြင်ဆင်ကာ ဆက်လျောက်သွားလိုက်သည်။ဆယ့်ငါးမိနစ်ခန့်အကြာတွင် ရေစီးသံများအားကြားလိုက်ရသည်။လှိုင်းများပုတ်နေသလိုပင်။
ငါဘယ်နေရာရောက်သွားတာလဲ၊ပင်လယ်အောက်ခြေမှာလို့တော့မပြောနဲ့နော်
ချူဖုန်းကအလျင်အမြန် ထွက်ပေါက်မှလှမ်းထွက်လိုက်ရင်းမြင်လိုက်ရသောမြင်ကွင်းကြောင့် ကြက် သေ သေ သွားခဲ့ရသည်။
သူကဒီနေရာကိုမရောက်ခင် ဖြစ်နိုင်ချေများစွာစဥ်းစားထားသော်လည်း လှိုဏ်ဂူ ထဲတွင် ပင်လယ်တစ်ခုရှိနေမည်ဟု မမျော်လင့်ထားပေ။
တိတိကျကျပြောရရင်သွေးပင်လယ်တစ်ခု
သူ့ခန္တာကိုယ်ထဲရှိ သွေးမျိုးဆက်များ ကိုဆွဲဆောင်နေသည့်အရာက ထိုသွေးပင်လယ်ပင်။
လေပြင်းများတိုက်ခတ်နေတာကြောင့် သွေးပင်လယ်အတွင်း လှိုင်းလုံးများက မီတာတစ်ရာထိမြင့်မားနေသည်။
သို့သော်လည်း သွေး၏ညှီစို့စို့အနံ့ကိုမရပဲ အနံကသင်းသင်းလေးမွေးကြိုင်နေသည်။ချူဖုန်းအသက်ရှုလိုက်တိုင်းသူ့ ခန္တာကိုယ်ကသက်တောင့်သက်သာရှိသလိုခံစားနေမိသည်။
ဒါကဘယ်နေရာလဲဟ
ချူဖုန်း၏ နှလုံးသား ကအရူးအမူးပင်တုန်ခါနေသည်။ ယု ကို စတွေ့တုန်းကလည်း အခုလိုပင် ယု အထက်၌ သွေးပင်လယ်တစ်ခုရှိသည်။သို့သော်လည်းဒီတစ်ခါက ပိုကြီးမားသည်။
ချူဖုန်း ပင်လယ်နားသို့ရောက်လေ ရူးသွပ်သွားတော့မလိုခံစားမိနေသည်။သူဘာမြင်လိုက်တာလဲ သွေးစွမ်းအားပုံဆောင်ခဲတွေလှိုင်းလုံးတွေကြောင့်ပြန့်ကျဲနေသည်။
အထွေထွေပစ္စည်းရွှေစာရင်း တွင် ထိုအရာကို သွေးအနှစ်သာရဟုခေါ်သည်။အသွေးအနှစ်သာရတစ်ဂရမ်လျင် အမှတ် 100,000 ကျသင့်သည်။
ထို့အပြင် ထိုသွေးအနှစ်သာရက ရိုးရိုးသွေးမျိုးဆက်မှဖြစ်သည်။ခုသွေးအနှစ်သာရက သွေးပင်လယ်မှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ထိုအရာများ၏ တန်ဖိုးကို ချူဖုန်းမမှန်းဆတက်ပေ။
ပေါ့ပေါ့ပါးပါးကြည့်လိုက်ရုံဖြင့်ပင် ကီလိုဂရမ် ဒါဇင် လောက်ကိုမြင်ရနိုင်သည်။ဒါကအမှတ် သန်းပေါင်းများစွာတန်သည်။ချူဖုန်းအသက်စွန့်၍ ရှာလာသောအမှတ်များက သွေးအနှစ်သာရနှင့်ယှဥ်ပါက ဘာမှမဟုတ်တော့ပေ။
ဒီနေရာကို ဘယ်သူကဖန်တီးထားတာလဲ၊ ငါတကယ်မတော်တဆရောက်လာယုံလေးပါ။ချူဖုန်းက ဒီနေရာကို ဖန်တီးသူ၏အဆင့်ကိုမတွေးရဲပေ။
ထိုလူပေါ့ပေါ့ပါးပါးနှာချေယုံဖြင့်သူ့လိုလူအယောက်တစ်ရာကိုအသာလေးသတ်ပစ်နိုင်သည်။
ချူဖုန်းကကြောက်ရွံမှုကိုထိန်းချုပ်ကာ ပင်လယ်ကမ်းစပ်နားသို့အားတင်းသွးလိုက်သည်။ထို့နောက် သွေးအနှစ်သာရများကိုကောက်ယူရန်ကြိုးစားနေစဥ်
ပြင်းထန်သောစွမ်းအားတစ်ခုက နိုးထလာသလို ပင်လယ်ကမ်းခြေတစ်ခုလုံးတိတ်ဆိတ်သွားသည်။လေမတိုက်တော့သလိုလှိုင်းများလည်းပုတ်မနေတော့ပေ။
ချူဖုန်းကဖိနှိပ်အားတစ်ခုကိုခံစားလိုက်ရသည်။ထိုအရာက အဆင့်မြင့်အဆင့်မှအဆင့်နိမ့်အဆင့်ကိုဖိနှိပ်သလိုပင်။သေမျိုးများက အင်မော်တယ်ကိုတွေ့ရသကဲ့သို့ခံစားလိုက်ရသည်။
Aအဆင့် လားနားထား S အဆင့် လားဝေးဝေးလစ်စမ်းပါ။ထိုစွမ်းအားနှင့်နှိုင်းယှဥ်နိုင်မည်မဟုတ်ပေ။
သူတွေ့ဖူးသမျှထဲတွင် ယု တစ်ယောက်သာ ထိုစွမ်းအားနှင့်နှိုင်းယှဥ်နိုင်သည်။ချူဖုန်းကြောက်လန့်နေစဥ် သူ့ခန္တာကိုယ်က ဖိနှိပ်ခံနေရသော်လည်း လှုပ်ရှား၍ရနိုင်ကြောင်းသိလိုက်သည်။
သူကဝမ်းသာအားရပင် ရှေ့၌ ရှိနေသောသွေးအနှစ်သာရများကိုလက်တစ်ဆုတ်စာကောက်ယူလိုက်ပြီး ကောင်းကင်အလင်းတောင်ပံကိုအစွမ်းကုန်အသုံးပြုကာထွက်ပြေးသွားလိုက်သည်။
သူ့ခန္တာကိုယ်အတွက်ဝန်ထုပ်ဝန်ပိုးဖြစ်မည်ကိုစိတ်မဝင်စားပေ။သူလှိုဏ်ဂူထဲရောက်သည်အထိ အသက်အန္တရာယ်မကြုံသော်လည်း ဖိနှိပ်မှုကရှိနေသေးသည်။
ချူဖုန်းက မြေပေါ်သို့ရောက်သော်လည်းရပ်မနေပဲ ကောင်းကင်သို့ပျံတက်ကာ အမြင့်ဆုံး အမြန်နှုန်း ဖြင့်ပျံသန်းလိုက်သည်။
ချူဖုန်းကျိန်စာကျွန်းနှင့်မိုင်ပေါင်းများစွာဝေးကွာလာချိန်တွင် လှိုဏ်ဂူထဲမှအသံတစ်ခုထွက်လာပြီးလေဟာနယ်ပင်တုန်ခါသွားသည်။
"အင်း ဘာလိုလိုနဲ့ငါအိပ်တာ 17 နှစ်တောင်ကြာသွားတာပဲ၊မနဲထရတယ်ကွာ"
"အဲ့ စောနက ကောင်ဘယ်ရောက်သွားလဲ၊ လခွမ်းအဲ့ကောင်ပြေးတာ တော်တော်မြန်တာပဲဟ ကီလိုမီတာ 20000 ကျော်တောင်ရောက်သွားပြီဟ"
"ငါအတင်းပြန်ဆွဲခေါ်လိုက်သင့်လား၊ထားလိုက်တော့ သခင်ကြီးက အတင်းအကြပ်မလုပ်ခိုင်းဘူးလို့ပြောထားတာပဲ"
"ထားလိုက်တော့ ၊ဒါပေမယ့်လို့ဒီကောင်က ငါအိပ်နေတာကိုနှောင့်ယှက်တဲ့အတွက်တစ်ချက်လောက်တော့အရိုက်ခံသင့်တယ်"
ထိုစကားသံထွက်လာပြီးသည်နှင့် မိုင် 20000 ကျော်ကွာဝေးနေသောချူဖုန်း ကခေါင်းနောက်မှနာကျင်မှုကိုခံစားလိုက်ရကာ ဘုသီးကြီးတစ်ခုထွက်လာသည်။
"လခွမ်း ၊ နာလိုက်တာကွာ ၊ငါ့ကိုဘယ်သူတိုက်ရဲတာလဲကွ"
ချူဖုန်း ပတ်ဝန်းကျင်အားလှည့်ပတ်ကာကြည့်လိုက်သည်။ပင်လယ်ရေများက ဝိုင်းရံထားပြီး ပတ်ဝန်းကျင်တွင်ဘယ်သူမှရှိမနေပေ။
"ငါကြောက်လန့်ပြီးထင်ယောက်ထင်မှားဖြစ်တယ်ပြောရအောင်လည်း ငါခေါင်းကတကယ်နာတာဟ
ထားလိုက်တော့ ၊ကျိန်စာကျွန်းပေါ်က ခြင်ကိုက်လိုက်တာဖြစ်လိမ့်မယ်"
ချူဖုန်းက ကြောက်စိတ်ပြေအောင်သူ့ကိုသူအကြောင်းပြချက်များပေးနေမိသည်။ထို့နောက်ဆက်လက်ပျံသန်းလိုက်သည်။
ချူဖုန်းက ပျံသန်းနေစဥ်သူကောက်ယူလာခဲ့သော သွေးအနှစ်သာရများကိုထုတ်၍မကြည့်ဝံ။
သူက သူအရိုက်ခံရကြောင်းမှန်းဆမိနေသည်။ ဂူထဲမှကျွမ်းကျင်သူကလှမ်းရိုက်လိုက်ခြင်းဟုသာထင်မိသည်။ကြောက်စရာကောင်းလွန်းလှသည်။ဝေးကွာနေသော်လည်းထိုလူကသူ့ကို လှမ်း၍ဆော့ကစားနေနိုင်သေးသည်။
ထို့ကြောင့်လည်းချူဖုန်းကဆင်ခြေများပေးခြင်းဖြစ်သည်။သူက ကျွန်းပေါ်မှယူလာသော အရာများကိုမကြည့်ဝံပေ။ထိုသွေးအနှစ်သာရက ကျွမ်းကျင်သူအတွက်ဘာမှမဟုတ်သော်လည်း သူ့အားသတ်ကာပြန်ယူပါက သူဒုက္ခရောက်လိမ့်မည်။
အရမ်းကြောက်စရာကောင်းတယ်၊ငါကမ္ဘာမြေပေါ်ပြန်ပြေးရမယ်၊အဲ့လူ ကမ္ဘာပေါ်ထိစောင့်ကြည့်နိုင်တယ်ဆိုတာငါမယုံဘူးကွာ။
ချူဖုန်းက ချောက်နက်ထဲတွင်မနေချင်တော့ပေ။သူတက်နိုင်သမျှကမ္ဘာမြေပေါ်သာပြန်ချင်နေတော့သည်။ အသွင်ပြောင်းဆေးရည်ကိုသောက်ကာ နတ်ဆိုးမြို့တော်များကိုရှောင်ကွင်းကာပျံသန်းလိုက်သည်။
လမ်းတစ်လျှောက်တွင် လုံးဝ ရပ်နားခြင်းမပြုပေ။ပထမအဆင့်နှင့် ဒုတိယအဆင့်ချိတ်ဆက်ပေးထားသော တည်နေရာ ကူးပြောင်းခြင်းအစီအရင်နားရောက်မှသာ သူ သက်ပြင်းချလိုက်နိုင်သည်။
"လခွမ်း ၊ခုလောက်ဆိုရင် လုံခြုံလောက်ပါပြီကွာ"
ချူဖုန်းထိုစကားပြောပြီးတုန်းပဲရှိသေး သူ့ခေါင်းထက်တွင် နာကျင်မှုကိုခံစားလိုက်ရကာ နောက်ထပ် ဘုသီးတစ်ခုထပ်ဖြစ်ပေါ်လာပြန်သည်။
YOU ARE READING
ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း(1 to ongoing)
Adventureအဟမ်း အားလုံးပဲမဂ်လာပါဗျစာစဥ်လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ၊စနစ်ပုံစံလေးပေါ့ဗျာ၊နိုင်ငံAမှာမိုင်းတွင်းတူးဖော်တဲ့အလုပ်သမားတွေကနတ်ဆိုးတွင်းနက်ကြီးတစ်ခုကိုတူးဖော်မိသွားတယ်၊ကမ္ဘာကြီးမှာဝိညာဥ်စွမ်းအင်တွေထွက်ပေါ်လာတယ်၊အဲ့လိုပဲနတ်ဆိုးတွေလည်းပေါ်ပေါက်လာခဲ့တယ်။ရ...