ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း
အပိုင်း ( 29) ဒဏ္ဍာရီအဆင့်ကောင်းကင်အလင်းတောင်ပံ
အကြိမ် 300 မြောက်ကိုဖွင့်တော့မယ့်အချိန်မှာတော့သူ့စိတ်ထဲမှ ရွှေစာရင်း၏အသံအားကြားလိုက်ရသည်။
"လူသား ( လီတာ့ဟိုင်) သည် လျှို့ဝှက်တာဝန်အားအောင်မြင်သွားပါပြီ အကြိမ် 300 မြောက်တွင် အထူးဆုလာဒ်ဖြစ်သောဒဏ္ဍာရီပစ္စည်းအပိုင်းအစတစ်ခုအားရရှိမည်ဖြစ်သည်"
အဲ့ဒီနောက်မှာတော့ ထိုလူဟာ အဖိုးမဖြတ်နိုင်တဲ့ဒဏ္ဍာရီပစ္စည်းအပိုင်းအစဖြစ်တဲ့ ကောင်းကင်အလင်းတောင်ပံ ကိုရရှိခဲ့တယ်
အဲ့နောက်မှာတော့ထိုလျှို့ဝှက်ချက်က ပေါက်ကြားသွားခဲ့တယ်။မရေတွက်နိုင်တဲ့လူတွေက ကြေးရတနာသေတ္တာကိုဖွင့်ထဲ့ကြတယ်။တချို့ဆိုရင်အကြိမ် 1000 ဖွင့်တဲ့လူတွေတောင်ရှိခဲ့တယ်။
မကျေနပ်ကြတဲ့တချို့လူတွေကတော့ ငွေရတနာသေတ္တာနဲ့ရွှေရတနာသေတ္တာကိုဖွင့်ခဲ့ကြတယ်။နောက်ဆုံးမှာတော့တစ်ယောက်ကပုံစံတစ်ခုရှာဖွေတွေ့ရှိခဲ့သည်။
ပထမဆုံး ငွေရတနာသေတ္တာကိုအကြိမ် 300 ဖွင့်တဲ့သူက ကောင်းကင်အလင်းတောင်ပံဒုတိယပိုင်းကိုရရှိခဲ့သည်။
ပထမဆုံးရွှေရတနာသေတ္တာကိုအကြိမ် 300 ဖွင့်ခဲ့သူက ကောင်းကင်အလင်းတောင်ပံ နောက်ဆုံးပိုင်းကိုရရှိခဲ့ကာ အပိုင်းအစသုံးခုပေါင်းကာ ဒဏ္ဍာရီလာ ကောင်းကင်အလင်းတောင်ပံ ပေါင်းစပ်နည်းအား ရရှိခဲ့သည်။ထိူလူက ရွှေရတနာသေတ္တာဖွင့်ရန်အမှတ် သုံးသန်း ဆုံးရှုံးလိုက်ရခြင်း ကထိုက် တန်ခဲ့သည်။
ကောင်းလင်အလင်းတောင်ပံရဲ့စွမ်းအားက လင်းရီရဲ့ထူးဆန်းဒိုင်မေးရှင်းတံခါးနှင့်စွမ်းအားအတူတူလောက်ရှိသည်။
သို့သော်လည်းဒဏ္ဍာရီလာအဆင့်ရတနာသေတ္တာကိုဖွင့်ရန်မှာက အမှတ် 10 သန်းကုန်ချသလို ကံမကောင်းပါက ရတနာသေတ္တာမှာဗလာပင်ဖြစ်နိုင်သည်။
ထိုအချိန်ကလူသားတို့အကြားတွင်ရတနာသေတ္တာမှာခေတ်အစားဆုံးဖြစ်သည်။နောက်ပိုင်းတွင်တစ်စုံတစ်ယောက်က မဟူရာရွှေအဆင့် ရတနာသေတ္တာအားဖွင့်ချင်ခဲ့သည်။
သို့သော်လည်းအကြိမ် 300 ဖွင့်ရန်မှာ အမှတ်သန်း 30 ကုန်ကျလိမ့်မည်။ထိပ်တန်းကျွမ်းကျင်သူ 10 ယောက်ပင်လျှင်မတက်နိုင်ပေ။ထို့ကြောင့်ပင်ဘယ်သူမှဖွင့်ခဲ့ခြင်းမရှိပေ။
သို့သော်လည်းလူတိုင်းက မဟူရာရွှေအဆင့် ရတနာသေတ္တာကိုအကြိမ် 300 ဖွင့်လျှင်ဆုလာဒ်တစ်ခုရလိမ့်မည်ဟုယုံကြည်နေကြသည်။နောက်ပိုင်းတွင်ဖွင့်လားမဖွင့်လားကိုချူဖုန်းမသိတော့ပေ။ကျွမ်းကျင်သူတစ်ယောက်ကဖွင့်ခဲ့လျှင်တောင်မှထုတ်ပြောမည်မဟုတ်ပေ။
ထုံးစံအတိုင်းပင်ချူဖုန်းလိုငမွဲတစ်ယောက်ကထိုပွဲတော်တွင်ပါဝင်နိုင်ခြင်းမရှိခဲ့ပေ။
သို့သော်လည်းဒီဘဝမှာတော့ သူကပြန်လည်မွေးဖွားလာသူတစ်ဦးဖြစ်တာကြောင့်သူ့အပေါ် ဘယ်သူမှအကျောမခံနိုင်ပေ။ကြေးရတာသေတ္တာ၏ဆုလာဒ်ကိုသူကိုယ်တိုင်ပင်အရယူရမည်။
"ကြေးရတနာသေတ္တာကိုဖွင့်ပါ"
နောက်ခဏတွင်ချူဖုန်းတစ်ယောက်တည်းသာကြားနိုင်သောအသံတစ်သံထွက်ပေါ်လာသည်။
"ကြေးရတနာသေတ္တာအားဖွင့်ခဲ့ပါသည်။မူရင်းစျေး 100 မှတ် 50% လျှော့စျေး ကြောင့် 50 မှတ်သာကျသင့်ပါသည်"
[ဒင်....သက်ပြင်းပင့်ကူနည်းစနစ်*1 ကိုရရှိခဲ့ပါသည်။]
ချူဖုန်းက သူ့ကိုယ်ရေးအကျဥ်းမှသက်ပြင်းပင့်ကူနည်းပညာအားကြည့်လိုက်မိသည်။
{အဆင့် D သတ္တဝါများအားထိထိမိမိဖမ်းထားနိုင်သော သက်ပြင်းပင့်ကူနည်းစနစ်}
မျှော်လင့်ထားသည့်အတိုင်းပင်ကြေးရတနာသေတ္တာများမှပစ္စည်းများမှာကောင်းမွန်နေခြင်းမရှိပေ။ရတနာသေတ္တာကအလွတ်ဖြစ်မနေတာကပင်ကံကောင်းလွန်းနေခဲ့သည်။
ကြေးအဆင့်ရတနာသေတ္တာအားဆက်လက်ဖွင့်နေခဲ့သည်။
[ ဒင်...ခရမ်းဝိညာဥ်အသီး *5 ကိုရရှိခဲ့ပါသည်]
ချူဖုန်းမျက်ခုံးများကပင့်တက်သွားသည်။ဒါကတော့အသုံးဝင်သည်ဟုပြော၍ရသည်။ခရမ်းဝိညာဥ်အသီး 5 လုံးက အဆင့် D ပညာရှင်တစ်ဦး ဖန်တီးပေးနိုင်သည်။အဆင့် D ပညာရှင်တစ်ယောက်စားပါကလည်းကောင်းမွန်တဲ့အကျိုးသောက်ရောက်မှုကိုရလိမ့်မည်။
"ဆက်ဖွင့်မယ်"
ချူဖုန်းကရတနာသေတ္တာများကိုအရူးအမူးဖွင့်ခဲ့သည်။ဖွင့်လွန်း၍ပင်သူထုံနေပြီဖြစ်သည်။ကောင်းတဲ့အရာတွေကိုတော့မရသေးပေ။
ရရှိခဲ့သည့်ပစ္စည်းအများစုက အဆင့် D ပညာရှင်တွေအတွက်အသုံးဝင်သောအရာများသာဖြစ်သည်။အဆင့် C အတွက်ပစ္စည်းအနည်းငယ်ပါခြင်းကပင်သူ့အတွက်ကံကောင်းလွန်းသည်ဟုထင်မှတ်ရသည်။ဒါပေမယ့်ချူဖုန်းအတွက်တော့အသုံးမဝင်ပေ။
အချိန်အနည်းငယ်အကြာတွင်အသံတစ်ခုအားချူဖုန်းအားဆွဲဆောင်သွားခဲ့သည်။
[ ဒင်....အဆင့်မြင့်သားရဲဖမ်းဘောလုံး *1 ကိုရရှိခဲ့ပါသည်။]
"အာ"
ချူဖုန်းအနည်းငယ်အံ့သြ သွားမိသည်။ဒီလိုပစ္စည်းမျိုးရမည်ဟုမထင်ထားပေ။သူ့ကံကကောင်းလွန်းလှသည်။အဆင့်မြင့်သားရဲဖမ်းလောလုံးက အမှတ်တစ်ထောင်တန်ကာကြေးအဆင့်ရတနာသေတ္တာမှကရှိနိုင်သောပစ္စည်းများတွင်ထိပ်တန်းအဆင့်ဟုပြော၍ရသည်။
ထိုအဆင့်မြင့်သားရဲဖမ်းဘောလုံးကချူဖုန်းအတွက်အနည်းငယ်သာစိတ်ဝင်စားစရာဖြစ်သည်။ထိုအဆင့်မြင့်သားရဲဖမ်းဘောလုံးကအဆင့် B ကိုပင်ဖမ်းနိုင်ရန် % အနည်းငယ်ရှိသည်။
ချူဖုန်းကသာမန်အဆင့် B အိမ်မွေးတိရစ္ဆာန်ကိုစိတ်မဝင်စားပေ။ အိမ်မက်မြူခိုးသားရဲကဲ့သို့ရှားပါးသားရဲတစ်ကောင်ဆိုရင်တော့မတူခြားနားတဲ့ဇာတ်လမ်းတစ်ပုဒ်ပေါ့လေ။
နောက်ဆုံးတွင်ချူဖုန်း၏မဆုတ်မနစ်ကြိုးစားမှုကြောသ့်ကြေးရတနာ သေတ္တာ အကြိမ်သုံးရာမြောက်အားရောက်သွားလေသည်။ထိုအချိန်တွင်ရွှေစာရင်း၏အသံအားကြားလိုက်ရသည်။
[ လူသားချူဖုန်းသည်လျှို့ဝှက်တာဝန်အားပြီးဆုံးသွားခဲ့ပြီဖြစ်သောကြောင့်အကြိမ် 300 မြောက်ကြေးအဆင့်ရတနာသေတ္တာတွင် ဒဏ္ဍာရီပစ္စည်းအစိတ်အပိုင်းအားရရှိလိမ့်မည်။]
ဟူးနောက်ဆုံးတော့လည်း
ချူဖုနိးကစိတ်လှုပ်ရှားမှုကိုထိန်းချုပ်ကာ အကြိမ် 300 မြောက်ရတနာသေတ္တာအားဖွင့်လိုက်လေသည်။
[ ဒင် ဒဏ္ဍာရီအဆင့်လက်နက်အပိုင်းအစ (အလင်းနတ်သမီးရဲ့အတောင်ပံ 1 / 3 ) ကိုရရှိခဲ့တဲ့အတွက်ဂုဏ်ယူပါတယ်"]
" ရက် ဟူး ဟူး ရပြီကွ"
ချူဖုန်းသည်စိတ်လှုပ်ရှားလွန်းကာကတုန်ကရင်ဖြစ်လာသည်။ဤသည်မှာဒဏ္ဍာရီလာအဆင့်လက်နက်အပိုင်းအစတစ်ခုဖြစ်သည်။သူ့အရင်ဘဝပင် ဒဏ္ဍာရီလာလက်နက်အနည်းငယ်ကိုသာအဝေးသာမြင်တွေ့ရဖူးသည်။
ခုဘဝတွင်တော့သူ့ကိုယ်တိုင်ပိုင်ဆိုင်နိုင်ခဲ့ပြီ။ချူဖုန်းကကိုယ်ရေးအကျဥ်းအားဖွင့်လိုက်လေသည်။
အမည် - ချူဖုန်း
အဆင့် - အဆင့် C (6%)
အိမ်မွေးသားရဲ - မရှိသေးပါ
YOU ARE READING
ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း(1 to ongoing)
Przygodoweအဟမ်း အားလုံးပဲမဂ်လာပါဗျစာစဥ်လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ၊စနစ်ပုံစံလေးပေါ့ဗျာ၊နိုင်ငံAမှာမိုင်းတွင်းတူးဖော်တဲ့အလုပ်သမားတွေကနတ်ဆိုးတွင်းနက်ကြီးတစ်ခုကိုတူးဖော်မိသွားတယ်၊ကမ္ဘာကြီးမှာဝိညာဥ်စွမ်းအင်တွေထွက်ပေါ်လာတယ်၊အဲ့လိုပဲနတ်ဆိုးတွေလည်းပေါ်ပေါက်လာခဲ့တယ်။ရ...