97-98

45 2 0
                                    

ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း

အပိုင်း (97) အမှိုက်

       ချူဖုန်း၏ စကားသံက ပိုင်ကျစ်ယွမ်၏ နှလုံးသားထဲမှ ဒေါသများကို နိုးဆွပုံရဟန်တူသည်။သူ့မျက်လုံးများအတွင်းတွင် သွေးနီရောင်များ ရစ်သိုင်းလာပြီးရှောင်တိမ်းမနေတော့ပေ။
      
       ပြင်းထန်လှသော ဖိအားများအောက် ပိုင်ကျစ်ယွမ် ၏ အရိုးများက အက်ကွဲလာသည်။သို့သော်လည်းသူက ဂရုမစိုက်မိပေ။ သူ့၏ ပုံစံက တဖြည်းဖြည်းနှင့်ပြောင်းလဲလာသည်။ သားရဲနှင့်တူသော ဟစ်အော်သံအား ထုတ်လွင့်လိုက်သည်။
      
       "ဂါးးးး"
      
       ပိုင်ကျစ်ယွမ် ကတောင်ပေါ်မှဆင်းလာသောကျားတစ်ကောင်ကဲ့သို့ပင်။သူ့လက်သီးများက ကျား၏လက်သည်းများကဲ့သို့ပင် ရွှေကိုပင်အလွယ်တကူဖြတ်တောက်နိုင်သည်။သူက ချူဖုန်းအားပြင်းပြင်းထန်ထန်ပင် တိုက်ခိုက်လိုက်သည်။
      
       "ဟားးး ဒါကမှစိတ်ဝင်စားဖို့ကောင်းသေးတယ်"
      
       ချူဖုန်းက မကြောက်တဲ့အပြင် အော်ရယ်လိုက်သည်။ ပိုင်ကျစ်ယွမ် ကသူ့၏ အဆင့် C ဝိညာဥ်စွမ်းအင်များကို အစွမ်းကုန်အသုံးပြုထားသော်လည်း ချူဖုန်းက အရန်သူရဲကောင်း စွမ်းအင်ကိုသာအသုံးပြုထားဆဲပင်။
      
       ဒါကမှသာ သူ့အတွက်ပိုစိတ်ဝင်စားဖို့ကောင်းလိမ့်မည်။ချူဖုန်းက ရပ်တန့်မရသော ဓားတစ်စင်းလိုပင် ဖြစ်လာသည်။ မင်းက ကျားဆိုရင် ငါက ဓားပဲကွ ။ မင်းခန္တာကိုယ်ကိုမမှီရင် မင်းလက်သည်းတွေကိုဖြတ်ပစ်မယ်။
      
       ချူဖုန်း၏ မျက်လုံးများက စူးရှလာကာ ပိုင်ကျစ်ယွမ် အား လက်သီးဖြင့်ထိုးချလိုက်သည်။တောက်ပနေသောအလင်းရောင်များကြောင့် ခန်းမထဲကလူများက ကောင်းကောင်းမမြင်ရသော်လည်း ချူဖုန်းကပိုသန်မာကြောင်းသူတို့ခံစားမိနေသည်။
      
       ဝိညာဥ်စွမ်းအင်တွင် ချူဖုန်းက နိမ့်ကျသော်လည်း သူ့လက်သီးက သူတို့အားခံစားချက်တစ်မျိုးကိုပေးစွမ်းနေသည်။သူတို့တွေးနေစဥ် သတ္တုဒြပ်စင်လက်သီးနှစ်လုံးက တိုက်မိသွားသည်။
      
       "ဒုန်းးးး"
      
       ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ လေလှိုင်းများက ပေါက်ကွဲထွက်လာသည်။
      
       "ငါလူးမပြေးဟ"

ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း(1 to ongoing)Where stories live. Discover now