အခန်း (၉၅)
သံကြိုးဆွဲ ယာဉ်သည် သူတို့နှစ်ယောက်ကို တောင်စောင်းရှိ စမှတ်သို့ ပြန်ပို့လိုက်သည်။
ဖန်ထည် သံကြိုးဆွဲ ကားပေါ်မှ သူတို့ ဆင်းလာသော အချိန်တွင် အပြင်ဘက်ရှိ ကောင်းကင်မှာ မှောင်နေပြီဖြစ်သည်။ သံကြိုစဆွဲ ဝန်ထမ်းက သူတို့ကို ညင်ညင်သာသာ သတိပေးလိုက်သည်။
"တောင်ဆင်းလမ်းရဲ့ နှစ်ဖက်စလုံးမှာ လမ်းမီးတိုင်တွေ ရှိနေပေမဲ့ မင်းတို့ ဂရုစိုက်ဖို့ လိုသေးတယ်"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"
ကုနျန်သည် ဝန်ထမ်းအား နှုတ်ဆက်စကားပြောကာ လော့ရှိုးဆီသို့ ပြန်လျှောက်လာသည်။ သူမ၏ မျက်နှာကို မော့ကာ ပြုံးလိုက်သည်။
"မွေးနေ့ စပရိုက် နောက်ဆုံးတစ်ခု ကျန်သေးတယ် မစ္စတာလော့ရှိုး"
လော့ရှိုးက မေးလိုက်သည်။
"အဲဒါက ဘာလဲ"
ကုနျန်က မျက်တောင်ခတ်လိုက်သည်။
"အဲဒါက အံ့ဩစရာ ဖြစ်တာကြောင့် ကျွန်မ အခု မပြောနိုင်သေးဘူး။ သွားမယ်။ အဲဒါကို ကြည့်ဖို့ ကျွန်မ အခု ရှင့်ကို ခေါ်သွားမယ်"
"ဟုတ်ပြီလေ"
သံကြိုးဆွဲကား ဧရိယာမှ ထွက်လာပြီး ဝန်ထမ်းက သူတို့ကို ပြောပြထားသော တောင်ဆင်းဆီသို့ ရောက်လာသည်။ လမ်းမှာ အလွန် ချောမွေ့နေပြီး ဘိလပ်မြေများဖြင့် ပြည့်နေသည်။ ကုန်ဆင်းသည် နူးညံ့သိမ်မွေ့ပြီး ဘေးနှစ်ဖက်စလုံးတွင် ကျောက်တုံးတို လှေကားများ ရှိသည်။
လမ်းမီးတိုင်များက ရှေးစတိုင်ဖြစ်သည်။ ပုံသဏ္ဍာန်မှာ အရင်က ရေနံဆီမီးအိမ်နှင့် နည်းနည်းတူသည်။ အရောင်လည်းပဲ နူးညံ့ကာ အဝါရောင် အနည်းငယ် သမ်းနေသည်။ အထူးသဖြင့် ဒီနေ့လို ညမျိုးတွင် စိတ်ကူးယဉ် ဆန်သည်။
တစ်ခုပဲ။
ကုနျန်သည် မနေနိုင်တော့ပဲ ကြောက်ရွံ့လာသည်။
သူမ၏ တွက်ချက်မှုများထဲမှ ညအချိန်တွင် တောင်ထဲ၌ ဘယ်လောက် အေးနေမလဲဟူသော တစ်ခုတည်းသော အရာကို သူမ မေ့သွားသည်။ နေ့ဘက်တွင် အဲကွန်းခန်းထဲ၌ ကောင်းကင်ကို ရောက်သွားသလို ဖြစ်နေသော်လည်း ညဘက်တွင် မြို့ထဲရှိ ဆောင်ဦးနှောင်းပိုင်း သို့မဟုတ် ဆောင်းဦးပိုင်းနှင့် တူနေသည်။
![](https://img.wattpad.com/cover/367821309-288-k102608.jpg)