အခန်း (၈၇)
ဟိုတယ်၏ ခုနှစ်ထပ်မြောက်
အခန်း ၇၁၇၏ ရှေ့တွင်
သူတို့ နှစ်ယောက်သည် တစ်ယောက် ရှည်ပြီး တစ်ယောက်ကပုကာ မျက်နှာချင်းဆိုင် ရပ်နေကြသည်။ တစ်ယောက်က ခံစားချက်မဲ့သော အမူအရာဖြင့် သူ၏ ခေါင်းကို ငုံ့ကာ နောက်တစ်ယောက်က ခံစားချက် လေးနက်သော အမူအရာဖြင့် မော့ကြည့်နေသည်။
လေထုက ဖောက်ပြန်နေသည်။
ကုနျန်သည် နောက်ဆုံးတွင် မခံနိုင်တော့ပေ။
သူမ အဖိုးတန် သားလေးအတွက် မွေးနေ့လက်ဆောင်ကို အိပ်ချိန် နောက်ကျအောင် ပြင်ဆင်ခဲ့ရပြီး အခု မနက်လဲ အလွန်စောစော ထရသည်။ သူ၏ မျက်လုံးများကို ဖွင့်ရုံမျှသာ ထိန်းထားနိုင်သည်။ စက္ကန့် အနည်းငယ် စိုက်ကြည့်ပြီးနောက် သူမ၏ မျက်ခွံများ အလွန်နာကျင်လာကာ ငိုချင်လာသည်။
ကုနျန်သည် သူမ၏ မျက်လုံးများကို ပွတ်သပ်ကာ သူမ၏ ခေါင်းကို ငုံ့လိုက်သည်။ တစ်ချိန်တည်းမှာပင် သူမ၏ ရင်ထဲတွင် အေးစက်စွာ ခံစားလိုက်ရသည်။
သူမ သားလေး၏ တုံ့ပြန်မှုကို ကြည့်ကာ သူမ မေ့သွားနိုင်သည်။ တကယ်သာ တစ်ခုခု ဖြစ်ခဲ့လျှင် အနာဂတ်တွင် ကျော်ကြားလာလျှင် သူ့အတွက် အလွန် ကြောက်စရာ ကောင်းသော ချိန်ကိုက်ဗုံး တစ်လုံး ဖြစ်လိမ့်မည်။
မဟုတ်ဘူး... သူသည် ကျုံးရှစ်ယီနှင့် ကိစ္စများကို ရှင်းရှင်းလင်းလင်း လုပ်သင့်သည်။ သူတို့နှစ်ယောက်၏ ဆက်ဆံရေးကို ဖြစ်ချင်သည် ဖြစ်စေ ရိုးရှင်းတဲ့ အချစ်ရေး စုံတွဲ ဖြစ်ချင်သည် ဖြစ်စေ စည်းတစ်ခုကို ရှင်းရှင်းလင်းလင်း ဆွဲသင့်သည်။ သူမသည် အနာဂတ်တွင် အတင်းအဖျင်း တစ်စွန်းတစ်စ သို့မဟုတ် ဖုံးကွယ်ထားသော အန္တရာယ်ကို မချန်ထားနိုင်ပေ။ ၎င်းမှာ သူတို့နှစ်ယောက်လုံး၏ အသက်မွေးဝမ်းကြောင်း အတွက် အကျိုး ဖြစ်ထွန်းသော အရာဖြစ်သည်။
ကုနျန်သည် သူမ၏ အဖိုးတန် သားလေး ဖော်ထုတ်ခံရလျှင် ဘာလုပ်ရမလဲ ဆိုတာကို တွေးနေသော အချိန်တွင် အခန်းထဲရှိ ကျုံးရှစ်ယီသည် အခန်းထဲတွင် ထုံထိုင်းတိတ်ဆိတ်စွာ ရိုက်မနေနိုင်တော့ပဲ ဝင်ပေါက်သို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။
"မစ္စတာလော့ရှိုး ရှင့်မှာ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ အာရုံစိုက်ဖို့ ရှိနေသေးတာလား"
စက္ကန့် အနည်းငယ် ကြာပြီးနောက် လော့ရှိုးသည် ကုနျန် ထံမှ ဖြည်းညင်းစွာ လှည့်ကြည့်လိုက်သည်။
သူသည် ဘေးဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ဟုတ်တယ် မင်း အရင် သွားနိုင်တယ်"
"ကောင်းပြီ ဒါဆို ကျွန်မ....."
သူမ မော့မကြည့်ခင်အထိ ကျုံးရှစ်ယီသည် ငုံ့ကြည့်နေတာကို ထိန်းထားသည်။ လော့ရှိုး၏ ခဲဖျော့ရောင် ပိုးသား ညဝတ်အင်္ကျီပေါ်တွင် ပန်းပွင့် ပွင့်ချပ်များကို သူမ မြင်သော အချိန်တွင် ကြောင်သွားသည်။
သူမ၏ အမေလည်း ဖြစ်သော သူမ၏ မန်နေဂျာသည် လော့ရှိုးနှင့် တုန့်ပြန်သော အချိန်တွင် တားမြစ်ချက် အချို့ကို အာရုံစိုက်ရမည်ဟု သူမကို ထပ်ခါတလဲလဲ အလေးပေး ပြောကြားခဲ့သည်။ အလေးနက်ဆုံး တားမြစ်ချက် တစ်ခုမှာ လော့ရှိုး၏ ပြင်းထန်သော အသန့်ကြိုက် ရောဂါဖြစ်သည်။
ဒီအဆင့်ကို သူခံနိုင်ရည် ရှိမှာလား။
ကျုံးရှစ်ယီသည် သူ၏ အကြည့်များကို တံခါးပေါက်၏ အပြင်ဘက်တွက် ရပ်နေသော မိန်းကလေးဆီသို့ ရွှေ့လိုက်သည်။
မိန်းကလေးသည် ခေါင်းကို ငုံ့ကာ သူမ၏ မျက်လုံးများကို ပွတ်နေသည်။
သူမ၏ ရှည်လျားသော ဆံပင်နှင့် လက်က သူမ၏ မျက်နှာကို ဖုံးအုပ်ပြီးသား ဖြစ်သော်လည်း ကျုံးရှစ်ယီသည် သူမအား တစ်ချက် ကြည့်ယုံဖြင့် မှတ်မိနိုင်သည်။ သူမသည် အစားထိုးခံရသော စာရေးဆရာလေး ဖြစ်သည်။
မိန်းကလေး၏ နီမြန်းနေသော မျက်လုံးများကို သတိပြုမိကာ ကျုံးရှစ်ယီက တစ်ခုခုကို တွေးမိကာ အံ့ဩသွားသည်။
"မိန်းကလေးကု အထင်မလွဲပါနဲ့။ ကျွန်မတို့က ......"
"မိန်းကလေးကျုံး"
လော့ရှိုးက ကြားဖြတ်လိုက်သည်။
"ဟမ်"
ကျုံးရှစ်ယီက လှည့်လိုက်သည်။
လော့ရှိုး၏ မျက်လုံးများက အေးစက်ကာ ဘာမှ မထူးခြားပေ။ သူသည် တံခါးကို ညွှန်ပြကာ.....
"မင်း အရင် သွားနှင့်လိုက်ပါ"
"ဟုတ်ပါပြီ။ ဟုတ်ပါပြီ"
လော့ရှိုး၏ မဖော်ရွေသော ခံစားချက်ကို သတိပြုမိကာ ကျုံးရှစ်ယီသည် ဘာကိုမှ မပြောရဲတော့ပေ။ သူသည် အမြန် ထွက်မသွားခင် ကုနျန်ကို မဝံ့မရဲ ကြည့်လိုက်သည်။
+++++++++
တယ်လီဂရမ်ဂရုလေးမှာ အဆုံးထိ ပြီးသွားပါပြီနော်။ Swae Nyoe Sales Channel (Telegram)https://t.me/swaesaleschannel
![](https://img.wattpad.com/cover/367821309-288-k102608.jpg)