Unicode
မင်းဆက် ညက အတွေးနယ်ချဲ့ပြီး ဘယ်လို အိပ်ပျော်သွားလဲ တောင် မသိပါ.... မာမီလာခေါ်နိုးတော့မှပဲ မင်းဆက် နိုးတော့တာ။
"သား မင်းဆက် "
"ဗျာ မာမီ"
"ခနနေ ဧည့်သည်တွေရောက်တော့မယ် သေချာပြင်ဆင်လိုက်အုံးနော် မာမီ အောက်ထပ်မှာ ဧည့်သည်လာရင် ကြိုဖို့အဆင်သင့်စောင့်နေလိုက်အုံးမယ်"
"ဟုတ်ပြီ မာမီ ကျွန်တော် ရေချိုး အဝတ်လဲပြီးရင် ဆင်းခဲ့လိုက်မယ်"
"အေအေ မကြာစေနဲ့နော်"
"ဟုတ်ပါပြီ မာမီရယ်"
ဒေါ်မြယမုံ ပြောပြောဆိုဆိုဖြင့် ဧည့်သည်စောင့်ရန် အိမ်အောက်ထပ်သို့ဆင်းသွားတော့သည်။
ဒီနေ့ မင်းဆက် တို့ အိမ်သစ်တတ်ပွဲမို့ ခြံထဲမှာတော့ အလုပ်သမားများ အလုပ်ရှုပ်နေကြသည်။
မင်းဆက်လည်း ရေချိုးကာ ဗီဒို ထဲမှာ ခဲရောင်shirt တစ်ထည်နှင့် ကွက်စိပ် ပုဆိုး တစ်ထည်ထုတ်ဝတ်ကာ ဘယ်ဘက်လက်တွင် DK watch လေးပတ်ကာ အိမ်အောက်သို့ဆင်းခဲ့လိုက်သည်။မင်းဆက်အိမ်အောက်ရောက်တော့ မင်းဆက် သူငယ်ချင်းနဲ့ ဆွေမျိုးတစ်ချို့ကရောက်နှင့်နေပြီ ဖြစ်သည်။
အိမ်သစ်တတ်ပွဲဆို၍ လူများများစားစား ဖိတ်ထားခြင်းမရှိပါ၊ မင်းဆက် သူငယ်ချင်းများရယ် ၊ အမျိုးတချို့ရယ် ပတ်ဝန်းကျင်သစ်မှ မိတ်ဆွေ အနည်းငယ်ကိုသာဖိတ်ထားခြင်းဖြစ်သည်။
သူငယ်ချင်းဆိုလို့လည်း မင်းဆက်မှာ ကောင်းမြတ်နဲ့ ပိုင်ဇေ ဆိုတဲ့သူငယ်ချင်းနှစ်ယောက်ပဲရှိတာ၊မင်းဆက်နဲ့ငယ်ပေါင်းမို့ အကြောင်းသိ ခင်ခဲ့တာ ဆယ်စုနှစ်မနည်းတော့ပါ။
"ဟျောင့် မင်းဆက် ကြာလှချည်လားကွ အိမ်သစ်တတ်နော် မင်းမင်္ဂလာဆောင်မှာမဟုတ်ဘူး အဲ့လောက်ထိုင်ပြင်နေစရာလိုလို့လား"
ဟုပိုင်ဇေမှ မင်းဆက်အား ခပ်နောက်နောက်ဖြစ်စလိုက်လေသည်။"ဟ ဘာလဲ အရမ်း handsomeဖြစ်နေတော့မနာလို့သွားတာလား ပိုင်ကြီး"
"ဘော ကိုမနာလို မင်းကိုစောင့်နေရတာကြာလို့ပြောနေတာဟ"
YOU ARE READING
𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) Complete
Fanfiction"မေတ္တာရဲ့ ဆန့်ကျင်ဘက်မှာ ရောင်ပြန်ဟပ်ခြင်းရှိတယ် ချစ်ခြင်းရဲ့ ဆန့်ကျင်ဘက်မှာ အမုန်းတရားရှိတယ် ကိုယ်ကတော့ ရောင်ပြန်ဟပ်တဲ့ မေတ္တာနဲ့ တစ်သက်လုံးခင်ဗျားလေး ကိုလွှမ်းမိုးထားမှာ"