Unicode
မိုးစက်တို့ ခုဆိုရင် အိမ်ထောင်သက် ၃လ ရှိပြီဖြစ်သည်။မိုးစက်ကလည်း မိုးစက်ရဲ့ပန်းဆိုင်လေးကို တနိုင်တပိုင်လေးဖွင့်ထားပြီး ဝန်ထမ်းအနည်းငယ်ခန့်ထားသည်။ဝန်ထမ်းလေးတွေက သိတတ်ပြီး လိမ္မာတော့ မိုးစက် မရှိရင်လည်း မန်နေဂျာ ညီမလေးက သေချာလေးကို စီစစ်ပေးသည်။အဲ့တော့ အလုပ်နဲ့ပတ်သက်ပြီး ပူစရာတော့သိပ်မရှိပါ။မိုးစက်တို့ ဆိုင်မှာ တင်တဲ့ပန်းလေးတွေကတော့ မှော်ဘီက ကိုကို့ရဲ့ ပန်းခြံထဲက ကုန်ကြမ်းယူတာများသည်။တကယ်တမ်း ကိုကို့အနေအထားနဲ့ဆို မိုးစက် အလုပ်လုပ်စရာ မလိုတာမှန်ပေမယ့် မိုးစက်ဝါသနာအရလေးသာ လုပ်နေခြင်းဖြစ်သည်။ကိုကိုကတော့ အလုပ် သိပ်လုပ်စေချင်သည့်ပုံမပေါ်ပါ။ဒီ ၃လ အတွင်းမှာ မိုးစက် ကိုကို့ အကြောင်း သိလိုက်ရတာကတော့ ကိုကိုက ကုတင်ပေါ်က ကိစ္စနှင့်ပတ်သက်ပြီး နေ့မရှောင် ညမရှောင် ကိုဖြစ်တာပဲ။ပြီးတော့ ကိုကိုက ကလေးဆိုးကြီးလိုပင် မရမက ညော်တတ်သေးသည်။ခုလည်း ကိုကိုက မိုးစက် ကြော်ကျွေးသည့် ပါမုန့်ကြက်ဥကြော်လေး စားချင်သည်ဆိုတာနဲ့ မိုးစက် ကြော်ပေးနေခြင်းဖြစ်သည်။
မိုးစက် ပါမုန့်ကြက်ဥကြော် ကြော်နေရင်း ပျို့ချင်သလို ဖြစ်လာတာနဲ့ မီးဖိုခလုတ်ပိတ်ကာ ဘေစင်ကို သွားလိုက်သည်။
မိုးစက် စိတ်က ထင်နေလို့လားပဲမသိပါ။ဒါပေမယ့် သေချာ ပြန်စဥ်းစားကြည့်လိုက်တော့ မိုးစက် ရာသီမလာတာ ၂လလောက်ရှိပြီ မလား ။မိုးစက်လည်း စိတ်ထဲ မသင်္ကာလာတာနဲ့ အပေါ်ထပ် တတ်ကာ အရံသင့်ဝယ်ထားတဲ့ စီးစစ်တံလေးကို ယူပြီး ရေချိုးခန်းထဲဝင်ကာ စစ်လိုက်သည်။
"အား....ကိုကို..ဟင့်...ကိုကိုလို့"
မင်းဆက် အပေါ်ထပ်မှာအဝတ်လဲနေတုန်း သဲငယ်လေးက အပေါ်ထပ်တတ်လာပြီး ဘာတွေလုပ်နေမှန်းမသိဘဲ ရေချိုးခန်းထဲဝင်သွားသည်။ခနနေတော့ အသံအကျယ်ကြီးနဲ့ အော်လာတာမို့ မင်းဆက်လည်း စိတ်ပူပြီး အမြန်သွားလိုက်သည်။
"သဲငယ်လေး...ဘာဖြစ်တာလဲ...ကိုယ်ရှိတယ်လေနော်...ကိုကိုရှိတယ်"
"ကိုကို....ဟင့်"
"အင်း ...သဲငယ် ဘာဖြစ်လို့လဲဟင်"
YOU ARE READING
𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) Complete
Fanfiction"မေတ္တာရဲ့ ဆန့်ကျင်ဘက်မှာ ရောင်ပြန်ဟပ်ခြင်းရှိတယ် ချစ်ခြင်းရဲ့ ဆန့်ကျင်ဘက်မှာ အမုန်းတရားရှိတယ် ကိုယ်ကတော့ ရောင်ပြန်ဟပ်တဲ့ မေတ္တာနဲ့ တစ်သက်လုံးခင်ဗျားလေး ကိုလွှမ်းမိုးထားမှာ"