Unicode
ဉာဏ်မင်းစက် မနက်အိပ်ယားနိုးပြီး မှန်သွားကြည့်လိုက်တော့ မျက်နှာက သိပ်မသိသာတော့ပေ။အဲ့တာနဲ့ပဲ သူလည်းရေချိုးပြီး ဒီနေ့ ကျောင်းခွင့်ယူထားတာနဲ့ ဖုန်းခနထိုင်သုံးနေလိုက်သည်။ခနနေ သူတစ်ခုသတိရလာတာက ကိုကြီးမင်းဆက်ကို ကြွားရအုံးမည်ကို သတိရလာကာ ကိုကြီးမင်းဆက်ဆီ ဖုန်းဆက်လိုက်သည်။
"Hello ကိုကြီး မင်းဆက်"
"ပြော ယောက်ဖလေး"
"ကိုကြီးကိုပြောစရာရှိတယ်"
"ပြောလေ"
"အဟမ်း ကျွန်တော်နဲ့ ချောနဲ့ ချစ်သူတွေ ဖြစ်သွားပြီနော်"
"ဟ မင်းတို့က သွက်လှချည်လား"
"သွက်တာရယ်လို့တော့မဟုတ်ပါဘူး"
"ဟုတ်ပြီကွာ congratulationsယောက်ဖလေးရာ"
"ကျွန်တော်ကော ဘယ်အချိန် congratulations ပြန်လုပ်ရမှာလဲ ကိုကြီးတို့က အိစိအိစိနဲ့ ခုထိ အခြေအနေမတိုးတတ်သေးဘူးလား"
"အခြေအနေကတော့တိုးတတ်ပါတယ်ဗျာ ဒါပေမယ့် ကိုယ်ပြောဖို့ အချိန်တစ်ခုစောင့်နေတာ"
"ကိုကြီး ဆက်က အချိန်တစ်ခုကို စောင့်နေလိုက် အဲ့မှာ မမမိုးစက်ကတော့ ခုတလော ဖုန်းကြည့်ပြီး ဘာတွေ ပြုံးနေလဲ မသိဘူး ပြီးတော့ ဟို ငယ်ငယ်က မမ မိုးစက် သဘောကျနေတဲ့ ကိုကြီးက လည်း ခု မြန်မာနိုင်ငံကိုပြန်ရောက်နေပြီ နော် ပါသွားမှဖြင့် ယောက်ဖလေးရေ ကူပါကယ်ပါလုပ်မနေနဲ့"
"ဟား မင်းကတော့နောက်ပြီ"
"မနောက်ဘူးနော် ကိုကြီးမင်းဆက် တကယ်အတည်ပြောတာ"
"ဟုတ်ပါပြီကွာ ဒါနဲ့လေ ချာတိတ် မွေးနေ့ကနီးလာပြီလေ သူဘာကြိုက်တတ်လဲ အကြံပေးပါလား"
"မမ လား သူက အကုန်ကြိုက်တယ် ဘာပေးပေးယူတယ် ကိုကြီးကြိုက်တာပေးလိုက်...ဒါမဲ့ သူ့ကို အစားအသောက်နဲ့ဆွဲဆောင်ရတာ အလွယ်ဆုံးပဲ"
"ဟား ဟုတ်ပါပြီကွာ"
မင်းဆက်လည်း ယောက်ဖလေး နဲ့ဖုန်းခနအကြာပြောပြီး ဖုန်းချကာ ချာတိတ်ဆီကို ဖုန်းလှမ်းခေါ်လိုက်သည်။
YOU ARE READING
𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) Complete
Fanfiction"မေတ္တာရဲ့ ဆန့်ကျင်ဘက်မှာ ရောင်ပြန်ဟပ်ခြင်းရှိတယ် ချစ်ခြင်းရဲ့ ဆန့်ကျင်ဘက်မှာ အမုန်းတရားရှိတယ် ကိုယ်ကတော့ ရောင်ပြန်ဟပ်တဲ့ မေတ္တာနဲ့ တစ်သက်လုံးခင်ဗျားလေး ကိုလွှမ်းမိုးထားမှာ"