Unicode
တစ်ဖက်က မင်းဆက်မှာလည်း Make upမာမီက မျက်နှာ အနည်းငယ်လိမ်းပေးရင်းစကားဆိုလာသည်။
"သတို့သမီးလေးကတော့ လုံးဝ perdectဖြစ်နေပြီနော် သတို့သားကြီးရေ"
ဆိုသော အပြောကြောင့် မင်းဆက်မှာ သဲငယ်လေးကို အမြန် ထပြီးသွားတွေ့လိုက်ချင်ပေမယ့် သဲငယ်လေးက မတွေ့ရဘူး ပြောထားလို့သာ သည်းခံပြီးနေနေရတာ။
"ကဲ သတို့သား ပြီးပြီနော် "
"ဟုတ်ကျေးဇူးပါ"
ပြီးတာနဲ့မင်းဆက်လည်း ဝတ်စုံဝတ်ကာ သူရနဲ့ဉာဏ်မင်းစက်နဲအတူ ခန်းမ ဘက်ကိုအရင်ထွက်ခဲ့လိုက်သည်။၈နာရီခွဲနေပြီမို့ လူကစုံသလောက်နီးပါးရှိနေပြီဖြစ်သည်။
"ဟ သတို့သားကြီး တယ်ခန့်နေပါလား"
မင်းဆက်ဝင်လာတော့ ပိုင်ဇေက လှမ်းပြောလာသည်။ပိုင်ဇေ့ဘေးကို ကြည့်လိုက်တော့လည်း ကောင်းမြတ်နဲ့ ပုလဲက ပါရောက်နေပြီ ဖြစ်သည်။မင်းဆက်တို့လည်း ပွဲက မစသေးတာနဲ့ ပိုင်ဇေတို့ဝိုင်းမှာ ခနသွားထိုင်လိုက်သည်။
မင်္ဂလာပွဲကိုတော့ သဲငယ်လေး စိတ်တိုင်းကျ မင်းဆက်က ဖြည့်ဆည်းပေးသည်။သတို့သားအရံနဲ့သတို့သမီးအရံကို နှစ်တွဲထားသည်။ဉာဏ်မင်းစက်တို့ အတွဲရယ် သူရတို့အတွဲရယ်၊အခမ်းအနားမှူးကြီးက တော့ ပိုင်ဇေ၊လက်စွပ်ကိုင်လေးကတော့ ဂျက်ဂျက်နဲ့ ပန်းကြဲကတော့ ဂျူဂျူးလေးပင် ဖြစ်သည်။
မင်းဆက် တစ်ဖက်ကို ကြည့်လိုက်တော့ ရှေ့ဆုံး Family tableမှာ မင်းဆက်မာမီရယ် ၊သဲငယ်ရဲ့ မိဘနှစ်ပါးရယ် ကိုစိုင်းတို့လင်မယားရယ်၊သဲငယ်ရဲ့တောင်ကြီးက အဖိုးအဖွားနဲ့ အဒေါ်တို့ရယ်က တစ်ဝိုင်းထိုင်ပြီး စကားပြောကာရယ်မောနေကြသည်။မင်းဆက် နှစ်ဖက် မိသားစု အဆင်ပြေနေတာကို ကြည့်ပြီးစိတ်ချမ်းသာ မိသည်။
"ကဲ မင်းဆက် ၈နာရီ ၄၅ ရှိပြီဆိုတော့ ငါ စင်ပေါ်တတ်ပြီနော်"
ပိုင်ဇေက ပြောလာသည်။သူက အခမ်းအနားမှူးဆိုတော့ သူလုပ်စရာရှိတာတွေ လုပ်ရမည်မလား။
"အေအေ ဟုတ်ပြီကွာ"
ပိုင်ဇေကတော့ ပြောပြီး စင်ပေါ်သို့ တတ်သွားသည်။
YOU ARE READING
𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) Complete
Fanfiction"မေတ္တာရဲ့ ဆန့်ကျင်ဘက်မှာ ရောင်ပြန်ဟပ်ခြင်းရှိတယ် ချစ်ခြင်းရဲ့ ဆန့်ကျင်ဘက်မှာ အမုန်းတရားရှိတယ် ကိုယ်ကတော့ ရောင်ပြန်ဟပ်တဲ့ မေတ္တာနဲ့ တစ်သက်လုံးခင်ဗျားလေး ကိုလွှမ်းမိုးထားမှာ"