Part 34 +++

1.6K 16 1
                                    

*Mature on*
*Warning Alert*

Unicode

"ကိုကြီး...သော်တာ့ ကိုတကယ်မချစ်ဘူးလားဟင်"

အမူးသမားလေးက အာလေးလျှာလေးနဲ့မေးလာသည်။

"ကိုယ်မင်းကို သိပ်ချစ်တာပေါ့ ...ဘယ်လိုလုပ် မချစ်ဘဲ နေနိုင်မှာလား"

သူရ က ကားမောင်းနေရင်း သော်တာ့ဘက်ကို စောင်းငဲ့ကာ ဆိုလိုက်သည်။သူရ ပြောနေပေမယ့် အမူးသမားလေးကတော့ ဘာမှသိမည့်ပုံမပေါ်ပါ။အမူးသမားလေးက ပါးစပ်ကနေဘာတွေ ပွစိပွစိပြောနေလည်း မသိပါ။နှုတ်ခမ်းဆူလိုက် လက်ညိုးတထိုးထိုးနှင့်တစ်ယောက်ထဲ ရှုပ်နေသည်။

သူရလည်း ကားမောင်းနေရင်း အတွေးနယ်ချဲ့ကာ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချလိုက်သည်။

သူရ ကိစ္စတွေ အားလုံးကိုရင်ဆိုင်လိုက်တော့မည်။သူသိပ်ချစ်ခဲ့ရတဲ့ သူ့ထက်ငယ်တဲ့ ကောင်မလေးကတောင် အရာအားလုံးနဲ့ယှဥ်ရင် သူ့ကိုပဲရွေးမှာ သိသိရက်နဲ့ သူရ ဘာလို့ သူရဲဘောကြောင် ခဲ့မိပါလိမ့်။ဝေယံ ပြောသလိုပဲ ဒီတစ်ခါ လက်လွှတ်ရင် တစ်သက်လုံး ဆုံးရှုံးရတော့မှာ ....သူရလည်း ချစ်ခြင်းမေတ္တာနဲ့ထိုက်တန်တယ်မလား။

သူရလည်း ကားကိုဖြေးဖြေးမှန်မှန်လေးမောင်းပြီး ကွန်ဒိုရောက်တော့ အမူးသမားလေးကို ပွေ့ချီကာ အခန်းဆီကိုဦးတည်ခဲ့သည်။

သော်တာ့ကို ​ဖိနပ်သေချာချွတ်ပေးပြီး သူ့ကုတင်ပေါ်နေရာ တကျ တင်ပေးလိုက်သည်။

"ကိုကြီး သော်တာ့ကို ချစ်လားဟင်"

သူရ ...သော်တာ့ကို ကုတင်ပေါ်ချပေးပြီး အဝတ်စားလဲဖို့ ထွက်မည်အပြု သော်တာက သူရလက်ကို ဆွဲပြီး မေးလာသည်။
မေးသာမေးတာ သူ့ဟာသူတောင် အသိစိတ်ကကပ်မနေပါ။

"အွန်း ကိုယ်ချစ်တယ်နော်"

"လူလိမ်....ကိုကြီးသူရက လူလိမ်ပါဗျို့"
သော်တာက အိပ်နေရာမှ ငုတ်တုတ်ထထိုင်ကာထအော်လာသည်။

"ရှူး....တိုးတိုးလေး သော်တာလေး"

"လူလိမ်ကြီး ....ချစ်ရဲ့သားနဲ့ မချစ်ဖူးပြောတယ် လူလိမ်ကြီးပါဗျို့"

𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) CompleteWhere stories live. Discover now