Unicode
မင်းဆက် ပင်ပန်းထားတဲ့အရှိန်နဲ့ အိပ်လိုက်တာ ညနေခင်း လေး နာရီလောက်မှနိုးလာတော့တယ် ....လန်းဆန်းသွားအောင် ရေမိုးချိုးကာ မင်းဆက် အခန်းရှေ့ ဝရံတာနားမှာ ထိုင်ကာ ဘာရယ်မဟုတ် ပတ်ဝန်းကျင် ကိုစူးစမ်းနေလိုက်သည်။မထင်မှတ်ပဲ မင်းဆက် ရဲ့ အမြင်အာရုံထဲ ရောက်လာတာ ကတော့ ဘေးအိမ်က ချာတိတ်လေး။
မင်းဆက် က အပေါ်ဆုံးထပ်မှာနေတာ ဆိုတော့ ချာတိတ် ကိုရှင်းရှင်း လင်းလင်း မြင်နေရသည်....ချာတိတ်က သူ့ခြံထဲမှာ ကလေးနှစ်ယောက်နှင့် ကစားနေခြင်းဖြစ်သည်။ ကလေးများနှင့်အပြိုင်ဆော့နေသည်မှာ ထိန်းမနိုင်လောက်အောင်ပင်။
ဘာရယ်မဟုတ် မင်းဆက် ထိုမြင်ကွင်းလေးကို အကြာကြီး ငေးကြည့်နေမိသည်။
မင်းဆက် ခုတလော ကိုယ့်ကိုကိုယ် ဘာဖြစ်နေမှန်းတကယ်မသိတာ။ ထိုချာတိတ်ကို မြင်တဲ့အခါတိုင်း တမေ့တမျောကြီး ငေးနေမိသလို အတွေးထဲ ခဏခန ဝင်လာတတ်သေးသည်။မင်းဆက် ကိုယ့်ကိုကိုယ် အတည်ပြုရန် လိုသေးသည်။မင်းဆက် အတွေးတို့အား ရုတ်သိမ်းပြီး အခန်းထဲပြန်ဝင်ကာ အဝတ်အစားလဲပြီး မာမီ ရှိရာ အခန်းထဲသို့လာခဲ့လိုက်သည်။
"မာမီက အဆင်သင့်တောင်ဖြစ်နေပြီပေါ့"
မင်းဆက်က အခန်းတံခါးအသာဖွင့်ရင်းဆိုလေတော့
"ဟုတ်ပ မာမီက လုပ်စရာမှ မရှိတာ အဲ့တော့ အမြဲတမ်း အဆင်သင့်ဖြစ်နေတာ"
"မာမီ တို့ကတော့အမြဲတမ်းတတ်ကြွနေတာနော်"
"အမယ် အမေကိုပဲပြောမနေပါနဲ့ ..သားအဆင်သင့်ဖြစ်ရင်သွားကြမယ်လေ သက်ထားတို့ မျှော်နေရအုံးမယ်"
"ဟုတ် သားအဆင်သင့်ဖြစ်ပြီ သွားကြမယ်လေ မာမီ ..ဒါနဲ့ တစ်ခုခုဝယ်သွားအုံးမလား မာမီ "
"မဝယ်တော့ဘူးလေ ...မာမီနဲ့သက်ထားတို့ဆက်ဆံရေးက လက်ဆောင်ပေးရတဲ့ဆက်ဆံရေးမဟုတ်ဘူး ညီအမဆက်ဆံရေးလိုတောင်ဖြစ်နေပြီ ..နောက်လည်းတွေ့ရအုံးမှာ နောက်မှ တခုခုစီစဉ်ကြမယ် လက်ဆောင်ဝယ်သွားမှဖြင့် သက်ထား စိတ်ဆိုးနေအုံးမယ်"
YOU ARE READING
𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) Complete
Fanfiction"မေတ္တာရဲ့ ဆန့်ကျင်ဘက်မှာ ရောင်ပြန်ဟပ်ခြင်းရှိတယ် ချစ်ခြင်းရဲ့ ဆန့်ကျင်ဘက်မှာ အမုန်းတရားရှိတယ် ကိုယ်ကတော့ ရောင်ပြန်ဟပ်တဲ့ မေတ္တာနဲ့ တစ်သက်လုံးခင်ဗျားလေး ကိုလွှမ်းမိုးထားမှာ"