Unicode
မနက် မိုးစက်တို့ အိပ်ရေးဝအောင် အိပ်ပြီးမှ မျက်နှာသစ်ကာ အိမ်အောက်တို့ဆင်းခဲ့ကြသည်။
"မေမေ မနက်စာ အတွက် မိုးစက် ဘာကူပေးရအုံးမလဲဟင်"
"ဘာမှကူစရာမလိုတော့ဘူး သမီး မာမီတို့က ဒီမနက် မြ တို့အိမ်မှာ မုန့်ဟင်းခါးချက်တာ ခေါ်တာနဲ့ မနက်စာ သွားစားပြီးပြီ"
"ဟမ်း အဲ့တာဆို သမီးတို့ကိုကော"
"သမီးတို့ကိုရော မြ က ခေါ်ထားတာ မနက်စာ လာစားတဲ့ သမီးကိုကြီးတို့က သမီးတို့နဲ့တူတူစားဖို့စောင့်နေတာ အမြန်သွားကြ"
"ဟုတ်မေမေ"
" လာ ပုလဲနဲ့သော်တာ ကိုကြီးတို့ အိမ်ဘက်သွားရအောင်"
"အေအေ"
မိုးစက်တို့ သုံးယောက် စကားပြောရင်း ကိုကြီးတို့အိမ်ဘက်ကူးလာလိုက်သည်။အိမ်ထဲဝင်တော့ ကိုကြီးနဲ့သူသူငယ်ချင်းတွေက ဧည့်ခန်းမှာ စကားပြောကာထိုင်စောင့်နေကြသည်။
"ကိုကြီး မိုးစက်တို့ရောက်ပြိိီ"
"လာချာတိတ် သွားစားကြမယ်"
"ဟုတ် "
မိုးစက်နဲ့ ကိုကြီးသူငယ်ချင်းက ဝင်ထွက်နေကြဆိုပေမယ့် ပုလဲနဲ့သော်တာကတော့ ခုမှရောက်ဖူးတာဆိုတော့ နည်းနည်းတော့အားနာနေပုံရသည်။
"ညီမတို့ အားမနာနဲ့နော် အဆင်ပြေသလိုထည့်စားနော်"
"ဟုတ်ကဲ့ပါ ကိုကြီးမင်းဆက်"
"ကိုကြီး ဒါနဲ့တီတီမြကော"
"မာမီက အပေါ်ထပ်မှာ"
"ဟုတ်လား"
"အွန်း စကားကိုနောက်မှပြော ဒီမှာ မာမီက မင်းကြိုက်တယ်ဆိုလို့ တစ်ကူးတစ်က ချက်ပေးထားတာ မြည်းကြည့်အုံး"
"ဟီး ဟုတ်ကိုကြီး အဲ့တာကြောင့် တီတီမြ ကိုချစ်နေရတာ"
"ကိုယ့်ကိုကော??"
"ဟား ကိုကြီးကလည်း"
"ဟေ့ ဟိုနှစ်ယောက် အစားစားခါနီးတိုးတိုး
တိုးတိုးနဲ့ လှုပ်မနေကြနဲ့နော် မနက်စာအေးဆေးစားပါရစေ ခွေးစာတွေအနင်မခံချင်လို့ပါ"
YOU ARE READING
𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) Complete
Fanfiction"မေတ္တာရဲ့ ဆန့်ကျင်ဘက်မှာ ရောင်ပြန်ဟပ်ခြင်းရှိတယ် ချစ်ခြင်းရဲ့ ဆန့်ကျင်ဘက်မှာ အမုန်းတရားရှိတယ် ကိုယ်ကတော့ ရောင်ပြန်ဟပ်တဲ့ မေတ္တာနဲ့ တစ်သက်လုံးခင်ဗျားလေး ကိုလွှမ်းမိုးထားမှာ"