Part 32

919 14 3
                                    

Unicode

၁နှစ်ကြာပြီးနောက်>>

မိုးစက်တို့ ဒီနေ့တော့ ကျောင်းပြီးလို့ ဘွဲ့ယူကြတဲ့နေ့ဖြစ်သည်။ရာသီတွေ အလီလီပြောင်းတာတောင် မပြောင်းလဲတာကတော့ မိုးစက်နဲ့ကိုကို့ရဲ့ အသိုက်အဝန်းလေးပါပဲ။ကိုကိုနဲ့ မိုးစက်ကတော့   ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ အဆင်ပြေနေပါသည်။ပုလဲနဲ့ ကိုကောင်းမြတ်ကတော့ စေ့စပ်ထားပြီးကြပြီး ကျောင်းပြီးတာနဲ့ လက်ထက်ပြီး ကိုကြီးကောင်းမြတ်တို့ မိဘတွေရှိတဲ့ UKမှာ ပြန်ပြီးအခြေချမှာ ဖြစ်သည်။ဉာဏ်မင်းစက်နဲ့ချောကတော့ ငယ်သေးတော့ အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါးပဲနေကြသေးသည်။သော်တာကတော့ ဒီနေ့ဘွဲ့ယူပြီးရင် သူ့ကိုကြီးသူရ ကိုသွားဖွင့်ပြောမယ်လို့လုပ်ထားတယ်။သူတို့လည်း ဒီတစ်နှစ် အတွင်းမှာ ရင်းနှီးသင့်သလောက်ပြန်ရင်းနှီးကြသည်။ကိုကြီး ပိုင်ဇေကတော့ ထုံစံအတိုင်းတစ်ကိုယ်တည်းပေါ့။ဝေယံကတော့ သော်တာ့ကိုဖွင့်ပြောခဲ့ပြီး သော်တာက သူကိုကြီးသူရကိုပဲ ချစ်ကြောင်း၊သူ့ကိုလည်းမောင်လေးတစ်ယောက်ထက် မပိုကြောင်းသေချာပြောပြခဲ့သည်။ဒါကိုနားလည်တဲ့ ဝေယံကလည်း သော်တာနဲ့ အခင်အမင်မပျက် ချင်တာနဲ့ပဲ ရှေ့ဆက်မတိုးဘဲ အရင်လိုအေးဆေး ပြန်နေလိုက်သည်။

ပြီးတော့ နောက်တစ်ခုက မနွယ်နီက လည်း ဟိုတလောကမှ ဆေးမှုရော၊ပြီးတော့ ငွေကြေး လိမ်လည်မှုတွေနဲ့ တရားအစွဲခံထားရပြီး ခုတော့ထောင်နန်းစံနေရသည်။

"ကဲ ချာတိတ် ဘာတွေ တွေးနေတာလဲ "

"ဘာမှ မတွေးပါဘူး ကိုကိုရဲ့ "

"ဘာမှမတွေးရင် လာခဲ့ ကိုကိုနဲ့ ဓာတ်ပုံအတူရိုက်ကြမယ်"

"ဟီး ဟုတ်ကိုကို"

မိုးစက်နဲ့ကိုကိုလည်းဓာတ်ပုံရိုက်နေလိုက်သည်။တစ်ဖက်က ပုလဲကတော့ သူမိဘတွေနဲ့ ကိုကောင်းမြတ်တို့နဲ့ အမှတ်တရဓာတ်ပုံရိုက်ပြီး သော်တာကတော့ သူ့ဖွားဖွားနဲ့ ဓာတ်ပုံကိုယ်ဆီရိုက်ကြသည်။

ဒီလိုနဲ့ အခမ်းအနားတွေပြီးလို့ မိုးစက်တို့မိသားစုနဲ့ ကိုကိုက အိမ်ပြန်ခဲ့ကြသည်။

𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) CompleteWhere stories live. Discover now