Unicode
မိုးစက် မနက်နိုးလာတော့ မျက်နှာသစ် အဝတ်အစားလဲပြီး မေမေတို့ကိုပြောကာ ကိုကြီးတို့အိမ်ဘက် ကူးခဲ့လိုက်သည်။
"ကိုကြီးရေ ကိုကြီး"
မိုးစက်လည်း ကိုကြီးကိုခေါ်ပြီး မီးဖိုခန်းထဲဝင်သွားလိုက်သည်။
"ဘာကိုကြီးလဲ ကိုကို လို့ခေါ်ရမှာ မေ့နေပြီလား"
"ဟီး မမေ့ပါဘူး ကိုကြိီးရဲ့ ခနနေ ခေါ်မယ်နော် ဒါနဲ့ တီမြကော"
"မာမီက က ခုချိန် စာဖတ်ခန်းမှာထင်တယ်"
"ဟုတ် မိုးစက် ခနသွားလိုက်အုံးမယ်နော်"
"ဟုတ်ပါပြီဗျာ"
မိုးစက်လည်း ကိုကြီးကို ပြောပြီး တီမြဆီ တတ်ခဲ့လိုက်သည်။
"တီမြရေ"
"ဟော သမီးလေး မိုးစက်ပါလား"
"ဟီး တီမြကို ပြောစရာရှိလို့"
"ကဲပြောပါရှင်"
"ကိုကြီးနဲ့ မိုးစက်တို့ ချစ်သူတွေဖြစ်သွားပြီ"
"ဟော အဲ့တာလာပြောတောပေါ့"
"ဟုတ်တီမြ"
"တီမြ ဖြင့်စိတ်ချမ်းသာလိုက်တာ"
"ဟီး"
"ကဲ သမီးကိုကြီးက သမီးအတွက် ကြေးအိုးချက်ထားပေးတာမလား သွားစားလိုက်အုံးလေ"
"တီမြ ပါတူတူစားလေ"
"တီမြ က စားပြီးပြီ သမီးရဲ့....သွားသမီး ကိုကြီးစောင့်နေမယ်"
"ဟုတ်တီမြ မိုးစက် သွားတော့မယ်နော် "
"ဟုတ်ပါပြီ"
မိုးစက်လည်း တီမြကိုနှုတ်ဆက်ပြီး ကိုကြီးရှိတဲ့ ထမင်းစားခန်းထဲဝင်ခဲ့လိုက်သည်။
"ကိုကိုရေ... မိုးစက် ဗိုက်ဆာနေပြီ"
"ဟားဟား ဟုတ်ပါပြီဗျာ ကိုကိုက ခုပွဲပြင်ပေးမယ်နော်"
"ဟုတ်"
ခနနေတော့ ကိုကိုက ပွဲပြင်ပေးပြီးတာနဲ့ မိုးစက်ရှေ့ကိုချပေးလာသည်။ကြေးအိုးပန်ကန်းထဲမှာ အသားလုံးတွေကအများကြီးပင်။
YOU ARE READING
𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) Complete
Fanfiction"မေတ္တာရဲ့ ဆန့်ကျင်ဘက်မှာ ရောင်ပြန်ဟပ်ခြင်းရှိတယ် ချစ်ခြင်းရဲ့ ဆန့်ကျင်ဘက်မှာ အမုန်းတရားရှိတယ် ကိုယ်ကတော့ ရောင်ပြန်ဟပ်တဲ့ မေတ္တာနဲ့ တစ်သက်လုံးခင်ဗျားလေး ကိုလွှမ်းမိုးထားမှာ"