Unicode
"ကိုကြီး"
"ဗျာ"
ကိုကြီးက မိုးစက် ခေါ်တာထူးပေမယ့် လှည့်ကြည့်မလာပေ။
"ကိုကြီး လို့"
"အွန်း ပြောလေ ချာတိတ်ရဲ့ "
ကိုကြီးက ပါးစပ်က ထူးနေပေမယ့် လူက လှည့်မလာပါ။
"ကိုကြီး လို့"
မင်းဆက်လည်း ပန်းကန်ဆေးလက်စ မို့ ချာတိတ်ကို လှည့်မကြည့်ဘဲ အသံပေးနေတာကို ချာတိတ်က အသံစူးစူးနဲ့ လှမ်းခေါ်တော့ မင်းဆက် ရဲ့ချာတိတ်လေး ရွှေစိတ်တော်ညှိုးမှာ စိုးလို့အမြန်လှည့်ကြည့်လိုက်သည်။
"ပြောလေ ချာတိတ် ဘာဖြစ်တာလဲ"
"ပန်းကန်အမြန်ဆေး ပြီးရင် ခြံထဲဆင်းခဲ့ "
"အွန်း အွန်း ဟုတ်ပြီ ကိုယ်အမြန်ဆေးပြီး လာခဲ့မယ်"
မင်းဆက်လည်း ချာတိတ်ကိုပြောပြီး ပန်းကန် အမြန်ဆေးလိုက်သည်။ပြီးတော့ ချာတိတ်စားဖို့အတွက် စပျစ်သီး အနည်းငယ်ဆေးပြီး ပန်းကန်ထဲထည့်ပြီး ခြံထဲဆင်းခဲ့လိုက်သည်။ချာတိတ်ကို ရှာလိုက်တော့ ချာတိတ်က ရေကူးကန်ပေးမှာ စားပွဲဝိုင်းလေးမှာထိုင်နေသည်။
"ကဲ ချာတိတ် ကိုယ့်ကို ဘာပြောမလို့လဲ"
"ကိုကြီးကို တကယ် ကိုက်ပစ်လိုက်ချင်တယ် သိလား"
"ဟား ချာတိတ်က ကိုက်ပစ်ချင်ရအောင် ခွေးပေါက်လေးလားပြော"
"ဟား ကိုကြီးနော်"
"ဟားဟား စတာပါဗျာ"
"ကိုကြီး မိုးစက် အတည်ပြောမှာနားထောင်"
"ဟုတ်ပြီ ပြောချာတိတ်"
"ကိုကြီး တီတီမြကို ဘာတွေသွားပြောထားတာလဲ"
"အော် မာမီက ချာတိတ်ကို ဘာပြောလို့လဲ"
"မိုးစက် မေးတာ အရင်ဖြေလို့ ကိုကြီး"
"ဟုတ်ပြီ ဟုတ်ပြီ ကိုယ်ဖြေမယ် နှုတ်ခမ်းကြီးဆူမနေနဲ့"
"အွန်း အမြန်ဖြေ"
"ကိုယ် မာမီ့ကို တမင်ပြောပြလိုက်တာမဟုတ်ဘူး ဒီမနက် မာမီက ကိုယ့်ကို ရိပ်မိပြီး မေးလာတာ....ချာတိတ်လည်း သိရဲ့သားနဲ့ ကိုယ်က ချာတိတ်ကို တွေ့ပြီးနောက်ပိုင်း life styleတွေပြောင်းလာတာကို မာမီပဲ မဟုတ်ဘူး အားလုံးကရိပ်မိကြတာလေ အဲ့တော့ ကိုယ်လည်း မာမီ့ကို မလိမ်ပဲ အမှန်အတိုင်းပြောပြလိုက်တာ"
YOU ARE READING
𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) Complete
Fanfiction"မေတ္တာရဲ့ ဆန့်ကျင်ဘက်မှာ ရောင်ပြန်ဟပ်ခြင်းရှိတယ် ချစ်ခြင်းရဲ့ ဆန့်ကျင်ဘက်မှာ အမုန်းတရားရှိတယ် ကိုယ်ကတော့ ရောင်ပြန်ဟပ်တဲ့ မေတ္တာနဲ့ တစ်သက်လုံးခင်ဗျားလေး ကိုလွှမ်းမိုးထားမှာ"