Unicode
"ကိုဆက် ကျွန်တော် သော်တာတို့ကို ပြန်ပို့လိုက်မယ်"
"အေဟုတ်ပြီ အဲ့တာဆို ကိုယ်တို့ ပြန်နှင့်တော့မယ်နော်"
"ဟုတ်ကိုဆက်"
သူရလည်း ကိုဆက်ကိုနှုတ်ဆက်လိုက်ပြီး သော်တာ့ ကိုသွားဆွဲထူ လိုက်သည်။
"သော်တာ ကိုယ်တို့ ပြန်ကြမယ်နော်"
"ဟင့်အင်း မပြန်ဘူး သောက်အုံးမှာ"
"နောက်မှသောက်မယ်လေနော် အရင်ပြန်ကြမယ်လေနော်"
"မရဘူးလို့သောက်မှာပဲ"
"ဒီမှာကြည့် ကိုယ်ပြောနေတယ်လေ"
သူရ ပြောလိုက် တော့ သော်တာကမော့ကြည့်လာသည်။
"ဟင်း ကိုကြီးလားဟင်"
"အင်း"
"လိမ္မာတယ်နော် နောက်မှသောက်နော်"
"ဟင့်အင်း ခုသောက်မှာ ကိုကြီးကို မုန်းတယ် ကိုကြီးက သော်တာ့ကို မချစ်တော့ဘူး"
"အား သော်တာ တိုးတိုးပြောလေ လူတွေကြည့်နေတာ မရှက်ဘူးလား"
"မရှက်ဘူး"
"လာလိမ္မာတယ် အိမ် အရင်ပြန်ကြမယ်နော်"
သော်တာက အင်းမလုပ်အဲ မလုပ်နဲ့မို့ သူရလည်း သော်တာ့ကို ချီကာ ကားထဲခေါ်ခဲ့လိုက်ပြီး သော်တာနဲ့ပုလဲကို ပုလဲတို့အိမ်မှာ ပို့ခဲ့လိုက်သည်။ နောက်ကျရင် အချိန်တစ်ခုယူပြီး သော်တာ့ကို ပြောပြဖို့ လိုသည့်ကိစ္စများကိုပြောဖို့ သူရတွေးနေလိုက်သည်။
.......................................................................
တစ်ဖက်က မင်းဆက်မှာတော့ ချာတိတ် ဒီလို မူးပုံနဲ့ဆိုရင် အိမ်ပြန်ပို့လို့ မကောင်းတာနဲ့ ဒီညတော့ မင်းဆက်ရဲ့ ကွန်ဒိုကို ပဲ ခေါ်ခဲ့ဖို့ဆုံးဖြတ်လိုက်သည်။
"ကိုကို"
"ဗျာ"
"ကိုကိုလို့"
"ဗျာ"
"ကိုကိုဆို"
"အမူးသမားလေးရေ ဗျာ ဗျ့"
"ကိုကိုနော်"
"ဟားဟားဟား"
"ကိုကို ကားခနရပ်"
YOU ARE READING
𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) Complete
Fanfiction"မေတ္တာရဲ့ ဆန့်ကျင်ဘက်မှာ ရောင်ပြန်ဟပ်ခြင်းရှိတယ် ချစ်ခြင်းရဲ့ ဆန့်ကျင်ဘက်မှာ အမုန်းတရားရှိတယ် ကိုယ်ကတော့ ရောင်ပြန်ဟပ်တဲ့ မေတ္တာနဲ့ တစ်သက်လုံးခင်ဗျားလေး ကိုလွှမ်းမိုးထားမှာ"