Unicode
မင်းဆက် ဒီမနက်တော့ အစောကြီးနိုးနေတာဖြစ်သည်။ ဒီမနက် ဟိုချာတိတ်လေးနဲ့ ခြံထဲသွားမယ်လို့လုပ်ထားတော့ ရေချိုးကာ ရှပ်အင်္ကျီခဲရောင်ကို ဘောင်းဘီရှည်ထဲထည့်ကာ ခါးပတ်ပတ်ပြီး ကိုယ့်ကိုကိုယ်မှန်ထဲကြည့်လိုက်သည်။လူကြီးဆန်ပြီးပေါ့ပေါ့ပါးပါးလေးဖြစ်နေသည်မို့ အဆင်ပြေသည်ဟုပြောရမည်။ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ကာ မင်းဆက်အိမ်အောက်သို့ဆင်းခဲ့လိုက်သည်။
အိမ်အောက်ရောက်တော့ မာမီက ခြံထဲလမ်းလျှောက်နေတာမို့မာမီ့ကိုနှုတ်ဆက်ရန်သွားလိုက်သည်။
"Morning မာမီ"
"Morning သား ဒါက မနက်စောစောစီးစီး ဘယ်လဲ"
"ဟိုချာတိတ်လေးကိုခြံထဲခေါ်သွားမလို့ သူက ပန်းတွေ စိုက်ရတာဝါသနာပါတော့ လိုက်ပြမလို့"
"အော်ခြံထဲသွားမယ်ဆို မာမီ့အတွက် ပန်းတွေခူးခဲ့ပေးအုံးနော်"
"ဟုတ်မာမီ"
"သမီးလေးကို သေချာဂရုစိုက်ခေါ်သွားအုံးနော် ကလေးကို လန့်အောင်ရုပ်တည်ကြီးနဲ့မနေနဲ့"
"ဟုတ်ပါပြီ မာမီရယ်"
"မနက်စာက မစားတော့ဘူးလား"
"ဟုတ် အပြင်မှာပဲစားလိုက်မယ် မာမီ"
"ဟုတ်ပြီ ကားကိုဖြေးဖြေးမောင်းသွားအုံး"
"ဟုတ်မာမီ ဒါဆို သွားပြီနော်"
"အေးအေး"
မင်းဆက်လည်း မာမီ့ကိုနှုတ်ဆက်ပြီး ကားထုတ်ကာ ချာတိတ်တို့ခြံရှေ့ကိုမောင်းခဲ့လိုက်သည်။မင်းဆက် ချာတိတ်တို့ခြံရှေ့ရောက်တော့ ကားစက်သတ်ကာ အိမ်ထဲဝင်ခဲ့လိုက်တော့သည်။
မင်းဆက်အိမ်ထဲဝင်လာတော့ ဧည့်ခန်းထဲမှာ ကလေးတွေနဲ့TVထိုင်ကြည့်နေသော ချာတိတ်ရဲ့ဒယ်ဒီကိုတွေ့တာနဲ့နှုတ်ဆက်လိုက်သည်။
"အန်ကယ် မောနင်းပါဗျ"
"အော် သား မင်းဆက် ရောက်နေပြီလား လာထိုင်လေ"
"ဟုတ် အန်ကယ်"ဟုဆိုကာ မင်းဆက်လည်း အန်ကယ့်ရှေ့က sofaပေါ်ဝင်ထိုင်လိုက်သည်။
YOU ARE READING
𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) Complete
Fanfiction"မေတ္တာရဲ့ ဆန့်ကျင်ဘက်မှာ ရောင်ပြန်ဟပ်ခြင်းရှိတယ် ချစ်ခြင်းရဲ့ ဆန့်ကျင်ဘက်မှာ အမုန်းတရားရှိတယ် ကိုယ်ကတော့ ရောင်ပြန်ဟပ်တဲ့ မေတ္တာနဲ့ တစ်သက်လုံးခင်ဗျားလေး ကိုလွှမ်းမိုးထားမှာ"