Unicode
မိုးစက် တို့လည်း ခနနားပြီးရေချိုးကာ အောက်ထပ်သို့ဆင်းခဲ့ကြသည်။
"ကဲ ငါ့မြေးတို့ လာ ညစာအဆင်သင့်ဖြစ်နေပြီ ထိုင်ကြ"
"ဟုတ်"
စားပွဲက ကြီးနေလို့သာပဲ မဟုတ်ရင် မိုးစက် တို့ အုပ်စုနဲ့ တော့ အဆင်ပြေမည် မဟုတ်ပါ။"ကဲ ငါ့မြေးတို့ ထည့်စားကြ အားမနာကြနဲ့ ကိုယ့်အိမ်လို သဘောထားကြ"
"ဟုတ် "
သဲငယ်လေးရဲ့ ဖွားဖွား စကားပြောနေတဲ့အချိန် မင်းဆက်ကတော့ ဖိုးဖိုးကိုပဲကြည့်နေမိသည်။ဖိုးဖိုးကြီးက အသက်တွေသာကြီးသွားတယ် ဖွားဖွား စားဖို့ ငါးရိုးလေးကိုသေချာနွှင်ပြီး ဖွားဖွားပန်းကန်ထဲကိုထည့်ပေးလာသည်။မင်းဆက်လည်း ထိုမြင်ကွင်းလေးကို ကြည့်ပြီးပြုံးမိသည်။သဲငယ်တို့ မိသားစုက တကယ်ကိုနွေးထွေးတာ။မင်းဆက် က ဖိုးဖိုးနဲ့ဖွားဖွားကို ကြည့်ပြီး အချစ်ဆိုတာ တကယ်ရှိတယ်ဆိုတာ လက်ခံလာပြီ။
"ကိုကိုထည့်စားနော် ဟင်းတွေအများကြီးပဲနော်!
"ဟုတ်ပါပြီဗျာ"
"ကိုကို စားကောင်းလားဟင်"
"အင်းကောင်းတယ်.....ဒီမှာသဲငယ်အတွက် ငါးရိုးလေးနွှင်ထားတယ်"
"ဟီး ကိုကိုက ချစ်ဖို့ကောင်းတယ်"
"အချွဲလေး"
ကျန်တဲ့လူတွေက အစားကိုယ်စီစားနေပေမယ့် ဖိုးနဲ့ဖွားကတော့ မစားဘဲ မင်းဆက်တို့ကိုကြည့်ပြီး ပြုံးပြနေသည်။
မင်းဆက်တို့လည်း လူကြီးတွေရှိနေတာကို သတိရပြီး အနေအထိုင် ပြန်ဆင်ခြင်လိုက်သည်။
တစ်ဖက်က သော်တာကလည်း ကိုကြီးပိုင်ဇေနဲ့ ဝေယံကြားမှာထိုင်ပြီးတိုင်ပတ်နေရသည်။
"မမ ဒီမှာ အမဲသားနှပ်လေး ထည့်စားနော်"
"မင်းမပြောလည်း ညီမလေးသော်တာကထည့်စားမှာပါ"
"ဟ ကိုကြီးပိုင်ဇေ က ဘာလို့ လိုက်စနေတာလဲဗျာ"
"ငါ့အရှေ့မှာ overလုပ်ပြနေတာ အမြင်ကတ်လို့ဟာ"
"ဟား ကိုကြီးပိုင်ဇေက လည်း ကျွန်တော်က ဘာလုပ်နေလို့လဲ ဗျာ"
YOU ARE READING
𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) Complete
Fanfic"မေတ္တာရဲ့ ဆန့်ကျင်ဘက်မှာ ရောင်ပြန်ဟပ်ခြင်းရှိတယ် ချစ်ခြင်းရဲ့ ဆန့်ကျင်ဘက်မှာ အမုန်းတရားရှိတယ် ကိုယ်ကတော့ ရောင်ပြန်ဟပ်တဲ့ မေတ္တာနဲ့ တစ်သက်လုံးခင်ဗျားလေး ကိုလွှမ်းမိုးထားမှာ"