Unicode
ဒီနေ့တော့ မိုးစက်နဲ့ကိုကြီး Laptop ဝယ်ဖို့ချိန်းထားတာမို့ မိုးစက် ပြင်ဆင်စရာရှိတာပြင်ပြီး မနက်စာစားကာ ကိုကြီးတို့အိမ်ဘက်ကိုထွက်ခဲ့လိုက်သည်။
"တီမြရေ"
"ဟော သမီးလေး လာထိုင်လေ"
"ဟုတ် ဒါနဲ့ကိုကြီးကော တီမြ"
"သမီး ကိုကြီးက အပေါ်မှာထင်တယ်"
"ဟုတ်လား "
"ဒီနေ့ ဘယ်သွားကြမလို့လဲ မောင်နှမ နှစ်ယောက်"
"ကိုကြီးက မိုးစက်ကို laptopလိုက်ကြည့်ကူပေးမလို့လေ"
"အော် အဲ့တာဆိုရင်တော့ သားက ဆင်းလာမှာပါ အေးဆေးထိုင်စောင့်နေနော်...တီမြ ဟင်းရည်အိုးတည်ထားတာသွားကြည့်လိုက်အုံးမယ်နော်"
"ဟုတ် တီမြ"
မိုးစက်လည်း ဆိုဖာပေါ်ဖုန်းထိုင်ကြည့်ပြီး ကိုကြီးကိုစောင့်နေလိုက်သည်။ခနအကြာတော့ ကိုကြီးက သူ့ပုံစံအတိုင်းဆင်းလာသည်။ကိုကြီးကိုကြည့်ရင်တစ်ရက်တစ်ခြား ပိုပိုပြီးနုလာပြီးပိုချောလာသည်။ဟူး....တစ်ရက်တစ်ရက် ဒီလိုပဲငေးနေရတာ မောလာပြီ။လူက သူ့ကိုတွေ့ရင် ရင်ခုန်သံတွေထိန်းထားရတာ ဒါတွေဟိုကိုကြီးကတော့သိမှာမဟုတ်ပါ။
"ချာတိတ် ရောက်ပြီလား"
"ဟုတ်ကိုကြီး"
"မနက်စာစားခဲ့ပြီလား"
"ဟုတ် ကော်ဖီနဲ့နံပြားထောပတ်သုတ်စားခဲ့တယ်"
"အဲ့တာဆို လာ ကိုယ်နဲ့တစ်ခါတည်းမနက်စာလာဝင်စားလိုက်လေ မာမီက ဒီမနက် မုန့်ဟင်းခါး ချက်ထားတာ"
"ဟီး မုန့်ဟင်းခါးလား"
"အွန်း ကြိုက်တယ်မှတ်လား"
"ဟီး.....ကြိုက်တယ်"
"အဲ့တာဆို ထ သွားစားမယ်"
"ဟုတ်"
ဟုဆိုကာ မိုးစက်ကအရင်ဦးအောင် ထမင်းစားခန်းထဲဝင်ခဲ့လိုက်သည်။
"အား မွှေးနေတာပဲ တီမြရေ"
"အနံ့နဲ့တင် ဗိုက်မပြည့်သွားနဲ့အုံး များများစားနော် ဟုတ်ပြီလား"
YOU ARE READING
𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) Complete
Fanfiction"မေတ္တာရဲ့ ဆန့်ကျင်ဘက်မှာ ရောင်ပြန်ဟပ်ခြင်းရှိတယ် ချစ်ခြင်းရဲ့ ဆန့်ကျင်ဘက်မှာ အမုန်းတရားရှိတယ် ကိုယ်ကတော့ ရောင်ပြန်ဟပ်တဲ့ မေတ္တာနဲ့ တစ်သက်လုံးခင်ဗျားလေး ကိုလွှမ်းမိုးထားမှာ"