Unicode
"အဲ့ဒီ စွာစိလန် လေးကိုပဲ ချစ်နေတာ မဟုတ်ဘူးလား"
"ဟုတ်ပါတယ် ဗျာ"
ကောင်းမြတ်နဲ့ ပုလဲ လည်းစကားကို ဟိုပြောဒီပြောပြီး နေလိုက်ကြသည်။
တစ်ဖက်က ချောကျလာနဲ့ မိုးစက်ကတော့
"ချော"
"အွန်း ပြော"
"မောင် လို့ ခေါ်"
"ဘာကျေးဇူးရှိလို့ ခေါ်ရမှာလဲ"
"ဟာ ကိုယ့်ချစ်သူ မလို့ ကိုယ်ခေါ်ခိုင်းတာလေ"
"သိပ်ကျေနပ်နေတာ မဟုတ်ဘူးနော် ဉာဏ်မင်းစက်"
"ဟား ဘာလို့လဲ ချောရဲ့"
"ဘာလို့ရမှာလဲ မနေ့က မင်းကို ကောင်မလေးတစ်ယောက်နဲ့cafe ဆိုင်တစ်ခုမှာတွေ့လိုက်တယ်လေ"
"ဟော အဲ့တာကြောင့်လား အတွေးလွန်မနေနဲ့ အဲ့ကောင်မလေးက စာလာမေးတာ"
"စာလာမေးတာရော ဟုတ်ရဲ့လား ပြောကိုမပြောချင်ဘူးနော်"
"ချော ရာ တကယ်ရိုးရိုးသားသားပါ"
"ထားပါ အဲ့ကိစ္စက ရိုးသားတာဆိုတော့ရှင်ပုံတင်တိုင်း ရောက်ချလာတတ်တဲ့ Madi ဆိုတဲ့ကောင်မ ကရော"
"မောင် သူ့ကို မသိဘူးလေ ချောရဲ့ မောင်က ကျောင်းမှာ မေဂျာ ကင်း ဆိုတော့ သူတို့တွေက လာမန့်ကြတာနေမှာပါ"
"ဟူး အဲ့မေဂျာကင်းကို ဘာဖြစ်လို့ပြန်ကြိုက်မိတာလဲ မသိဘူး တကယ် အ ကုသိုလ်များလိုက်တာ"
"ချောရာ မောင်တောင်းပန်ပါတယ် ကွာနော် ...မင်း လို့မခေါ်ပါနဲ့ မောင်လို့ပဲ ပြန်ခေါ်ပါနော်"
"မခေါ်ဘူး"
"မခေါ်ရင် မောင် ဒူးထောက်တောင်းပန်မှာနော်"
ဉာဏ်မင်းစက်က ပြောရင်းတကယ် ထလုပ်တော့မည့်အမူအရာမို့
"မောင် ဘယ်လိုဖြစ်နေတာလဲ ဟိုမှာ မောင့်မမတွေ မြင်ရင်မကောင်းဘူးလေ"
"ဟားဟား နောက်ဆုံးတော့ ချောက မောင်လို့ ပြန်ခေါ်နေပြီ"
"နောက်တစ်ခေါက် ဒီလိုကိစ္စတွေ ထပ် ဖြစ်ကြည့် တစ်သက်လုံး မခေါ်ဘူးမှတ်"
YOU ARE READING
𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) Complete
Fanfic"မေတ္တာရဲ့ ဆန့်ကျင်ဘက်မှာ ရောင်ပြန်ဟပ်ခြင်းရှိတယ် ချစ်ခြင်းရဲ့ ဆန့်ကျင်ဘက်မှာ အမုန်းတရားရှိတယ် ကိုယ်ကတော့ ရောင်ပြန်ဟပ်တဲ့ မေတ္တာနဲ့ တစ်သက်လုံးခင်ဗျားလေး ကိုလွှမ်းမိုးထားမှာ"