*Mature on
*Warning AlertUnicode
မိုးစက်နဲ့ကိုကြီး ညနေလေးနာရီလောက်မှ နိုးလာခဲ့သည်။
"သဲငယ် ရေပြန်ချိုးအုံးမှာလား"
"ဟင့်အင်း မချိုးတော့ဘူး ခြေလက် မျက်နှာပဲဆေးတော့မယ်"
"ဟုတ်ပြီ ကိုကိုလည်း မချိုးတော့ဘူး"
"ဟုတ်"
ဒီလိုနဲ့ ကိုကို နဲ့ မိုးစက် ပြင်ဆင်ပြီး အောက်ထပ်ကိုဆင်းခဲ့ကြသည်။ ကိုကို suitအနက်ဝမ်းဆက်နဲ့ မျက်မှန်ကြီးကိုတပ်ထားပြီး သူ့မုတ်ဆိတ်မွှေးသေးသေးလေးကိုပါ သေချာသပ်ခဲ့သေးတာ။မိုးစက်ကတော့ ပေါ့ပေါ့ပါးပါးပါး ဂါဝန်ပေါင်တိုလေးကိုပါ heal အမြင့်နဲ့ တွဲကာ ဝတ်ထားသည်။
ညနေ ၇နာရီလောက်ရောက်တော့ ပါတီ အစပြုလိုက်ကြသည်။သီချင်းဆိုတဲ့သူကဆို ကတဲ့သူက က နဲ့ လူငယ်တွေပဲ မို့ ပျော်ပျော်ပါးပါးနဲ့သောက်လိုက်စားလိုက်နှင့်အေးအေးဆေးဆေးပင်။မိုးစက် ကိုကို့ကို ကြည့်လိုက်တော့လည်း ကိုကိုကပါ သောက်နေသည့်မို့ ကိုကို့အနားသွားကာ သတိသွားပေးလိုက်သည်။
"ကိုကို"
"ဗျာ"
"အရမ်း မသောက်နဲ့နော်"
"ဟုတ်ပါပြီ...ကိုယ်နှစ်ခွက်လောက်ပဲ"
"အွန်း လိမ္မာတယ် ကိုကိုက"
"အဟက်"
ဒီိလိုနဲ့ ည၈နာရီလောက်ရောက်တော့ အားလုံးက ကိုယ်စီ ပြန်သွားကြတော့ မိုးစက်နဲ့ ကိုကိုလည်း အိမ်ပေါ်ကို ပြန်တတ် ခဲ့လိုက်သည်။
"ဟူး...ပင်ပန်းလိုက်တာ ကိုကိုရယ်...နောက်ဆုံးတော့ ဒီနေ့တစ်ရက်တာ ပြီးသွားပြီ"
မိုးစက်က မှန်တင်ခုံရှေ့မှာထိုင်ချလိုက်ပြီး ဆိုလိုက်တော့....
"မပြီးသေးဘူးလေ သဲငယ်ရဲ့"
"ဟင် ဘာလို့လဲ ကိုကိုရဲ့"
"မင်္ဂလာဦးည ကျန်သေးတယ်လေ"
"ဟာ့ ...ကိုကို တစ်ချိန်လုံး အဲ့တာပဲတွေးနေ သိလား"
"ဟား...တစ်သက်မှာတစ်ခါပဲ ရှိတဲ့ မင်္ဂလာဦးညလေးကွာ သဲငယ်ကလည်း"
YOU ARE READING
𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) Complete
Fanfiction"မေတ္တာရဲ့ ဆန့်ကျင်ဘက်မှာ ရောင်ပြန်ဟပ်ခြင်းရှိတယ် ချစ်ခြင်းရဲ့ ဆန့်ကျင်ဘက်မှာ အမုန်းတရားရှိတယ် ကိုယ်ကတော့ ရောင်ပြန်ဟပ်တဲ့ မေတ္တာနဲ့ တစ်သက်လုံးခင်ဗျားလေး ကိုလွှမ်းမိုးထားမှာ"