Part 35

949 13 3
                                    

Unicode

မနက်ခင်းနေရောင် ခြည်နွေးနွေးလေးကြောင့် သူရ အိပ်ယာက နိုးလာခဲ့သည်။ဘေးနားကို ကြည့်လိုက်တော့ မနေ့က သူသောင်းကျန်းထားလို့ ပင်ပန်းပြီး အိပ်မော ကျနေတဲ့ သော်တာလေးကို တွေ့တော့ သူ့မှာ ပြုံးမိပြန်သည်။ပြီးတော့သော်တာ နားထင်စပ်လေးကို အသာအယာလေး ဖိနမ်းလိုက်သည်။

သူလည်းရေချိူးကာ Kitchenထဲဝင်ပြီး မနက်စာအတွက် ပြင်ဆင်ပေးလိုက်သည်။

သော်တာ ခေါင်းနောက်နောက်နဲ့ ထလာပြီး ဟိုကြည့်ဒီကြည့်နဲ့ ဘယ်ရောက်နေတာလဲ တွေးနေတုန်းရှိသေးသည် မနေ့ညက အကြောင်းတွေက ခေါင်းထဲမှာ တခုပြီးတခုတန်းစီပြီး ပေါ်လာတာမို့ မျက်နှာတွေထူ ပူပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် မသိပါ။

ခနနေတော့ ကိုကြီးသူရက အခန်းထဲဝင်လာတော့ သော်တာ စောင်ကို ခေါင်းမြီးခြုံကာစောင်အောက်မှာ ပုန်းနေလိုက်သည်။

"သော်တာလေး ထတော့လေ ကိုကြီး မနက်စာပြင်ထားတယ်"

"......"

"သော်တာလေး"
ကိုကြီးသူရက သော်တာ့ကိုခေါ်ပြီး စောင်လေးကိုပါ ဆွဲချလာတာမို့ သော်တာလည်း ခေါင်းလေးအသာထုတ်ပြီး

"ဟို...သော်တာ ...ရှက်လို့"

"ဘာကိုရှက်တာလဲ"

"ဟို ....ဟို...မနေ့ညက"

"အကုန်မှန်မိတယ်ပေါ့ သော်တာက"

"ဟုတ်"

"ကိုယ် သော်တာ့ကို ပြောပြစရာတွေရှိမယ် နားထောင်မလားဟင်"

"ဟုတ်"

သော်တာက ပြောအပြီး ကိုကြီးက သော်တာ့ကိုချီကာ ဝရံတာ ဘက်ကိုထွက်ခဲ့ပြီး ထိုင်ခုံလေးပေါ်ထိုင်စေပြီး သူကမျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်သည်။

"အရင်ဆုံး ကိုကြီးတောင်းပန်တယ်နော် သော်တာ့ကို နစ်နစ်နာနာတွေ ပြောခဲ့မိတဲ့အတွက်"

"ဟင့်အင်း သော်တာ စိတ်မဆိုးဘူး"

"အွန်း ဒီလောက်လိမ္မာတဲ့သော်တာလေးကို ကိုယ်ဘာလို့ ရက်စက်မခဲ့ပါလိမ့်"

"အင်း...ကိုကြီးပြောမယ်ဆိုတာဘာလဲဟင် ပြောပြလေ"

"အွန်း ...ကိုယ်ပြောရင် သော်တာလေးက အတွေးတွေ မလွန်ရဘူးနော်....ပြီးတော့ဒီကိစ္စတွေကို ကိုယ့်ဆီကပဲ သိစေချင်တာ"

𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) CompleteWhere stories live. Discover now