Unicode
"ကိုကြီးကို မွေးနေ့ လက်ဆောင်ပေးမလို့"
"ရပါတယ် ချာတိတ်ရယ် ကိုယ်က ချာတိတ် ပြုံးပျော်နေရင်ကို ကျေနပ်ပါပြီကွာ"
"ကိုကြီးက မွေးနေ့လက်ဆောင်က ဘာမှ မသိပဲ ငြင်းနေတာ...ဘာလဲ ကိုကြီးက မိုးစက် ပေးမှာမကြိုက်လို့လား"
"မဟုတ်ရပါဘူးဗျာ.....ကိုယ်က ချာတိတ် ဘာပေးပေးကြိုက်ပါတယ်ဗျ"
"အဲ့တာကို ဘာလို့ ရပါတယ် တွေပြောနေသေးလဲ"
"ချာတိတ် မွေးနေ့လက်ဆောင် ကိစ္စကို pressureအရမ်းထားနေမှာစိုးလို့ပါ"
"ထားပါတော့ မွေးနေ့ လက်ဆောင်က တစ်ခါပဲရမှာ ကိုကြီး မျက်လုံးကိုမှိတ်ထား"
"ဟုတ်ပါပြီ မှိတ်ထားပြီဗျ"
"သေချာနားထောင်နော်ကိုကြီး"
"အွန်းနားထောင်နေပါတယ် ဗျ"
"မိုးစက် ...ကိုကြီးကို ချစ်တယ်"
မိုးစက်ပြောပြီးရှက်ပြီး မျက်နှာလေးကရဲလာသည်။
"ကိုကြီးလည်း မိုးစက်ကို ချစ်.....ဟမ်း ချာတိတ် တကယ်ပြောတာလား"
"ကိုကြီးကိုသေချာနားထောင်လို့ ပြောလိုက်တယ်လေ ခုနက"
"ကိုယ်သေချာ ကြားလိုက်ပါတယ်...တကယ်လားဆိုတာ အတည်ပြုချင်လို့ပါ"
"တကယ် တကယ်ကိုကြီးရဲ့"
"ဟား...ဒီမွေးနေ့လက်ဆောင်က အကြိုက်ဆုံးပဲဗျာ"
"ဟွန့် ပြောတော့ ရပါတယ်ဆို"
"အဲ့တာက ဒါလို့်ထင်ဘူးလေ ချာတိတ်ရဲ့"
"ထားပါတော့ ခုတော့ ပြန်သွားထိုင်ကြမယ် ဟိုမှာ စောင့်နေကြအုံးမယ်"
"အွန်းပါ ဒီနေ့တစ်ရက်တော့ ထားလိုက်ပါအုံးမယ် ပူပူနွေးနွေးလေးဆိုတော့"
"နောက်နေ့ကျတော့ ဘာလုပ်ချင်လို့လဲ ကိုကြီးက"
"ဘာလုပ်ချင်လည်းဆိုတော့ အဲ့ဆူနေတဲ့နှုတ်ခမ်းလေးကိုနမ်းချင်တာလေ"
"ဟာကိုကြီးနော်...ဘာတွေပြောနေမှန်း မသိဘူး...တော်ပြီ သွားတော့မယ်"
YOU ARE READING
𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) Complete
Fanfiction"မေတ္တာရဲ့ ဆန့်ကျင်ဘက်မှာ ရောင်ပြန်ဟပ်ခြင်းရှိတယ် ချစ်ခြင်းရဲ့ ဆန့်ကျင်ဘက်မှာ အမုန်းတရားရှိတယ် ကိုယ်ကတော့ ရောင်ပြန်ဟပ်တဲ့ မေတ္တာနဲ့ တစ်သက်လုံးခင်ဗျားလေး ကိုလွှမ်းမိုးထားမှာ"