Part 37

685 9 1
                                    

Unicode

မိုးစက် မနေ့ည က အပျော်လွန်ပြီး ညအိပ်တာ နောက်ကျသွားတော့ မနက်ကို ၁၀နာရီလောက်မှ နိုးတော့သည်။နိုးလာတော့ ရာသီဥတုက သာယာနေပြီး ပင်လယ်ဘက်က ရိုက်ခတ်လာတဲ့ လေ လေး အေးအေးလေးနဲ့တော်တော်ပင်နေလို့ကောင်းနေသည်။
မိုးစက် လည်း မထချင်သေးတာနဲ့ ဖုန်းကိုဖွင့်ကြည့်လိုက်တော့ Facebookကနေ Notiတွေ တန်းစီးပြီး ဝင်လာတော့ မိုးစက် အမြန်သွားကြည့်လိုက်သည်။

မိုးစက် ကြည့်လိုက်တော့ Khoon Min Hsett Mhan ဆိုတဲ့ Accountကနေ She said "Yes" ဆိုပြီး မနေ့ညတုန်းက ပုံတွေ နဲ့အတူ မိုးစက်ကိုပါ tag တွဲပြီး တင်လာသည်။

မိုးစက်လည်း postလေးကို love reactလေးပေးလိုက်ပြီး commentပေးလိုက်ပြီး ဖုန်းကိုပိတ်ကာ ရေချိုးဖို့ ပြင်ဆင်လိုက်သည်။

မိုးစက်တို့ ရေချိုးပြီးတာနဲ့ အားလုံးစုက breakfast စားကြပြီး ဒေသစာ လေးတွေကိုလိုက်ရှာဝယ်ကြသည်။နက်ဖြန် ပြန်ကြတော့မှာဆိုတော့ စျေးဝယ်ပြီးတာနဲ့ အခန်းထဲပြန်ကာ ပစ္စည်းတွေ ကိုယ်စီ သိမ်းဆည်းလိုက်ကြသည်။

......................................................................

တစ်ပတ်ခန့်ကြာပြီးနောက်

မင်းဆက် တို့ ငွေဆောင်က ပြန်လာပြီးနောက် မာမီနဲ့တိုင်ပင်ပြီး သဲငယ်ကို စေ့စပ်တောင်းရမ်းပေးဖို့ စကားပြောဖြစ်ကြပြီး ဒီနေ့က တော့ ထိုနေ့ရက်လေးပင်ဖြစ်သည်။

မင်းဆက် အင်္ကျီအဖြူ နှင့် ပုဆိုးကိုသေချာ သပ်သပ်ရပ်ရပ် ဝတ်ပြီး မှန်ကို ကြည့်နေရင်းပြုံးမိသည်။

"သားရေ မပြီးသေးဘူးလား"

"ဟုတ်မာမီ ....ကျွန်တော်ပြီးပြီဗျ"

"အမြန်ထွက်ခဲ့တော့ သားသူငယ်ချင်းတွေလည်း စောင့်နေရတာ အားနာစရာတွေဖြစ်ကုန်မယ်"

"ဟုတ်မာမီ"

မင်းဆက်လည်း သူ့မာမိိီကို ပြောပြီးတာနဲ့ အောက်ထပ်ကို ဆင်းခဲ့လိုက်သည်။

အောက်မှာ သူ့သူငယ်ချင်းတွေနဲ့ ရက်ကွက် လူကြီး အချို့ပါ ရောက်နေပြီမို့ အုန်းပွဲ ကန်တော့ပွဲနဲ့တင်တောင်း ပစ္စည်းတွေကို ကိုယ်စီသယ်ကာ သဲငယ်တို့ အိမ်ဘက် ထွက်ခဲ့လိုက်သည်။

𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) CompleteWhere stories live. Discover now