Extra 2

843 16 1
                                    

Unicode

မိုးစက် ခုဆိုရင် ကိုယ်ဝန်က ခြောက်လ ထဲ ရောက်လာပြီ။မိုးစက်က ကံကောင်းတယ်လို့ပဲပြောရမလားပဲ။အော့အန်တာမျိုးတွေ၊ကိုက်ခဲတာတွေ သိပ်မဖြစ်ပါ။ဒါပေမယ့် မိုးစက် ဖြစ်တာတစ်ခုတော့ ရှိသည်။အဲ့တာက တချိန်လုံး ကိုကို့ကို မိုးစက်အနားမှာပဲရှိနေစေချင်တာဖြစ်သည်။

"ကိုကိုရေ"

"ကိုကို"

"ကိုကိုလို့"

"ဗျာ...လာပြီ ...ကိုယ့်သဲငယ်လေး ...သဲငယ်လေးသားဖို့ ပန်းသီးလေးသွားခွဲနေတာဗျ"

"ဟွန့် ပြီးတာပဲ"

"လာ ကိုကို ပန်းသီး ခွံ့ကျွေးမယ်လေ"

"အွန်း...နောက်ဆို သဲငယ်ကို ပြောပြီးမှသွား"

"ဟုတ်ပါပြီဗျာ"

"ကိုကို ဒီနေ့ companyခနသွားရမှာဆို"

"အွန်း...ခနပဲ"

"ဟုတ်ပြီ အဲ့တာဆို ကိုကို ပြင်ဆင်တော့လေ"

"ဟုတ်ကဲ့ပါဗျ"

မင်းဆက်လည်း သဲငယ်လေးအလိုကျ ရေအမြန်သွားချိုးလိုက်သည်။ရေချိုးခန်းထဲကနေထွက်လာတော့ သဲငယ်လေးက သူ့ကို အဝတ်အစားတွေ ထုတ်ပေးထားသည်။

သူရေချိူးခန်း အဝမှာ ရပ်ပြီးကြည့်နေမိသည်။သူ့ရဲ့ ဗိုက်ပူ သဲငယ်လေးက ပန်းရောင်ချည်သား ဗိုက်ဖုံးဂါဝန်လေး ချစ်စရာ တကယ်ကိုကောင်းပါသည်။

"ကိုကို အဲ့မှာ အကြာကြီး ရပ်မနေနဲ့လေ..လာဒီမှာ သဲငယ်အဝတ်အစားထုတ်ပေးထားတာ အမြန်လာဝတ်"

"ပင်ပန်းမယ်လေသဲငယ်ရဲ့ ကိုကို ကိုယ့်ဟာကိုယ်ထုတ်တတ်ပါတယ်"

"မပင်ပန်းလို့လုပ်နေတာပေါ့ကိုကိုရဲ့"

"ဟုတ်ပါပြီဗျာ"

မင်းဆက်လည်း သူ့ကြင်ယာတော်လေး ရွှေစိတ်တော် ညိုးမှာ စိုးတာနဲ့ ဘာမှ မပြောဘဲ အဝတ်အစားကိုသာ အမြန်ဝတ်လိုက်သည်။

"ဝတ်ပြီးရင် သဲငယ်ရှေ့ကိုလာ necktile ချည်ပေးမယ်"

"ဟုတ်ဗျ"

သဲငယ်လေး အလိုကျ သဲငယ်လေးရှေ့ရပ်ပေးလိုက်တော့ necktileလေး ချီပေးလာသည်။

𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) CompleteWhere stories live. Discover now