Part 33

805 13 4
                                    

Unicode

"ဖွား....သော်တာ ဒီည မိုးစက်တို့ အိမ်သွားအိပ်မယ်နော် ဖွား...ဟင့်"

"ဟုတ်ပါပြီ ဒီနေ့တစ်ရက်ပဲနော် မြေး"

"ဟုတ်ဖွား"

"ကဲ မငိုတော့နဲ့နော် ဖွားမြေးလေးက ငိုရင် ချစ်စရာမကောင်းဘူး ဘွဲ့ယူနဲ့နေ့ပျော်ရမှာကို မငိုရဘူးလေနော်"

"ဟင့် ဟုတ်ဖွား....ဒါဆို သော်တာ အဝတ်လဲပြီးရင် မိုးစက်တို့ဆီသွားမယ်နော်ဖွား ....ဟင့်"

"ဟုတ်ပြီ"

သော်တာ ဖွားဖွားနဲ့ စကားပြောပြီး မိုးစက်နဲ့ပုလဲကို ယံယံရဲ့ Barကို လာခဲ့ဖို့ခေါ်လိုက်ပြီး ပုလဲက သူ့မင်္ဂလာဆောင်ကိစ္စရှုပ်နေတာနဲ့မလာဖြစ်ဘူးပြောပြီး မိုးစက်ကတော့လာမယ်လို့ပြောတော့ သော်တာလည်း အရင်သွားနှင့်လိုက်သည်။

......................................................................

တစ်ဖက်တွင်တော့ မိုးစက်တို့ခြံထဲမှာ မိုးစက်နဲ့ကိုကြီး နှစ်ယောက်တည်း အေးအေးလူလူစကားပြောနေရင်း သော်တာ ဆီက ဖုန်းဝင်လာတော့ ဖုန်းချအပြီးမှာ ကိုကြီးဆီ ခွင့်တောင်းရတော့သည်။

"ကိုကို"

"အွန်းပြောလေ သဲငယ်"

"ဒီည ဝေယံရဲ့ Barကို သွားမယ်နော်"

မိုးစက်ပြောလိုက်တော့ ကိုကြီးက မျက်မှောင်ကျုံ့ကာ မိုးစက်ကို ပြောလာသည်။

"ဘာကိစ္စ သွားမှာလဲ သဲငယ်က"

"မိုးစက်သွားချင်တာမဟုတ်ဘူး....သော်တာကလာခဲ့လို့ခေါ်လို့"

"မရပါဘူး သဲငယ်ရာ"

"ဟား ...ကိုကိုကလည်း သော်တာက တခုခု ဖြစ်နေတယ်ထင်တယ် အသံလည်းမကောင်းဘူး"

"........."

"အဲ့တော့ မိုးစက်ကို သွားခိုင်းလေနော်"

"သွားချင်ရင် အပေးအယူတစ်ခုတော့ လုပ်ရမယ်"

"ဟား......ကိုကိုကလေ အမြဲအဲ့လိုပဲ"

"ရတယ်လေ အဲ့တာဆိုမသွားနဲ့"

"ဟီး ...စတာ စတာ.....ပြော ကိုကို့ရဲ့အပေးအယူကဘာလဲ "

"သဲငယ်"

"ရှင်"

"သဲငယ်လို့"

𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) CompleteWhere stories live. Discover now