Unicode
မိုးစက် အိမ်ပြန်ရောက်တော့ ရေအမြန်ချိုးပြီး မေမေ့ကို ညစာကူပြင်ပေးလိုက်သည်။ညစာစားပြီးရင် Family timeဆိုတော့ မိုးစက်လည်းပြောစရာစကားရှိနေသည်။
ဒီလိုနဲ့ပဲ Family timeမှာ တစ်ယောက်တစ်
ပေါက် ပြောပြီးနောက်ဆုံးမှာတော့"မိုးစက် လည်းပြောစရာရှိသေးတယ်!
"ဟော ထူးထူးဆန်းဆန်းပါလား ဖေကြီး သမီးက ဘာပြောချင်လို့လဲ ပြောပါဗျာ"
"သမီးမှာ ချစ်သူရှိနေပြီ"
"ဘယ်သူလဲ သားဆက် လားသမီး"
မာမီက ဝင်မေးလာခြင်းဖြစ်သည်။
"ဟမ်း မာမီတို့က ဘယ်လိုသိတာလဲ"
"ဘယ်လိုသိရမှာလဲ မမရဲ့ ကိုကြီးမင်းဆက် မမကို လိုက်နေတယ်ဆိုတာ မေမေတို့ကို ပြောပြထားတာလေ"
"ဟား အေတွေ့မယ် နင့်အလှည့်"
"ကဲမောင်နှမ နှစ်ယောက် တော်ကြတော့"
"ဟုတ်မေမေ"
"ကဲ သမီးကို ဖေကြီးပြောမယ်နော်"
"ဟုတ်ဖေဖေ!
"သမီးအရွယ်က ရည်းစားထားလို့ရတဲ့အရွယ်မလို့ ဖေဖေကဘာမှတော့ပြောစရာမရှိဘူး ပြီးတော့ သားဆက်က လည်း လူရင်းဆိုတော့ဘာမှ ပြောစရာမရှိဘူး သမီးတို့ လူငယ်ချင်းမေတ္တာမျှနေတယ်ဆိုတော့ လူငယ်ချင်းအဆင်ပြေအောင်နေ ...ပြီးတော့ သားဆက်ကိုလည်းအရမ်းမဆိုးရဘူး...."
"ဟား ဖေဖေကလည်း"
"ဖေဖေကလည်း လုပ်မနေနဲ့ ကိုယ့်သမီးအကြောင်းကိုယ်သိလို့ပြောနေတာ ...သားဆက်က အမြဲပဲအလျော့ပေးနေတာ"
"ဟုတ်ပါပြီ"
"ပြီးတော့ သူများပြောစရာဖြစ်အောင် မနေထိုင်ရဘူးနော် ဖေဖေတို့က လူရင်းတွေမို့ တစ်ယောက်အကြောင်းတစ်ယောက်သိပေမယ့် ပတ်ဝန်းကျင်ဆိုတာ ရှိသေးတယ်လေ"
"ဟုတ်ဖေဖေ သမီးမှတ်ထားပါ့မယ်"
"ကဲအဲ့တာဆို ဘယ်သူက ဘာပြောအုံးမှာလဲ"
"ဟီး ပြောစရာမရှိတော့ဘူး"
"ကဲ ဟုတ်ပါပြီ အဲ့တာဆိုရင် ဖေကြီးပြောမယ်
ခုအားလုံးကကျောင်းတွေပိတ်နေကြတယ်ဆိုတော့ ဒီလာမယ့် ရှေ့နှစ်ပတ်ထဲမှာ တောင်ကြီး ပြန်လည်ကြမယ် ဟိုမှာ ဖေဖေနဲ့မေမေက သူတို့မြေး မြစ်တွေကိုလွမ်းနေပြီတဲ့"
YOU ARE READING
𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) Complete
Fanfiction"မေတ္တာရဲ့ ဆန့်ကျင်ဘက်မှာ ရောင်ပြန်ဟပ်ခြင်းရှိတယ် ချစ်ခြင်းရဲ့ ဆန့်ကျင်ဘက်မှာ အမုန်းတရားရှိတယ် ကိုယ်ကတော့ ရောင်ပြန်ဟပ်တဲ့ မေတ္တာနဲ့ တစ်သက်လုံးခင်ဗျားလေး ကိုလွှမ်းမိုးထားမှာ"