Unicode
မင်းဆက် ဒီ အပတ်ထဲ အလုပ်ရှုပ်နေတာဖြစ်သည်။အကြောင်းကတော့ သဲငယ်လေးကို Proposeလုပ်ဖို့အတွက်ပင်။သူ့သူငယ်ချင်းပုလဲ မသွားခင် သူ့သူငယ်ချင်းတွေကိုပါအနားမှာရှိစေချင်သည့်အတွက် ဒီ အပတ်ထဲမှာပဲ propose လုပ်ရန် သဲငယ်မသိအောင် သဲငယ်သူငယ်ချင်းတွေနဲ့ရော သူ့ သူငယ်ချင်းတွေနဲ့ပါ တိုင်ပင်ပြီး စီစဥ်ထားတာဖြစ်သည်။အကုန်လုံး သေချာတိုင်ပင်ပြီး အစီအစဥ် ချလိုက်တာ နောက်ဆုံးတော့ Beach ကိုသွားဖို့ ဆုံးဖြတ်လိုက်ကြသည်။
"သဲငယ် အဆင်သင့်ဖြစ်ရင်ကိုယ်တို့သွားကြမယ်လေ"
"ဟုတ်ကိုကို"
ကောင်းမြတ်နဲ့ ပုလဲရဲ့Honey moonခရီးစဥ်ဆိုပြီးတော့ သဲငယ်ကိုခေါ်ခဲ့ခြင်းဖြစ်သည်။
"ကိုကို"
"ပြောလေ သဲငယ်"
"သဲငယ်လေ သူများ ဟန်းနီးမွန်းကို နစ်ခါမှ ဒီလို ကန့်လန့်ကန့်လန့် မလိုက်ဖူးတော့ တမျိုးကြီးပဲ"
"အော် သဲငယ်ကလည်း အေးဆေးပေါ့ အချင်းချင်းပဲဟာ ...ပြီးတော့ ကောင်းမြတ်တို့မသွားခင်လေး အတူသွားရတဲ့ခရီးလို့သဘောထားလိုက်ပေါ့"
"ဟီး ဟုတ်ကိုကို"
ဒီလိုနဲ့ မင်းဆက်တို့ ကားလေးက တရွေ့ရွေ့နဲ့ ငွေဆောင်ကမ်းခြေ ဆီကို ဦးတည်ခဲ့လိုက်သည်။ဒီတစ်ခေါက် ခရီးစဥ်ကတော့ ကိုယ့်ကားနဲ့ကိုယ်သာခရီးဆက်ခဲ့ကြသည်။
ကောင်းမြတ်နဲ့ပုလဲက တစ်စီး ၊သူရနဲ့သော်တာက တစ်စီး ပြီးတော့ ပိုင်ဇေက ဝေယံရယ် ဉာဏ်မင်းစက်တို့အတွဲနဲ့တစ်စီး စီးကြသည်။ညနေလောက်ရောက်တော့ မင်းဆက်တို့ တည်းတဲ့ Hotelကိုရောက်ရှိလာသည်။Bookingကြိုယူထားတော့ Receptionမှာ အခန်းသော့ယူပြီး ကိုယ့်အခန်းကိုယ်ဝင်ခဲ့ကြသည်။အခုအနေအထားကတောင်ကြီးတုန်းကလိုတော့မဟုတ်ပါ။
မိုးစက်၊သော်တာနဲ့ချောကလျာတို့က တစ်ခန်းထဲတူတူနေပေမယ့် ပုလဲကတော့ သူ့ကိုကြီး ကောင်းမြတ်နဲ့တစ်ခန်းထဲဖြစ်သွားပြီလေ။
ဒီတော့ ကိုကြီးပိုင်ဇေနဲ့ ကိုကိုနဲ့က တစ်ခန်းနေပြီး၊ကိုကြီးသူရနဲ့ဝေယံနဲ့က တစ်ခန်းထဲ ဖြစ်သွားတာပေါ့။
YOU ARE READING
𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) Complete
Fanfiction"မေတ္တာရဲ့ ဆန့်ကျင်ဘက်မှာ ရောင်ပြန်ဟပ်ခြင်းရှိတယ် ချစ်ခြင်းရဲ့ ဆန့်ကျင်ဘက်မှာ အမုန်းတရားရှိတယ် ကိုယ်ကတော့ ရောင်ပြန်ဟပ်တဲ့ မေတ္တာနဲ့ တစ်သက်လုံးခင်ဗျားလေး ကိုလွှမ်းမိုးထားမှာ"