Unicode
မင်းဆက်လည်း ဟိုနှစ်ကောင် မြောက်ပေးနေတာရော ချာတိတ်က ပါ သူသီချင်းဆိုတာကို နားထောင်ချင်တဲ့ အမူအရာလုပ်ပြနေတာရောမို့ ဂီတာ သွားယူပြီး ချာတိတ်နား ပြန်လာထိုင်ပြီး ဂီတာကြိုးနည်းနည်းညှိလိုက်သည်။ကြိုးညှိလို့ ပြီးတော့ ဂီတာကို သေချာကိုင်ပြီး ထိုင်ခုံကိုနောက်နည်းနည်းဆုတ်ထိုင်လိုက်လိုက်ပြီး
"ချာတိတ် " ဆိုတဲ့ခေါင်းစဥ်လေးနဲ့ သီချင်းဆိုပြမယ်နော်"
"ဝိုး ကိုဆက် တို့က သီချင်းတွေနဲ့Flirtတော့မယ်"
"ချ ချ ကိုဆက်"
တစ်ယောက်တစ်ပေါက်နဲ့ ဝိုင်းအော်ကြပြီး ပုလဲနဲ့သော်တာကတော့ မိုးစက်ကို ကြည့်ပြီးစနေကြသည်။ခနနေတော့ ကိုကြီးက မိုးစက်ကိုကြည့်ပြီး သီချင်း ဆိုခြင်းကို စတင်လေသည်။
🎶🎶ချာတိတ်❣️
ညဘက်နှိပ်စက်အိပ်လို့မရအောင်အရိပ်ကလေး
အိပ်မက်ထဲအတင်းတိုးဝှေ့ကာချာတိတ်ကလေးရယ်
မင်းကိုယ့်အပေါ်နှိပ်စက်လွန်းတယ်ကွယ်
ချာတိတ်❣️
မင်းပြောစကားသကြားသီးလေးလိုချိူရဲ
နူးညံ့တဲ့နှလုံးသားထက်ဝယ်ချာတိတ်ကလေးရယ်
မင်းကိုယ့်အပေါ်စိုးမိုးလွန်းတယ်ကွယ်
ချာတိတ်❣️
ဒီဇိုင်းအဆန်းလေးဝတ်လို့ထားရင်အလှဆုံး
အားလုံးကဝိုင်းငေးကြမယ်ချာတိတ်လေးရယ်
မင်းလေးအပေါ်စိတ်မချဘူးလေကွယ်
ချာတိတ်ကလေး❣️
သံယောဇဉ်တွေပေးထားခဲ့ပြီးမင်းလေးကိုယ့်ကိုအမျိူးမျိူးပြုံးပြတယ်
နှလုံးသားမှာစူးနစ်ခဲ့ပြီကွယ်
ချာတိတ်❣️
ကြားထဲကနှောက်ယှက်မှုတွေဖယ်ရှား
သိပ်လှတဲ့နေ့သစ်များမှာချာတိတ်ကလေးရယ်
မင်းနဲ့အတူတို့နှစ်ယောက်လျှောက်လည်မယ်🎶🎶
ကိုကြီးက သီချင်း တစ်ပုဒ်လုံးကို မိုးစက်ကို ကြည့်ပြီး ပြုံးပြုံးကြီးထိုင်ဆိုနေသည်။ကိုကြီး အသံက လုံးဝဆွဲဆောင်မှု အပြည့်ပေ။ ကိုကြီး သီချင်းဆိုနေတုန်း မိုးစက် သူငယ်ချင်းတွေ က မိုးစက်စနေကြသည်။
YOU ARE READING
𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) Complete
Fanfiction"မေတ္တာရဲ့ ဆန့်ကျင်ဘက်မှာ ရောင်ပြန်ဟပ်ခြင်းရှိတယ် ချစ်ခြင်းရဲ့ ဆန့်ကျင်ဘက်မှာ အမုန်းတရားရှိတယ် ကိုယ်ကတော့ ရောင်ပြန်ဟပ်တဲ့ မေတ္တာနဲ့ တစ်သက်လုံးခင်ဗျားလေး ကိုလွှမ်းမိုးထားမှာ"