Unicode
"ချာတိတ် အားပြီလား💌"
မိုးစက်လည်း ကိုကြီးဆီက စာကိုတွေ့တာနဲ့စာချက်ချင်းပြန်လိုက်သည်။
"ဟုတ် ကိုကြီးအားပြီ💌"
"အဲ့တာဆို ကိုယ်ဖုန်းခေါ်ခဲ့မယ်💌"
ဟုဆိုက ခနကြာတော့ ကိုကြီး က ဖုန်းဝင်လာသည်။
"Hello ကိုကြီး ဘာပြောမလို့လဲ"
"ကိုယ်က ပြောစရာရှိမှ ခေါ်ရာမှာမလား"
"မဟုတ်ပါဘူး ကိုကြီးရဲ့"
"ကိုယ်က စတာပါကွာ"
"ဟုတ်"
"ဒါနဲ့ ချာတိတ် နက်ဖြန်အိမ်မှာပဲလား"
"နက်ဖြန် က မိုးစက်က ဂျူးနဲ့ဂျက်ကို ကစားကွင်း လိုက်ပို့ပေးရမှာ...ကိုကြီးက ဘာဖြစ်လို့မေးတာလဲ"
"ဘာမှ မဖြစ်ပါဘူး ဒါနဲ့ ကလေးတွေနဲ့ ချာတိတ်ပဲ သွားမှာလား"
"ဟုတ်တယ် ကိုကြီး"
"အဲ့တာဆို ကိုယ်လိုက်ပို့ပေးမယ်လေ ကိုယ်လည်းအားနေတာ ဘာမှလုပ်စရာမှ မရှိတာ"
"ဟား ကိုကြီးပါတော့ ပိုပျော်စရာကောင်းတာပေါ့ အဲ့တာဆို နက်ဖြန် ကိုကြီးအဆင်သင့်လုပ်ထားနော်"
"ဟုတ်ပါပြီ အဲ့တာဆို ညစောစောနားအုံး"
"ဟုတ်"
"Good nightနော်ချာတိတ်"
"ဟုတ် ကိုကြီးလည်းGood night"
"ဟုတ်ပြီ ကိုယ်ဖုန်းချပြီနော်" ဟုဆိုကာ မင်းဆက် လည်းဖုန်းချလိုက်တော့သည်။
အမှန်တော့ မင်းဆက် ချာတိတ်ကို ဖုန်းဆက်ရခြင်းအကြောင်းက နက်ဖြန် ချာတိတ် အားရင် ချာတိတ်ကို မုန့်လိုက်ကျွေးဖို့ခေါ်မလို့။ခုကတော့ ချာတိတ်က ကလေးတွေနဲ့လည်မှာဆိုတော့ ကွက်ထိဖြစ်သွားပြီလေ။
.......................................................................
The next day,မင်းဆက် လည်းရေမိုးချိုး ပြင်ဆင်ပြီး အောက်ထပ်သို့ဆင်းကာ မာမီ့ကိုနှုတ်ဆက်ပြီး ကားပေါ်တတ်ကာ ချာတိတ်တို့ ခြံဘက်ကို လာခံလိုက်သည်။
"ချာတိတ် အဆင်သင့်ဖြစ်ပြီလား"
"ဟုတ်ဖြစ်ပြီ ကိုကြီး"
YOU ARE READING
𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) Complete
Fanfiction"မေတ္တာရဲ့ ဆန့်ကျင်ဘက်မှာ ရောင်ပြန်ဟပ်ခြင်းရှိတယ် ချစ်ခြင်းရဲ့ ဆန့်ကျင်ဘက်မှာ အမုန်းတရားရှိတယ် ကိုယ်ကတော့ ရောင်ပြန်ဟပ်တဲ့ မေတ္တာနဲ့ တစ်သက်လုံးခင်ဗျားလေး ကိုလွှမ်းမိုးထားမှာ"