Part 6

1.1K 27 0
                                    

Unicode

မိုးစက် ညက အစောကြီးအိပ်ပျော်သွားတော့မနက် အစောကြီးနိုးလာခဲ့သည်။ဒီနေ့လည်း ပုံမှန် ရက်လိုပင်  ရေမိုးချိုး ပြင်ဆင်ကာ ကျောင်းသွားဖို့ရန် ပြင်ဆင်ကာ အိမ်အောက်ထပ်သို့ဆင်းခဲ့လိုက်သည်။

"မေမေ ရေ မိုးစက် ဘာကူပေးရအုံးမလဲ"

"အကုန်အဆင်သင့်ဖြစ်နေပြီ စားလိုက်ရုံပဲ"

"ဟီး ဟုတ် မေမေ ဒါနဲ့ ဂျူးနဲ့ဂျက်ကော ကျောင်းသွားလိုက်ကြပြီလား"

"ဟုတ်တယ် သွားလိုက်ပြီ"

"အော်"

မိုးစက်လည်း ဘာမှဆက်မမေးတော့ပဲ ထမင်းစား စားပွဲမှာထိုင်ပြီးနေရာယူလိုက်သည်။

ခနအကြာတော့ မိုးစက် မောင်လေးကပါ အတန်းသွားဖို့အဆင်သင့် အနေအထားနဲ့ ထမင်းစားခန်းထဲသို့ဝင်ကာ ထမင်းစား စားပွဲ၌နေရာယူလိုက်သည်။

"မမ ဒီမနက်ပိုင်း ဖေဖေက သူ့မိတ်ဆွေ တွေနဲ့တွေ့စရာရှိတယ်ဆိုပြီး အစောကြီး သွားလိုက်ပြီနော် အဲ့တာ ငါတို့ကျောင်းကို Busကားနဲ့သွားရမှာနော်"

"ဟ ဘာလို့ခုမှပြောတာလည်း ဉာဏ် ရယ်"

"မမ မနေ့က အစောကြီးအိပ်သွားတာလေ ဘယ်လိုပြောရမှာလဲလို့......ပြီးတော့ ကျွန်တော့်ကို ဉာဏ် လို့မခေါ်ပါနဲ့ဆို မိန်းကလေးနာမည်နဲ့တူလို့ပါဆို"

"ဟ ငယ်ငယ်ကတည်းကနေ ခုထိဒီလိုပဲခေါ်တာကို နင်က ခုမှဘာတွေဖြစ်နေတာလဲ"

"မမရာ ငယ်ငယ်က ငယ်ငယ်လေ ခုက မတူတော့ဘူးလေ"

"တူတူ မတူတူ ဉာဏ် လို့ပဲခေါ်မှာ တစ်သက်လုံးလည်း ဒီလိုပဲခေါ်တဲ့ဥစ္စာကို"

"ဟား  မမဗျာ"

"ကဲ သားနဲ့သမီး အဲ့မှာစကားများနေတာနဲ့ကျောင်းနောက်ကျတော့မယ် စားစရာရှိတာစားပြီး ကျောင်းသွားဖို့လုပ်ကြအုံး"

"ဟုတ် မေမေ"

မိုးစက်တို့ လည်း မနက်စာ အမြန်စားပြီး ကျောင်းသွားတန်ပြင်ရပြန်သည်။

အရင်ကဆို မိုးစက်နဲ့ဉာဏ်ကကျောင်းသွား၊ဂျူးနဲ့ဂျက်လည်း ကျောင်းသွား ကိုစိုင်းနဲ့မမဝင့်လွှာကလည်း Companyသွား ဖေဖေကလည်း အလုပ်ကိစ္စနဲ့ အပြင်ခနခဏထွက်ရတော့ ပုံမှန်ဆို မေမေ တစ်ယောက်ထဲ ပဲ ကျန်နေခဲ့တတ်တယ်။ခုတော့ မေမေကတစ်ယောက်ထဲမဟုတ်တော့ပါ နေ့လယ် နေ့ခင်းဘက်ဆို အန်တီ မြနဲ့ မုန့်လုပ်စားလိုက် စကားပြောလိုက်နဲ့ ငယ်သူငယ်ချင်းနှစ်ယောက်ပြန်တွေ့တော့ အဖော်ရနေပြီဖြစ်သည်။

𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) CompleteWhere stories live. Discover now