Unicode
"Happy birthday နော်ချာတိတ်"
ကိုကြီးက ကိတ်မုန့်လေးကိုင်ပြီးထွက်လာသည်။မိုးစက်တော်တော်အံ့သြသွားရသည်။ကိုကြီး ဒီလိုစီစဥ်ထားမယ် လို့မထင်ထားပါ။
"ဟမ်း ကိုကြီး ဘယ်တုန်း က စီစဥ်ထားတာလဲ"
"မနေ့က ကတည်းက စီစဥ်ထားတာ"
"ဟီး ဟုတ်လား ကိုကြီး Thank u ပါနော်ကိုကြီး"
"ကဲ နောက်မှပြောခုတော့ အရင်ဖယောင်းတိုင်မီးမှုတ်လိုက်ပါအုံး"
"ဟီး ဟုတ် ကိုကြီး"
မိုးစက်လည်း မီးမှုတ်လိုက်ပြီး နေရာမှာပြန်ထိုင်ကာ ကိတ်ကိုဓာတ်ပုံရိုက်လိုက်သည်။"ကိုကြီး ကိတ်လေးက ချစ်စရာလေးနော်"
ကိတ်က ချောကလတ် ကိတ်ဖြစ်ပြီး အပေါ်မှာ စတော်ဘယ်ရီသီးတွေနဲ့အလှဆင်ထားပြီး "Happy birthday Nway Moe Set"ဆိုပြီးရေးထားသည်။
"အွန်း ကိုယ် ကိုယ်တိုင်လုပ်ထားတာလေ"
"ဟာတကယ်ကြီးပေါ့ ကိုကြီးက ဒါမျိုး လုပ်တတ်တယ်ပေါ့"
"ဒါပေါ့ ကိုယ်မလုပ်တတ်တာ ဘာမှ မရှိဘူးလေ"
"ဟီးဟီး ကိုကြီးက မထင်ရဘူး တော်သားပဲ"
"ဟုတ်ပါပြီ ခုတော့ ဒီမှာ စားစရာတွေရနေပြီ အရင်စားလိုက်ရအောင်နော်"
"ဟုတ်ကိုကြီး"
မိုးစက်တို့လည်း စကားပြောတာရပ်ပြီး မနက်စာစားလိုက်ကြသည်။မိုးစက် အစားစားနေပေမယ့် အတွေးထဲမှာတော့ တော်တော်ကိုကြည်နူးနေရသည်။အရင်တုန်းက မွေးနေ့တွေနဲ့မတူဘဲ ကိုကြီးက ရှိနေပြီး မိုးစက်အတွက် ကိုယ်တိုင် cakeလုပ်ပေးသည်။ကိုယ်သဘောကျရတဲ့သူက ကိုယ်တိုင်လုပ်ပေးတော့ မိုးစက် ပို လို့တောင် ကြည်နူးတာပေါ့လို့။
"ချာတိတ် စားပြီးပြီမလား ခြံထဲလျှောက်ကြည့်မယ်လေ"
"ဟုတ်ကိုကြီး"
ထိုသို့နှင့် မိုးစက်နဲ့ကိုကြီး ခြံဝန်းထဲလျှောက်ကြည့်ပြီးဓာတ်ပုံရိုက်ပြီး အတန်ကြာတော့
"ကိုကြီး မိုးစက်ညောင်းလာပြီ ဟိုဒန်းပေါ်မှာ ထိုင်ပြီးဓာတ်ပုံသွားရိုက်မယ်လေ "
YOU ARE READING
𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) Complete
Fanfiction"မေတ္တာရဲ့ ဆန့်ကျင်ဘက်မှာ ရောင်ပြန်ဟပ်ခြင်းရှိတယ် ချစ်ခြင်းရဲ့ ဆန့်ကျင်ဘက်မှာ အမုန်းတရားရှိတယ် ကိုယ်ကတော့ ရောင်ပြန်ဟပ်တဲ့ မေတ္တာနဲ့ တစ်သက်လုံးခင်ဗျားလေး ကိုလွှမ်းမိုးထားမှာ"