Unicode
မိုးစက် မနက်နိုး လာတော့ စိတ်တွေကြည်လင်နေသည်။ ကိုယ်ချစ်ရတဲ့ ကိုကြီးနဲ့ ချစ်သူ ဖြစ်နေတယ်ဆိုတဲ့ အသိလေးနဲ့တော်တော်ကိုပျော်စရာ ကောင်းနေသည်။
"တင်း တင် တင် တင်း"
မိုးစက် အတွေးတွေနဲ့ပျော်နေတုန်း ကိုကြီးဆီက ဖုန်းဝင်လာသည်။
"Hello ကိုကြီး"
"ကိုယ့်သဲငယ်လေးရေ မောနင်းနော်"
ကိုကြီး ဘက်က သဲငယ် လို့ခေါ်လာတော့ မိုးစက် ရင်ခုန်သွားရသည်။အဲ့ကိုကြီးကလေ ဘယ်ချိန်ကတည်းက ခေါ်ချင်နေလဲ မသိပါ။မနေ့ကမှ ချစ်သူဖြစ်တာကို ဒီမနက် ကျတော့ချက်ချင်းအခေါ်အဝေါ်က ပြောင်းသွားသည်။
"ဟုတ်ကိုကြီး မောနင်း"
"သဲငယ် "
"ကိုကြီး ဘာလို့ အဲ့လိုခေါ်တာလဲဟင်"
"ချစ်လို့လေ"
"ဒါပေမယ့် မိုးစက် ကြားရတာ နေသားမကျသေးဘူး"
"နေသားကျသွားအောင် နေ့တိုင်း ခေါ်ပေးမယ်"
"ဟား ကိုကြီးက လည်း"
"ကိုကြီးကလည်းလုပ်မနေနဲ့ ....သဲငယ် ဒီနေ့အားလား"
"အားတယ် ကိုကြီးရဲ့ ဘာဖြစ်လို့လဲ"
"မနေ့က သဲငယ်နဲ့ဘုရားမသွားလိုက်ရလို့ ဒီနေ့ အတူသွားကြမယ်လေ"
"ဟီး တကယ်လား ကိုကြီး!
"တကယ်ပေါ့"
"ဟုတ်အဲ့တာဆို မိုးစက် ခုပဲရေချိုးပြီး သွားပြင်ဆင်လိုက်အုံးမယ်နော်"
"ဟားဟား ဟုတ်ပါပြီ ကိုယ် ပြီးတာနဲ့ သဲငယ်အိမ်ဘက်လာခဲ့မယ်နော်"
"ဟုတ် ကိုကြီး"
မိုးစက် လည်း ဖုန်းအမြန်ချပြီး ရေချိုးကာ ပန်းဆီရောင် မြန်မာဝမ်းဆက်လေးကို ဝတ်ကာအောက်ထပ်သို့ဆင်းခဲ့လိုက်သည်။
"မေမေရော မိုးစက် ဒီနေ့ ကိုကြီးကို ဘုရားလိုက်ကူမလို့"
"မနက်စာ မစားတော့ဘူးလား သမီး"
"မစားတော့ ဘူး ကိုကြီးနဲ့ပဲ အပြင်မှာစားတော့မယ်"
"ဟုတ်ပြီ ဟုတ်ပြီ"
YOU ARE READING
𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) Complete
Fanfiction"မေတ္တာရဲ့ ဆန့်ကျင်ဘက်မှာ ရောင်ပြန်ဟပ်ခြင်းရှိတယ် ချစ်ခြင်းရဲ့ ဆန့်ကျင်ဘက်မှာ အမုန်းတရားရှိတယ် ကိုယ်ကတော့ ရောင်ပြန်ဟပ်တဲ့ မေတ္တာနဲ့ တစ်သက်လုံးခင်ဗျားလေး ကိုလွှမ်းမိုးထားမှာ"