Unicode
မင်းဆက် ဒီမနက် အစောကြီးထပြီး ရေချိုးကာ အင်္ကျီလက်ရှည်နဲ့ ပုဆိုးဝတ်ကာ ဘုရားခန်းထဲသွားလိုက်သည်။
အမှန်တော့ ဒီနေ့ မင်းဆက်မွေးနေ့မလို့ ချာတိတ်နဲ့ ဘုရားသွားချင်ပေမယ့် ချာတိတ်က စိတ်ကောက်မပြေချင်သေးတာနဲ့ မင်းဆက်လည်း အတင်းမခေါ်တာ။မဟုတ်ရင် ချာတိတ်က စိတ်ကောက်ကြီးနဲ့အားနာပြီးလိုက်ရင် သူကပဲ စိတ်မကောင်းပြန်ဖြစ်ရမှာ။
မင်းဆက်လည်း ဘုရားခန်းထဲဝင်ပြီး ဘုရားရှိခိုးကာ အောက်ထပ် သို့ဆင်းခဲ့လိုက်သည်။
"မာမီ ဒီညနေအတွက် လုပ်နေတာလား"
"အွန်း ဟိုနေ့က မိုးစက် မွေးနေ့မှာ အကင်ဆိုတော့ family hot potလေးလုပ်မယ်လေ"
"အဲ့တာဆို မာမီ့ကို ကူပေးမယ်လေ "
"ဟုတ်ပြီ သားသဘော"
မင်းဆက်လည်း အသီးအနှံခြွေစရာရှိတာခြွေ ၊အသားတွေနှပ်ကူလိုက် ပုစွန်တွေသန့်စင်ပေးလိုက်၊အချိုပွဲတွေ ကူပေးလိုက်နဲ့ ညနေ တောင်စောင်းသွားသည်။
"ကဲ သားပြီးတာတွေလည်းပြီးနေပြီ ကျန်တာတွေကို လုံးလုံးတို့ကိုခင်းခိုင်းလိုက်မယ်....သားကရေချိုးမယ်ဆိုသွားချိုး"
"ဟုတ်မာမီ"
မင်းဆက်လည်းမာမီ့ကိုပြောပြီး အပေါ်တတ်ခဲ့လိုက်သည်။တစ်မနက်လုံးမအားတာနဲ့ ချာတိတ်ကို ခုမှ ဖုန်းခေါ်ဖြစ်တော့ ချာတိတ်က မကိုင်ပေ။မနေ့က ချာတိတ် စိတ်ကောက်နေလို့ ဒီညမွေးနေ့အကြောင်းကို မပြောရသေးလို့ ခုပြောမယ်လုပ်တော့ ဖုန်းမကိုင်ဘူး။ချာတိတ်တို့ခြံထဲ လှမ်းကြည့်လိုက်တော့ သူက ကလေးတွေနဲ့ ကစားနေတာ။ဖုန်းနဲ့လူနဲ့ကဝေးနေသည်ထင်။
မင်းဆက်လည်း ဖုန်းပြန်ချပြီး ရေအမြန်ချိုးလိူက်သည်။အန်ကယ်တို့ကိုပြောထားတာဆိုတော့ မိုးစက်လည်း သိမှာပါ နောက်မှ အိမ်ထိသွားခေါ်လိုက်မယ်လို့တွေးလိူက်သည်။
မင်းဆက် ရေမိုးချိုး ပြင်ဆင်ပြီးတော့ အောက်ဆင်းလာတာ မင်းဆက်သူငယ်ချင်းတွေရော ချာတိတ်တို့ မိသားစုရော၊ချာတိတ် သူငယ်ချင်းတွေပါ ရောက်နေပြီ ။ဒါမဲ့ ချာတိတ်ကိုတော့ မတွေ့ပါ။
YOU ARE READING
𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) Complete
Fanfiction"မေတ္တာရဲ့ ဆန့်ကျင်ဘက်မှာ ရောင်ပြန်ဟပ်ခြင်းရှိတယ် ချစ်ခြင်းရဲ့ ဆန့်ကျင်ဘက်မှာ အမုန်းတရားရှိတယ် ကိုယ်ကတော့ ရောင်ပြန်ဟပ်တဲ့ မေတ္တာနဲ့ တစ်သက်လုံးခင်ဗျားလေး ကိုလွှမ်းမိုးထားမှာ"