Unicode
"ဟေ့ရာင် ဉာဏ်မင်းစက်"
"အွန်း ပြော"
"ဒီည ငါ့မွေးနေ့ Partyလုပ်မလို့မင်းလာခဲ့ရမှာနော်"
"အေ့ပါ ဝေယံရာ ...လာခဲ့လိုက်မယ် "
ဉာဏ်မင်းစက်က ခု အနုပညာ မေဂျာယူထားပြီး မေဂျာ kingလည်းဖြစ်သည်။ မိန်းကလေးတော်တော်များများကလည်း သူ့ကိုသဘောကျ လို့ လက်ဆောင်ပေးခံရတာ တွေ ဖုန်းနံပါတ်တောင်းခံရတာတွေ ခနခဏရှိတတ်တယ်။
ဉာဏ်မင်းစက်တို့ မောင်နှမ သုံးယောက်လုံးက တစ်ယောက်တမျိုးဆီချောကြတယ်။ကိုစိုင်းဆို လူကြီးဆန်ဆန်ခန့်ပြီး မမ ကျတော့ ချစ်စရာကောင်းတယ်။ဉာဏ်မင်းဆက်ကတော့ မျက်ခုံးတန်းနက်နက်၊နှာတံ သွယ်ပြီး အသားဖြူဖြူနဲ့ လူကြီးပုံဖမ်းတဲ့ ကလေးပုံစံလေးနဲ့တူသည်။
ဉာဏ်မင်းဆက် က ကျောင်းမှာ အသိများပေမယ့် သူငယ်ချင်းဆိုလို့ ခုပေါင်းနေတဲ့ ဝေယံ ပဲရှိသည်။ဝေယံနဲ့က လည်း ဒီကျောင်းရောက်မှ ခင်ဖြစ်သည်။ခုလည်း ဒီကောင့်မွေးနေ့ဆိုတော့သွားရပေအုံးမည်။
"ကဲ ဝေယံ အဲ့တာဆို ငါပြန်ပြီနော် ညကျမှ မင်းဆီလာခဲ့လိုက်မယ် partyက ဘယ်မှာလုပ်မှာလဲ locationပို့ထားလိုက်နော်"
"အေ ငါပို့ထားလိုက်မယ် မင်း မနောက်ကျနဲ့နော်"
"ဟုတ်ပြီ အဲ့တာဆို ငါပြန်နှင့်ပြီ ညကျမှ တွေ့မယ်"
"okay"
ဉာဏ်မင်းစက် လည်း နှုတ်ဆက်ပြီး အိမ်ပြန်ခဲ့လိုက်သည်။ အိမ်ရောက်တော့ ဖေဖေနဲ့မေမေနဲ့ကိုဒီညဟိုကောင်ဝေယံရဲ့မွေးနေ့ party သွားမယ့်အကြောင်းခွင့်တောင်းပြီး အခန်းထဲဝင်ကာ ရေမိုးချိုးပြီးပြင်ဆင်လိုက်သည်။
"မေမေရေ မိုးစက် ပြန်ရောက်ပြီနော် ဘာကူပေးရအုံးမလဲ?"
"ဘာမှ ကူစရာမရှိဘူး ညဥ်းသာ နားစရာရှိတာနား ရေမိုးချိုးပြီး ညစာစားဖို့လုပ်အုံး ညကျရင် သားဆက်ဆီ သွားရအုံးမှာကို"
"ဟုတ်ပါပြီ မေမေရယ် အဲ့တာဆို အပေါ်တတ်တော့မယ်"
မိုးစက်လည်း မေမေ့ကိုပြောပြီး အပေါ်ထပ်တတ်ခဲ့လိုက်ပြီး ကုတင်ပေါ်ခြေကားယားဖြင့်ပက်လက်လန်ကာ လှဲချပြီးဖုန်းသုံးနေလိုက်သည်။
YOU ARE READING
𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) Complete
Fanfiction"မေတ္တာရဲ့ ဆန့်ကျင်ဘက်မှာ ရောင်ပြန်ဟပ်ခြင်းရှိတယ် ချစ်ခြင်းရဲ့ ဆန့်ကျင်ဘက်မှာ အမုန်းတရားရှိတယ် ကိုယ်ကတော့ ရောင်ပြန်ဟပ်တဲ့ မေတ္တာနဲ့ တစ်သက်လုံးခင်ဗျားလေး ကိုလွှမ်းမိုးထားမှာ"