Unicode
"မေမေ ဟိုဘက် ခြံ လူသစ်တွေပြောင်းလာတာလား"
မိုးစက် ဘေးခြံ၌ ပစ္စည်းများ သယ်နေကြသော လူတစ်စုကိုကြည့်ရင်း မေမေ့အားမေးလိုက်သည်။အိမ်ကြီးမှာ မိုစက်တို့အိမ်ထက် ထည်ဝါပြီး အိမ်ဆောက်ပြီးသည်မှာမကြာသေး သုံးထပ်တိုက်ကို မှ ထည်ဝါခန့်ညားပြီး ခြံဝင်းကျယ်ကြီးထဲ ပန်းပင်များစိုက်ထားသည်မှာ ဥယျာဉ်သဖွယ်ပင်။
"ဟုတ်တယ် သမီး ...ဟိုဘက်ရပ်ကွက်ကပြောင်းလာတာတဲ့"
" အော် "
မိုးစက် အော် တစ်လုံးသာ ပြန်ပြောပြီး ကျောင်းသွားရန်နောက်ကျနေပြီမို့ ထမင်းစားခန်းထဲဝင်ကာ မနက်စာကိုသာ အမြန်ငုံ့စားနေတော့သည်။ညနေရောက်ရင်တော့ သွားစပ်စုမယ်လို့ တေးထားလိုက်သည်။"သမီး ထမင်းကို ဘယ်လိုစားနေတာလဲ? ကလေးလည်း မဟုတ်တော့ဘူး စားနေတာ ပလုတ်ပလောင်းနဲ့နော်"
ဒေါ်သက်သား ထမင်းပလုတ်ပလောင်းဖြင့်အလောတကြီးစားနေသောသမီးဖြစ်သူအား မျက်စောင်းလေးရွယ်က ပြောလိုက်သည်။
"မေမေ ကလည်း သမီးကျောင်းနောက်ကျ နေလို့ပါ"
"မေမေ့ သမီးက နောက်ကျမှာပေါ့ စောစောမှမထတာ ကျွန်တော့် သားနဲ့သမီးတောင် ကျောင်းသွားဖို့အဆင်သင့်ဖြစ်နေပြီ"
ဒါကတော့ မနက်တိုင်းဖြစ်နေကြ မိုးစက်တို့ရဲ့ ကျီစယ်မှုလေးပေါ့..မနက်အိပ်ယာထနောက်ကျလို့ မေမေ ဆူပြီဆို ကိုစိုင်းက မီးလောင်ရာ လေပင့်လိုက်ရမှ။
"စောစောမထတာမဟုတ်ပါဘူးနော် စောစောထလို့မရတာ မနေ့ညက စာတွေအများကြီးလုပ်ထားလို့ပါနော် ကိုစိုင်းရဲ့သားနဲ့သမီးက ညဘက်စောစောအိပ်ရတော့ စောစောထ လို့ရတာပါနော်"
"ကဲပြော လိုက်ရင် ဆင်ခြင်တွေနဲ့နော် အကိုကို ပြန်ခံပြောနေတာကြည့်"
"ဟား မေမေကလည်း ခံပြောနေတာ မဟုတ်ပါဘူးနော် ပြောပြနေတာ"
"ကဲ..ဟုတ်ပါပြီ ခုစားပြီးပြီမလား ကျောင်းပို့ဖို့ အပြင်မှာ သတင်းစာ ဖတ်ရင်း မင်းဖေဖေ စောင့်နေတယ် "
"ဟုတ်မာမီ သွားတော့မယ်နော် ...ကိုစိုင်း မိုးစက်ကျောင်းသွားပြီနော်..ဂျူး နဲ့ ဂျက် ကျောင်းမှာ စာသေချာလိုက်လုပ်နော် ညနေကျရင် တီတီ မုန့်လိုက်ကျွေးမယ်နော်"
YOU ARE READING
𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) Complete
Hayran Kurgu"မေတ္တာရဲ့ ဆန့်ကျင်ဘက်မှာ ရောင်ပြန်ဟပ်ခြင်းရှိတယ် ချစ်ခြင်းရဲ့ ဆန့်ကျင်ဘက်မှာ အမုန်းတရားရှိတယ် ကိုယ်ကတော့ ရောင်ပြန်ဟပ်တဲ့ မေတ္တာနဲ့ တစ်သက်လုံးခင်ဗျားလေး ကိုလွှမ်းမိုးထားမှာ"