Unicode
The next day,
"Hello ချော ကျွန်တော် ရောက်နေပြီနော်"
"Okay ချော အခု ထွက်လာခဲ့မယ်"
ခနအကြာတော့ ချောက ခြံထဲက ထွက်လာပြီး ဉာဏ်မင်းစက်ရဲ့ ကားထဲဝင် ထိုင်လာသည်။
"ချော ဘယ်libraryသွားမှာလဲ"
"ကျောင်းနားက Library ကိုပဲ"
"okay"
ချောတို့လည်း library ကိုသွားလိုက်ပြီး စာအုပ်ထိုင်ဖတ်နေလိုက်သည်။ဉာဏ်ကတော့ စာဖတ်ဖို့ မပြောနဲ့ ချော ကိုသာတစ်ချိန်လုံးထိုင်ကြည့်နေသည်။
"ဉာဏ်မင်း ဘာလို့ ချောကို တစ်ချိန်လုံးကြည့်နေတာလဲ"
"ချစ်လို့"
"ဟမ်း"
"ချော ရာ ကျွန်တော် အချိန်ဆွဲနေတာ ကြာပြီ ထပ်မစောင့်နိုင်တော့ဘူး"
"အွန်း အဲ့တော့"
"အဲ့တော့ ချော ကို ကျွန်တော် ချစ်တယ်ဗျာ....ချော ကျွန်တော့်ကို ပြန်ချစ်ပေးနိုင်မလား"
ချော က သူဖွင့်ပြောမှာသိပေမယ့် ဒီလိုအချိန်မှာ ချက်ချင်းကြီးဖွင့်ပြောမယ်လို့မထင်ဘူးလေ။ခုခေတ်လူငယ်တွေ က တကယ်ခြေသွက်လက်သွက်ပင်။
"ချော လို့ ဘာတွေအတွေးလွန်နေတာလဲ ကျွန်တော် မေးတာဖြေအုံး"
"အွန်း ချော စဥ်းစားပေးမယ်"
"ရပါတယ် စဥ်းစားချိန်ပေးပါမယ်"
"အရမ်း မကြာစေနဲ့ချော"
"ဘာလဲ ကြာတော့ မင်းကမစောင့်နိုင်လို့လား"
"စောင့်တာကစောင့်နိုင်တယ် ဒီလောက်ထိလှတဲ့သူလေးကို တစ်ယောက်ထဲလွှတ်ထားရတာ စိတ်မချလို့ပေါ့ဗျာ"
"အမလေး ခုမှ အပိုတွေ"
"မပိုပါဘူးဗျာ လိုတောင် လိုနေပါသေးတယ်"
"ဟုတ်ပြီ ဟုတ်ပြီ စကားပြောတာ ရပ်တော့ သူများစာဖတ်နေတာ အနှောင့်အယှက်ဖြစ်မယ်"
ချောလည်း သူ့ကို တိုးတိုးလေးကပ်ပြောပြီး ကိုယ့်စာအုပ်သာ ကိုယ်ပြန်ဖတ်နေလိုက်သည်။သူကတော့ ချောကိုသာတစ်ချိန်လုံးထိုင်ကြည့်နေသည်။
YOU ARE READING
𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) Complete
Fanfiction"မေတ္တာရဲ့ ဆန့်ကျင်ဘက်မှာ ရောင်ပြန်ဟပ်ခြင်းရှိတယ် ချစ်ခြင်းရဲ့ ဆန့်ကျင်ဘက်မှာ အမုန်းတရားရှိတယ် ကိုယ်ကတော့ ရောင်ပြန်ဟပ်တဲ့ မေတ္တာနဲ့ တစ်သက်လုံးခင်ဗျားလေး ကိုလွှမ်းမိုးထားမှာ"