Unicode
မိုးစက်တို့ နားကြရေချိူးပြီးကြတာနဲ့ ဖွားဖွားက ညစာစားဖို့ခေါ်ကြတာနဲ့ အားလုံး ဆင်းခဲ့ကာညစာ စားလိုက်ကြသည်။
"ကဲ ငါ့မြေးတို့ ဒီနေ့ပျော်ခဲ့ကြရဲ့လား"
"ဟုတ်ပျော်ပါတယ်" ×10
"ပျော်ရင်ပြီးတာပါပဲ...ဒါနဲ့ နက်ဖြန် အစီအစဥ်က ဘယ်လိုလဲ ဘာလုပ်ဖို့ ရှိကြလဲ"
"နက်ဖြန် မိုးစက်တို့ အိမ်မှာပဲနေပြီး မုန့်လုပ်စားကြမှာ နက်ဖြန်တော့ အကုန်လုံးက အိမ်မှာအဲနားကြမှာ"
"ဟုတ်ပါပြီ အိမ်မှာဘဲ မုန့်လုပ်စားကြမယ်ဆိုလည်း သဘောပါရှင် မုန့်လုပ်စားဖို့ လိုအပ်တဲ့ပစ္စည်းတွေကိုပြောထားနော် မြင့်မြင့်ကို ဝယ်ခိုင်းထားလိူက်မယ်"
"ဟုတ်ကဲ့ ဖွားဖွား"
"ကဲ ညစာ စားကြ စားပြီးရင် နားကြတော့"
"ဟုတ်ဖွား"
ဒီလိုနဲ့ မိုးစက်တို့ ညစာစားပြီးသွားတော့ နက်ဖြန် ဘာမုန့်လုပ်စားကြမလဲလို့တိုင်ပင်ဖြစ်ကြသည်။
"ကဲ နက်ဖြန် ဘာလုပ်စားကြမလဲ"မိုးစက်က အရင်စမေးလိုက်သည်။
"ဘာပဲ ဖြစ်ဖြစ်ရတယ် အဓိက စားရရင်ပြီးရော"
သော်တာမ က ဦးအောင်ဖြေလိုက်တော့ အကုန်လုံးက ထရယ်ပြီး"အေငါတို့ရောပဲ ဘာပဲဖြစ်ဖြစ်ရတယ်"
"အေဟုတ်တယ်"
"သဲငယ်က ကော ဘာစားချင်လဲ"
"မိုးစက်က ကိုကြီး သုပ်ကျွေးတဲ့ အသုပ်စားချင်တာ...ဒါပေမယ့် အသုတ်ကျတော့ သူတို့လည်း စားချင်ကြမှာမဟုတ်ဘူးလေ"
"သူတို့ကိုတွေးမနေနဲ့ သဲငယ်စားချင်ရင် ကိုကိုက သုတ်ကျွေးမယ် ဟုတ်ပြီလား"
"ဟီး ဟုတ်ကိုကို"
"ဟ မင်းဆက် မင်းက ငါတို့စားချင်တာလည်း လုပ်ပါအုံးဟ"
"မင်းတို့ကို ဟိုတစ်ခါက လိုအကင်စုံကိုရှယ်နပ်ပေးမယ် "
"အေ ပြီးတာပဲ"
"ဒါမဲ့ မင်းတို့ တုတ်က ကိုယ့်ဟာကိုထိုးကြ ငါကအသားပဲနှပ်ပေးမှာ ကင်တာလည်းကိုယ့်ဟာကိုယ်ကင်စားကြ"
YOU ARE READING
𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) Complete
Fanfiction"မေတ္တာရဲ့ ဆန့်ကျင်ဘက်မှာ ရောင်ပြန်ဟပ်ခြင်းရှိတယ် ချစ်ခြင်းရဲ့ ဆန့်ကျင်ဘက်မှာ အမုန်းတရားရှိတယ် ကိုယ်ကတော့ ရောင်ပြန်ဟပ်တဲ့ မေတ္တာနဲ့ တစ်သက်လုံးခင်ဗျားလေး ကိုလွှမ်းမိုးထားမှာ"