Part 20

889 14 0
                                    

Unicode

"အကို နေနိုင်လိုက်တာနော်"

"အွန်း ....အဲ့လိုပဲပြောရမှာပေါ့"

"သော်တာ့ ကို ဘာမှပြောပြစရာ မရှိဘူးလား"

"ဘာသိချင်တာလဲ"

"အဆက်အသွယ်ဖြတ်ပြီး ဘယ်တွေပျောက်နေခဲ့တာလဲ"

"ဘယ်မှ မပျောက်ပါဘူး ရန်ကုန် မြို့ထဲမှာ ပဲရှိနေခဲ့တာ နောက်တော့ ကိုဆက်နဲ့တွေ့ပြီး ကိုဆက်နဲ့ အလုပ်လုပ်နေတာ လေးငါး နှစ်နီးပါးလောက်ရှိပြီ"

"ဘာလို့ သော်တာ့ကို နည်းနည်းလေးတောင် အဆက်အသွယ်မလုပ်ခဲ့တာလဲ"

"ကိုယ့်မှာ အကြောင်းပြချက် မရှိဘူးဆိုရင်ကော"

"အွန်း....အဲ့တာဆို ခုသော်တာနဲ့ အကို့ရဲ့ဆက်ဆံရေး က ဘယ်လိုပုံစံမျိုးလဲ"

"အသိမိတ်ဆွေ သဘော မျိုးပေါ့"

"အွန်း အသိမိတ်ဆွေ အွန်းပါ"

သော်တာ ဘာမှ ဆက်မပြောတော့ဘဲ လွန်ခဲ့တဲ့ ၇ နှစ်က  အတိတ်တွေဆီ ခနပြန်သွားလိုက်သည်။

Flash back>>>

သော်တာ ၁၀ တန်းနှစ် မို့ဘော်ဒါမှာ ပဲနေရသည်။သော်တာ အထက်တန်းတုန်းက မိန်းကလေး သူငယ်ချင်း ရတီ ပဲရှိသည်။ရတီမှာက အကိုတစ်ယောက်ရှိသည်။ရတီတို့နဲ့က ဟိုး အလယ်တန်းကတည်းက ပေါင်းလာပြီး အိမ်က လည်းတစ်လမ်းထဲမှာဆိုတော့ တော်တော်ကို အကြောင်းသိပင်။သော်တာ က အထက်တန်းအရွယ်တုန်းကတော့ ပဲခူးမှာပဲဖြစ်သည်။

"သော်တာ ဒီနေ့ ငါ့အကို မုန့်လာပို့်မယ်တဲ့"

"ဟုတ်လား"

"အေ ဟော ဟိုမှာ ပြောနေရင်း ငါ့အကိုရောက်လာပြီ လာသော်တာ အောက်ဆင်းရအောင်"

"အေအေ"

သော်တာ လည်းရတီနဲ့တူတူ အောက်ဆင်း လိုက်ခဲ့လိုက်သည်။

"ကိုကြီး မေမေက ဘာတွေမှာ လိုက်သေးလဲ"

"ဘာမှ တော့ထွေထွေထူးထူး မမှာလိုက်ဘူး ပုံမှန်အတိုင်းပဲ စာပုံမှန်ကျက်၊တစ်နှစ်ထဲနဲ့အောင် အောင်ဖြေတဲ့ ပြီးတော့ ရည်းစားလည်းမထားနဲ့တဲ့"

𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) CompleteWhere stories live. Discover now