Unicode
မိုးစက်တို့ မနက်နိုးလာတော့ ဖွားတို့ပြင်ပေးတဲ့ မနက်စာ ကို စားပြီးထွက်ခဲ့ကြသည်။ဒီမနက်ကိုတော့ မိုးစက်တို့ အင်းထဲကို သွားလာ်ဖို့စီစဥ်ထားသည်။အိမ်ကနေ ကားနဲ့ လှေ ဂိတ်လေးဆီကိုသွားလိုက်ကြသည်။ကိုစိုင်းနဲ့ မမလွှာတို့မိသားစုကတော့ ဖိုးနဲ့ဖွားတို့နဲ့နေခဲ့ကြသည်။လှေဂိတ် ရောက်တော့ လှေတစ်စီးထဲနဲ့က အကုန်မဆန့်တော့ လှေခွဲစီးဖို့လုပ်လိုက်ကြသည်။လူက ၁၀ယောက်ဆိုတော့ ၅ယောက်စီနဲ့ နှစ်စီး ခွဲစီးဖို့ ပြောလိုက်ကြသည်။
ကိုကြီးကောင်းမြတ်၊ပုလဲ၊ဉာဏ်မင်းစက်၊ချောကျလျာနဲ့ ကိုကြီးပိုင်ဇေက တစ်စီးစီးပြီး
ကိုကိုရယ် မိုးစက်ရယ် ကိုကြီးသူရရယ် ဝေယံရယ် သော်တာ ရယ်က လှေတစ်စီးစီးကြသည်။
ဒီလိုနဲ့လှေပေါ် ကို တတ်လိုက်ကြပြီး ခရီးစဥ်ကိုစတင်လိုက်သည်။
လှေဂိတ်ကနေ စစထွက်ချင်းဆိုတော့ ရေတွေက ညိုနေပြီး ကြည်လဲ့မနေပါ။၁၅မိနစ်လောက်အကြာလှေစီးလာတော့ ရေလေးက တဖြည်းဖြည်းနဲ့ ကြည်လာသည်။ခနနည်းနည်းကြာကြာလေးထပ်သွားလိုက်တော့ ကန်ရေပြင်အလယ်ဆီကိုရောက်လာလေပြီ။ကန်ရေပြင်အလယ်ကိုရောက်တော့ ရေကကြည်လင်နေပြီး အင်းသာတချို့က အင်းဝတ်စုံတွေကိုဝတ်ထားပြီး လှေပေါ်မှာ ရပ်ပြီး ငါးများဖမ်းနေကြတဲ့ပုံကလေ မိုးစက်တို့ ပုံတွေထဲမှာ မြင်ဖူးနေကြအတိုင်းပင်။
မင်းဆက် တောင်ကြီးကို အလုပ်ကိစ္စနဲ့ရောက်ဖူးပေမယ့် အလည်အပတ်တော့ မသွားဖြစ်ပါ။
တောင်တွေ ကာရံထားပြီး ပြာလွင့်နေတဲ့ မိုးကောင်ကင်ကြီးရဲ့ ကြည်လင်နေတဲ့ရေပြင်ကြီးရယ် တောက်ပနေတဲ့ နေမင်းကြီးရယ်တိုက်ခတ်နေတဲ့လေလေးတဖြူးဖြူးရယ် နောက်ပြီး အင်းသားတွေရဲ့ ငါးဖမ်းနေတဲ့ပုံစံလေးရယ်က တကယ်ကို ပန်းချီကားတစ်ချပ်လိုပင်။
မင်းဆက်လည်း ပါလာတဲ့ mini cameraလေးနဲ့ အမိအရ ဓာတ်ပုံလှမ်းရိုက်လိုက်သည်။
YOU ARE READING
𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) Complete
Fiksi Penggemar"မေတ္တာရဲ့ ဆန့်ကျင်ဘက်မှာ ရောင်ပြန်ဟပ်ခြင်းရှိတယ် ချစ်ခြင်းရဲ့ ဆန့်ကျင်ဘက်မှာ အမုန်းတရားရှိတယ် ကိုယ်ကတော့ ရောင်ပြန်ဟပ်တဲ့ မေတ္တာနဲ့ တစ်သက်လုံးခင်ဗျားလေး ကိုလွှမ်းမိုးထားမှာ"