Unicode
မိုစက်လည်း အိမ်ပြန်ရောက်တော့ ဘာမှ လည်းလုပ်စရာမရှိတာနဲ့ သော်တာနဲ့ပုလဲတို့ကို ဖုန်းဆက်လိုက်သည်။
"သော်တာနဲ့ ပုလဲ လာမယ့် ရှေ့အပတ်လေ ငါတို့တောင်ကြီးကို ပြန်လည်မလို့ ကိုကြီးရော လိုက်မှာတဲ့ အဲ့တာ နင်တို့ရော လိုက်ခဲ့လေ စိတ်ပြေ လက်ပျောက်ပေါ့ဟာ"
"အွန်း ငါကတော့အဆင်ပြေတယ် အဓိက သော်တာ့ကိုမေး"
"သော်တာ့ ကိုတော့ မမေးတော့ပါဘူး နင်ရော ငါရောပါနေတာ သူလိုက်ရမယ် မလိုက်လည်း အတင်းခေါ်သွားမှာ"
"အင်းပါ ငါ လိုက်မှာပါဟာ"
"ပြီးတာပဲ အဲ့တာဆို ငါဖုန်းချလိုက်တော့မယ်ျနာ်"
"အေအေ"
မိုးစက်လည်း သူတို့နဲ့စကားပြောပြီး တော့လည်း ဘာမှ လုပ်စရာရှိနေမနေပါ။အားနေတာနဲ့ တီမြ အိမ်ဘက်ကို ကူးခဲ့လိုက်သည်။
"တီမြ ရေ"
"ဟော သမီးလေးပါလား "
"ဟုတ် တီမြ ပျင်းလို့ "
"ဟားဟား ဟုတ်ပါပြီ"
"တီမြက ဘာလုပ်နေတာလဲ"
"သမီး ကိုကြီးအတွက် နေ့လည်စာ လုပ်ပေးနေတာ ဒီနေ့ ပြန်လာဖို့ မအားလို့တဲ့"
"ဟုတ်လား အဲ့တာဆို မိုးစက် သွားပို့ပေးလိုက်မယ်လေ...မိုးစက်လည်း လုပ်စရာမရှိလို့ပျင်းနေတာ"
"ဟုတ်ပါပြီ ကဲရော့ ဒါဆို သွားပို့လိုက်တော့ အပြင်မှာ ဦးသောင်းရှိတယ် သူလိုက်ပို့ပေးလိမ့်မယ်"
"ဟုတ်တီမြ"
မိုးစက်လည်းပြောပြီး ကိုကြီး ရဲ့ Companyသို့လာခဲ့လိုက်သည်။
companyရောက်တော့ မိုးစက်လည်း ကိုကြီးရှိရာ အပေါ်ထပ်သို့တတ်ခဲ့လိုက်ပြီး ကိုကြီးရုံးခန်းထဲ ဝင်ခါနီး ....ဝန်ထမ်းမလေး တစ်ယောက်က မိုးစက်ကိုပြောလာသည်။
"ဘယ်သူနဲ့တွေ့ချင်လို့ပါလဲရှင်"
"ကိုခွန်းမင်းဆက်မာန်နဲ့ တွေ့ချင်လို့ပါ"
"ဟုတ် Boss က အထဲမှာ ဧည့်သည်နဲ့တွေ့နေလို့ပါ အပြင်မှာ စောင့်ပေးပါနော်"
YOU ARE READING
𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) Complete
Fanfiction"မေတ္တာရဲ့ ဆန့်ကျင်ဘက်မှာ ရောင်ပြန်ဟပ်ခြင်းရှိတယ် ချစ်ခြင်းရဲ့ ဆန့်ကျင်ဘက်မှာ အမုန်းတရားရှိတယ် ကိုယ်ကတော့ ရောင်ပြန်ဟပ်တဲ့ မေတ္တာနဲ့ တစ်သက်လုံးခင်ဗျားလေး ကိုလွှမ်းမိုးထားမှာ"