Unicode 13
မိုးစက် ကျောင်းက ပြန်ရောက်တော့ မေမေ့ကို ကူပေးပြီး အပေါ်တတ်ကာ နားနေလိုက်သည်။ခုညနေဘက်ဆို ကိုကြီးဆီလည်းသွားနေစရာမလိုတော့ပါ။ကိုကြီးက မိုးစက်ကို တတ်သင့်သလောက်အကုန်သင်ထားပြီးပြီလေ။
မိုးစက်လည်း ဘာမှ လုပ်စရာမရှိတာနဲ့ ဖုန်းထိုင်ပွတ်နေလိုက်ပြီး ခနနေတော့ တစ်ခုခုကို သတိရသွားဟန်ဖြင့် အိမ်အောက်ထပ်သို့ဆင်းလာခဲ့သည်။
"မေမေ "
"အွန်း ပြောလေ သမီး"
"လာမယ့်အပတ်ထဲ ဘာနေ့ရှိလဲ သိလား"
"ဘာနေ့ရှိလို့လဲ"
"ဟား မေမေ က လည်း သေချာ စဉ်းစားကြည့်ပါအုံး"
"ဘာနေ့ရှိလို့လဲ ဘာနေ့မှ မရှိတော့ပါဘူး"
"ဟား မေမေ တကယ်မမှတ်မိတာလား"
"အေ့လေ"
"မေမေ မမှတ်မိလည်းနေပေါ့ ဖေဖေ ကတော့မှတ်မိမှာပေါ့.....ညကျမှ အကုန်လုံးကိုမေးတော့မယ်"
မိုးစက် သူ့မွေးနေ့ကို မေမေက မမှတ်မိတော့ စိတ်က နည်းနည်းကောက်ချင်လာသည်။သို့ပေမယ့် ညစာစားချိန်နီးပြီမို့ ညစာအရင်စားဖို့ပြင်လိုက်သည်။ခနကြာတော့ ဖေဖေရော ကိုစိုင်းတို့မိသားစုနဲ့ဉာဏ်ရော ထမင်းစားခန်းထဲသို့ရောက်လာပြီး ညစာစားကိုအေးဆေးသာစားလိုက်ကြသည်။
ညစာစားပြီးတော့ family timeရောက်လာသည်။တစ်ယောက် တစ်လှည့်ပြောပြီး နောက်ဆုံး မိုးစက် အလှည့်ရောက်လာသည်။
"ကဲ သမီး မိုးစက်ကော ပြောစရာရှိသေးလား"
"ဟုတ် ပြောစရာရှိတယ် ဖေဖေ"
"ဟား ဒီနေ့မှ ထူးထူးဆန်းဆန်းပါလား ကဲ သမီးကဘာပြောမှာလားပြော"
"ပြောမှာ ထက် မေးစရာရှိတာ အကုန်လုံးကို မေးစရာရှိတာ"
"ဟုတ်ပြီ မေးလေ"
"နောက်အပတ်ထဲ ဘာနေ့ ရှိလဲ မှတ်မိကြလား....ညနေက မေမေ့ကိုမေးတာ မေမေက မမှတ်မိဘူးတဲ့ အဲ့တာဘယ်သူမှတ်မိလဲပြော"
"ဘာနေ့ရှိလို့လဲ မမရ"
"အေ့လေ ညီမလေးရယ် ဘာနေ့ရှိတာလဲ ကိုစိုင်းတို့က မှတ်မှ မမှတ်မိတာ"
YOU ARE READING
𝙼𝚢 𝚕𝚊𝚜𝚝 𝚙𝚊𝚛𝚊𝚍𝚒𝚜𝚎 (ကိုယ့်ရဲ့နောက်ဆုံးသော ပရဒိသုဘုံ) Complete
Fanfic"မေတ္တာရဲ့ ဆန့်ကျင်ဘက်မှာ ရောင်ပြန်ဟပ်ခြင်းရှိတယ် ချစ်ခြင်းရဲ့ ဆန့်ကျင်ဘက်မှာ အမုန်းတရားရှိတယ် ကိုယ်ကတော့ ရောင်ပြန်ဟပ်တဲ့ မေတ္တာနဲ့ တစ်သက်လုံးခင်ဗျားလေး ကိုလွှမ်းမိုးထားမှာ"